Home > အမျိုးသမီးတို့လှဖို့အရေး

အမျိုးသမီးတို့လှဖို့အရေး

နှုတ်ခမ်းစူမလေးများ စိတ်မညစ်နဲ့

Monday, August 6, 2012 Category : 1


ဆွဲမက် စရာ ကောင်းတဲ့ နှုတ်ခမ်း အလှပိုင်ရှင် လေးဖြစ်စေဖို့ အချက် အနည်းငယ် လောက်ပြောပြ ချင်ပါတယ်။ တစ်ချို့သော မိန်းက လေးတွေရဲ့နှု တ်ခမ်းလေးတွေက ရှေ့ကိုခပ်စုစုလေး အနည်းငယ် ထွက်နေတာမျိုးရှိတတ်ပါတယ်။ အဲဒီနှုတ်ခမ်းလေးတွေက နှုတ်ခမ်း ကို သေသေချာချာပုံစံတကျ ခြယ် သစရာ တတ်မယ်ဆိုရင် ဆွဲမက် ကောင်းတဲ့ချစ်စရာနှုတ်ခမ်းလေး တစ်စုံဖြစ်လာပါလိမ့်မယ်။
ဥပမာ ကင်ကာဒါရှန်လိုပေါ့။ နှုတ်ခမ်းလေး အလှပြင်ဖို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေက နှုတ်ခမ်းအစိုဘက် ထိန်းတဲ့ အဆီ၊ နှုတ်ခမ်းပုံဖော်တဲ့ခဲ တံနဲ့နှုတ်ခမ်းအရောင်တင်ဆီ၊ နှုတ်ခမ်းအောက်ခံသုတ်ဆေးတွေပါ ဘဲ။ ပထမဆုံးလုပ်ရမှာက မျက်နှာ တစ်ပြင်လုံးကို ပြောင်စင်အောင် သန့်စင်ဆေးကြောပစ်ရပါမယ်။ ပြီးရင် မိတ်ကပ်ဖောင်ဒေးရှင်းလိမ်း ပြီး နှုတ်ခမ်းကိုဆီလိမ်းပေးရပါမယ်။
လူအများစုက နှုတ်ခမ်းအလှပြင်တာကို မိတ်ကပ်လူးပြီးနောက်ဆုံး အချိန်ကျမှပြုပြင်လေ့ရှိကြပါတယ်။ တကယ်တော့ မိတ်ကပ်စလူးပြီဆို ကတည်းက နှုတ်ခမ်းကို နှုတ်ခမ်း လိမ်းဆီပေးလိမ်းထားပေးရပါမယ်။ ဒါမှသာ သင်နှုတ်ခမ်းဆိုးဆေးဆိုး တဲ့အခါ နှုတ်ခမ်းသားက နူးညံ့စို စွတ်ပြီး ကောင်းမွန်စွာဆိုးနိုင်ပါလိမ့် မယ်။
တစ်ခါတစ်ရံမှာ နှုတ်ခမ်း လိမ်းဆီမဟုတ်ဘဲ နေရောင်ခံ Suncreen တွေလိမ်းပြီးလည်း နှုတ်ခမ်းရဲ့ အစိုဘက်ကို ထိန်းသိမ်း နိုင်ပါတယ်။ မျက်နှာပြင်ပေါ်မှာ အောက်ခံ မိတ်ကပ်လိမ်းတဲ့အခါ နှုတ်ခမ်းမှာ ပေနေတဲ့ မိတ်ကပ်လေးတွေကို နှုတ်ခမ်းအောက်ခံသုတ်ဆေးလိမ်း ထားတဲ့အတွက် နှုတ်ခမ်းကိုတိုက် ရိုက်မထိပေမယ့် အဲဒီမိတ်ကပ်တွေ ကို သန့်စင်အောင်ဖျက်သင့်ပါ တယ်။ အဲဒါပြီးရင်တော့ သင့်ရဲ့ နှုတ်ခမ်းသားကို ပုံဖော်ပေးပါ။ အချို့လူတွေက အဲဒီအဆင့်မှာ မလိုအပ်ဘဲ နှုတ်ခမ်းကို အလွန်ခြောက်သွေ့အောင်လုပ်တတ်ကြ ပါ။
ကိုယ့်ရဲ့နှုတ်ခမ်းကို Lip gloss ပဲသုံးမှာလား၊Lip pencil သုံးမှာလား၊ သေချာရွေးချယ်ဆုံး ဖြတ်တတ်ရပါမယ်။Lipstick ကိုသုံးတဲ့အခါ နှုတ်ခမ်းရဲ့ အပြင် လိုင်းရောက်အောင်မဆွဲဖို့ ဂရုပြုရပါ မယ်။ နှုတ်ခမ်းသားကွပ်ဖို့ အရောင်ရွေးတဲ့အခါ သိပ်ပြီးရင့် လွန်းတဲ့အရောင်တွေမရွေးချယ်ပါနဲ့ နှုတ်ခမ်းဘောင်လွတ်တဲ့အခါ ခပ် ထူထူလေးကွပ်ပေးပါ။
အလယ်က နှုတ်ခမ်းသားအရောင်ကိုတော့ သင့်ရဲ့လက်ဝတ်ရတနာနဲ့ လိုက် ဖက်မယ့်အရောင်မျိုး ဆိုးပေးတာက ပိုလို့ဆွဲဆောင်မှုရှိစေပါလိမ့်မယ်။ နောက်ဆုံးဆင့်ကLip Concealer ကို ဘရပ်သေးသေးနဲ့နှုတ် လမ်းသားပေါ်မှာ သန့်ရှင်းမှုပြုလုပ် ပေးပါ။ မြင်တွေ့သူတိုင်းက သင့် နှုတ်ခမ်းလေးကို လတ်ဆတ်ပြီး ပါးပါးလှီးကြွပ်ကြွပ်ကြော်ထားတဲ့ အာလူးကြော်လေးလို သဘောကျ နှစ်ခြိုက်ကြပါလိမ့်မယ်။
ကေကေ
8 Days

