ကိုဖြိုးဝေအောင် ပြန်လွတ်ပြီ
Posted on Friday, August 3, 2012
|
1 Comment

X2O သင်္ကြန်မဏ္ဍပ်ဗုံးဖေါက်ခွဲမှုနဲ့ သေဒဏ်ချမှတ်ထားခြင်းခံထားရသူ ကိုဖြိုးဝေအောင်အား ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် အာဏာပိုင်များက ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
၂၀၁၀ ဧပြီလ ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး မေလ ၂၀၁၂ တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော ကိုဖြိုးဝေအောင်သည် ကင်ဆာ ရောဂါလည်း ခံစားနေရပြီး အောက်ပိုင်းသေနေ၍ အင်းစိန် ဆေးရုံ တွင် ဆေးကုသ ခံနေရသူဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာက ဇူလိုင် ၃၀ ရက်နေ့ တွင် ၎င်းအား အင်းစိန်ဆေးရုံတွင် သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကားပြောကြားကာ လွတ်မြောက်ရေးလည်း ကြိုးစားပေးနေပါသည်ဟု မစ္စတာ ကင်တာနာက ပြောခဲ့သေးသည်။
http://blog.irrawaddy.org/2012/08/blog-post_1225.html

Comments:1
စိတ်မကောင်းစရာပဲ
Post a Comment