> > တပ်မတော်သား အချို့ အသတ်ခံရမှု ကေအိုင်အေထံ အစိုးရ ဖြေရှင်းချက်တောင်း

တပ်မတော်သား အချို့ အသတ်ခံရမှု ကေအိုင်အေထံ အစိုးရ ဖြေရှင်းချက်တောင်း

Posted on Monday, September 16, 2013 | 2 Comments

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့ အနီးတွင် တပ်မတော်နှင့် ကေအိုင်အေတို့ သြဂုတ်လ ၂၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားစဉ် လူစုကွဲပြီး ဖမ်းဆီးခံရသည့် အမှတ် (၁၃၇) ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး ဇော်မျိုးထက်ကို ကေအိုင်အေက သတ်ဖြတ်မှုအပေါ် အစိုးရက ကေအိုင်အေထံ ဖြေရှင်းချက် တောင်းဆိုထားကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
ယင်းတိုက်ပွဲတွင် ဗိုလ်ကြီးနှင့် အခြားစစ်သည်နှစ်ဦး ကျဆုံးသည်မှာ မှန်ကန်ပြီး ယင်းကိစ္စတွင် တာဝန်ရှိသူကို ကေအိုင်အေက ဖော်ထုတ် အရေးယူပေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှတစ်ဆင့် တောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ တရားဝင် ပြန်ကြားချက် မရရှိသေးဘဲ မီဒီယာ တချို့တွင် ငြင်းချက်ထုတ် ရေးသားထားသည်ကို တွေ့ရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် သဘောတူ ထားသည့် ကေအိုင်အေ၏ သတ်မှတ်နေရာ ပြင်ပသို့ ကေအိုင်အေအဖွဲ့ တစ်ဖွဲ့ ဆက်ကြေး လာကောက်သည်ဆိုသည့် သတင်းအရ ဗိုလ်ကြီးဇော်မျိုးထက်အပါ အဖွဲ့ဝင် ၁၄ ဦးပါသည့် တပ်မတော် စစ်ကြောင်းက သွားရောက် စစ်ဆေးစဉ် ကေအိုင်အေက မိုင်းခွဲ၍ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးဇော်မျိုးထက် လက်မောင်းတွင် ဒဏ်ရာရရှိကာ လူစုကွဲပြီး အနီးနား ရွာတစ်ရွာသို့ ၃၀ ရက်နေ့တွင် ရောက်ရှိရာ ကေအိုင်အေအဖွဲ့က လာရောက် ဖမ်းဆီးကြောင်း၊ ဒဏ်ရာဖြင့် အသက်ရှင်လျက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ရွာအပြင် တောတွင်း၌ ခေါင်းဖြတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။
“တပ်က ပြန်လိုက်ရှာတဲ့အခါ ခေါင်းပြတ်နေတဲ့ ဗိုလ်ကြီးရဲ့ အလောင်းကိုတွေ့တော့ သေချာသင်္ဂြိုဟ်ပေးခဲ့တယ်။ သူတို့က ဒီတိုင်းမြေနဲ့ယက်ပြီး ဖုံးပစ်ခဲ့တာ” ဟု ၎င်းကဖွင့်ဟသည်။ ယင်းလုပ်ရပ်သည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် လုံးဝကိုက်ညီမှု မရှိဘဲ တိုက်ပွဲများ အရှိန်လျှော့ချရန် သဘောတူထားချိန်တွင် မိမိနယ်မြေ ပြင်ပကို လာရောက်ပြီး ယင်းသို့ တိုက်ခိုက်ခြင်းမှာ မသင့်လျော်သည့် လုပ်ရပ် ဖြစ်ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဗိုလ်ကြီးမျက်နှာက ရစရာမရှိဘူး။ ဓားနဲ့မွှန်းထားတယ်။ ပြီးတော့ ဗိုက်ထဲကို ခေါင်းထည့်ထားတယ်” ဟု ၎င်းကဆိုသည်။
တိုက်ပွဲဖြစ်သည့်နေရာမှာ ကေအိုင်အေနယ်မြေ မဟုတ်သည့် အပြင် ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်သည့် ဆက်ကြေး ကောက်ခံမှုမျိုး မပြုလုပ်ရန် သဘောတူညီချက်ကို ချိုးဖောက်ကြောင်း၊ ထို့အပြင် ယင်းသို့ လူမဆန်သည့် သတ်ဖြတ်မှုမှာ ငြိမ်းချမ်းရေးကို လွန်စွာထိခိုက် နစ်နာစေသည့် လုပ်ရပ်ဖြစ်သည့် အတွက် ကေအိုင်အေအဖွဲ့၏ ဖြေရှင်းချက်ကို စောင့်ကြည့် တုံ့ပြန် သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ ယင်းကိစ္စကို ကေအိုင်အိုသို့ ဆက်သွယ် မေးမြန်းရာ ကေအိုင်အေအနေနှင့် ယင်းသို့ သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်း ကေအိုင်အို/ကေအိုင်အေ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရက တရားဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြစ်ကြီးနား တွင် မေလ ၃၀ ရက်နေ့က နှစ်ဖက် သဘောတူညီထားချက်များ အရ နှစ်ဖက်တိုက်ပွဲများ ထိန်းသိမ်းလျှော့ချရန် သဘောတူထားကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ဆိုသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို/ကေအိုင်အေ ကိုယ်စားလှယ်အဖွဲ့တို့ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ အထိ မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် စီစဉ်ထားပြီး တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းကော်မတီက ပြောကြားထားသည်။

The Voice Journal

Comments:2

Anonymous said...

Have you ever thought about publishing an ebook or guest authoring on other websites?
I have a blog based upon on the same ideas you discuss and
would love to have you share some stories/information.
I know my viewers would enjoy your work. If you're even remotely interested, feel
free to send me an e mail.

Also visit my blog post; Prosolution Pills

Anonymous said...

, applications that assist associating to twitter, orkut, social bookmarking and
many more. Playable in multiple languages, feel the pride and passion of the game loved around the globe.
Android apps give perfect solution to finish quickly office work.


Here is my homepage :: Respawnables Hack

အွန်လိုင်းကျေးရွာ. Powered by Blogger.