အရွယ် တင်နုပျို လိုသူတိုင်း ညဘက် လုပ်သင့်သည့် အသား အရေ ထိန်းသိမ်းနည်း

Friday, July 20, 2012 Category : 2


အသားအရေထိန်းသိမ်းနည်းတစ်နေ့လုံး အလုပ်မှာ ပင်ပင် ပန်း ပန်း လုပ်ခဲ့ရ၊ ကလေး တွေကို ထိန်းခဲ့ ရ၊ ကြမ်းတမ်း တဲ့ ပတ်ဝန်း ကျင် အခြေအနေ နဲ့ ထိတွေ့ခဲ့ရ.. ဒီလိုအချက်တွေကြောင့် ကျွန်မတို့ရဲ့ အသားအရေဟာ ထိခိုက် ညစ်နွမ်းနေနိုင်ပါတယ်။ ဒီလိုထိခိုက်ပျက် စီးတာ အချိန်ကြာလာရင် အသားအရေ အိုမင်းလာပြီး အရွယ်မတိုင်ခင် အိုမင်းမှု ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အ သားအရေကို ထိန်းသိမ်းဖို့ အရေးကြီးပါ တယ်။ ညဘက်မှာ အသားအရေ ထိန်းသိမ်း မှုလုပ်တာကြောင့် အရေပြားရဲ့ တင်းအားနဲ့ အရောင်ကို ကောင်းမွန်စေနိုင်ပြီး အရေ ပြားအပြစ်အနာအဆာတွေကို လျော့ကျစေ ကာ အရေပြားကို စိုပြည်တင်းရင်း လှပ စေပါတယ်။ ညဘက်မှာ အသားအရေကို ကောင်းကောင်းထိန်းသိမ်းမှုလုပ်တာကြောင့် အရေပြားကို လေဝင်လေထွက်ကောင်း စေပြီး အနာကျက်စေကာ အရေပြားကို တင်းရင်းလှပစေပါတယ်။ အောက်ပါတို့က ညဘက် အသား အရေထိန်းသိမ်းနည်းအတွက် အခြေခံအ ချက်တွေ ဖြစ်ပါတယ်။
(၁) မိတ်ကပ်ဖျက်ဆေး သင်က မိတ်ကပ်လိမ်းသူဖြစ်ရင် ပ ထမဆုံးအချက်က မိတ်ကပ်ဖျက်ဖို့ အမျိုး အစားကောင်းတဲ့ မိတ်ကပ်ဖျက်ဆေး (Make-up Remover) ကို သုံးပါ။ ဒီလို နည်းနဲ့ မိတ်ကပ်တွေကို ဖယ်ရှားလိုက်တဲ့ အခါ မျက်နှာသစ်ပြီးရင် သင့်မျက်နှာမှာ အညစ်အကြေးနဲ့ မိတ်ကပ်တွေြွကင်း ကျန်ကပ်ငြိတာမျိုးမဖြစ်ဘဲ သန့်စင်သွား ပါလိမ့်မယ်။ ပြီးရင် အရေပြားရဲ့ စံ ဓာတ်ကို ဟန်ချက်ညီအောင် ထိန်းဖို့ အယ်လ်ကိုဟောမပါတဲ့ တိုနာထဲစိမ်ထား တဲ့ ဂွမ်းစနဲ့ ပွတ်ပေးလိုက်ရင် အဆီတွေပါ ကင်းသွားပါလိမ့်မယ်။
(၂) မျက်နှာသစ်ဆေး မျက်နှာနဲ့ လည်ပင်းအရေပြားကို မျက် နှာသစ်ဆေးလိမ်းပြီး ညင်ညင်သာသာ နှိပ် နယ်ပေးပါ။ ပြီးမှ ကြက်သီးနွေးရေကို သုံး ပြီး မျက်နှာနဲ့ လည်ပင်းကို သေချာ ဆေး ကြောပေးပါ။ မျက်နှာသစ်ဆေးနဲ့သစ်တာ ကြောင့် အရေပြားပေါ်က အညစ်အကြေး တွေနဲ့ ပိုးမွှားတွေကို ကင်းစင်စေပါတယ်။ ကြက်သီးနွေးရေက ချွေးပေါက်ကို ပွင့်စေ ပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေ ကို ထွက်ရှိသွားစေပါတယ်။ ပြီးရင် မျက်နှာ ကို ခြောက်သွေ့အောင် သုတ်ပေးပါ။
(၃) အိုင်းခရင်မ် မျက်ဝန်းတစ်ဝိုက်မှာ အဆီဂလင်း မရှိတဲ့အတွက် မျက်ဝန်းတစ်ဝိုက် အရေ ပြားမှာ အိုင်းခရင်မ်လိမ်းတာက အရေပြား ကို အားဖြည့်ပေးပြီး မျက်ဝန်းအိတ်ဖောင်း တာနဲ့ မျက်ကွင်းညိုတာတို့ကို လျော့ကျ စေနိုင်ပါတယ်။ ညဘက်မှာ အိုင်းခရင်မ် လိမ်းပြီးမှ အိပ်ရာဝင်ပါ။
(၄) နှုတ်ခမ်းထိန်းသိမ်းမှု နှုတ်ခမ်းသားကို ကြက်သီးနွေးရေထဲ ဆွတ်ထားတဲ့၊ နူးညံ့ပျော့ပျောင်းတဲ့ အဝတ် စနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ဒီ လိုလုပ်ပေးရင် ခြောက်သွေ့နေတဲ့ အရေ ပြားပေါ်က ဆဲလ်သေတွေကို ကင်းစင်စေ ပါတယ်။ ပြီးရင် နှုတ်ခမ်းသား စိုပြည် တင်းရင်းအောင် နှုတ်ခမ်းဆိုးဆေး အဆီ ဆိုးပေးပါ။
(၅) အစိုဓာတ်ထိန်းခရင်မ် အရေပြားကို စိုပြည်စေမယ့် အစို ဓာတ်ထိန်းခရင်မ်ကို လိမ်းပါ။ အစိုဓာတ် ထိန်းခရင်မ်ကို ရွေးချယ်ရာမှာ ဓာတုပစ္စည်း မပါတာရွေးပါ။ ကောင်းမွန်တဲ့ အစိုဓာတ် ထိန်းခရင်မ်ဟာ အရေပြားဆဲလ်သေ၊ လေ ထုညစ်ညမ်းမှုနဲ့ အညစ်အကြေးတွေ ကြောင့် အရေပြားညစ်နွမ်းမှုတို့ မဖြစ် အောင် ကာကွယ်ပေးပြီး အရေပြားကို ဗီ တာမင်နဲ့ သတ္တုဓာတ်တွေရရှိအောင် ပံ့ပိုး ပေးပါတယ်။ ဒါ့အပြင် ဆဲလ်သစ်ဖြစ်ပေါ် မှုကို အားပေးပြီး အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ဖြစ်ပေါ်မှုကို အားပေးပါ တယ်။ အရေပြားပေါ်က အမည်းစက်၊ အ ရေးကြောင်း၊ သက်ကြီးအစက်အပြောက် နဲ့ ပါးရေတွန့်တာတွေကိုလည်း ကင်းဝေး စေပါတယ်။
Tips
- ညဘက်မှာ အသားအရေထိန်းသိမ်း ဖို့အတွက် အချိန် ငါးမိနစ်လောက်ပဲ လို အပ်ပါတယ်။ နေ့စဉ် အချိန်ငါးမိနစ်ပေး ပြီး အသားအရေထိန်းသိမ်းတာကြောင့် နုပျိုတဲ့ အသွင်ကို ဖြစ်စေရုံသာမက အ ရေပြားကို ချောမွေ့နူးညံ့ကြည်လင်စေပါ တယ်။
- မျက်နှာမှာ မိတ်ကပ်တွေလိမ်းပြီး ဘယ်တော့မှ မအိပ်ပါနဲ့။ မိတ်ကပ်တွေ လိမ်းပြီး အိပ်တာ ကြာလာရင် အသား အရေကို နွမ်းနယ်ထိခိုက်စေနိုင်ပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေကိုလည်း ဖြစ်စေ နိုင်ပါတယ်။
- အစိုဓာတ်ထိန်းခရင်မ်နဲ့အတှူနမကာ ကိုပါ လိမ်းပေးရင် အသားအရေကို ပိုမို တင်းရင်းစေပါတယ်။ အရေးကြောင်းပါး ပါးထင်နေတဲ့ နေရာတွေကို များများလိမ်း ပြီး အိပ်စက်ပေးပါ။

ဒူးခေါင်းနှင့် တံတောင်ဆစ် ညိုမည်းခြင်းအတွက် အိမ်တွင်းဖြေရှင်းနည်း

Thursday, July 19, 2012 Category : 3


ဒူးမဲ လက်မဲဒူးခေါင်း နေရာနား မှာ ညိုမည်းနေ တာမျိုး ဟာ စကတ် တိုတို ဝတ်ဆင် တတ် တဲ့ အမျိုးသမီး လေးတွေ အတွက် ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုမရှိဘဲ ဖြစ်နေတတ် ပါတယ်။ ဒါကြောင့် ဒူးနဲ့ တံတောင်တွေ ကို ဖြူဖွေးအောင် ဘေးထွက်ဆိုးကျိုး နည်းပြီး အိမ်တွင်းပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
မုန့်ဖုတ်ဆော်ဒါ သုံးပါ
တံတောင်ဆစ်နဲ့ ဒူးတွေမှာ ဆဲလ် သေတွေနဲ့ ကြေးတွေစုပုံလာပြီး တဖြည်း ဖြည်း အဲဒီ့အရေပြားနေရာမှာ အောက် ဆီဂျင်ရရှိမှု နည်းလာကာ မည်းနေတဲ့ အ ရာတွေကို ဖယ်ရှားဖို့ခက်ခဲလာပါတယ်။ မုန့်ဖုတ်ဆော်ဒါက ဆဲလ်သေတွေကို ဖယ် ရှားပေးနိုင်တဲ့ အကောင်းဆုံး ကြေးချွတ် ဆေးတစ်ခုလို အသုံးဝင်ပါတယ်။ မုန့်ဖုတ် ဆော်ဒါကို ရေအနည်းငယ်နဲ့ ရောစပ်လိုက် ပြီး မည်းနေတဲ့ ဒူးခေါင်းပေါ်မှာ ငါးမိနစ် လောက်သုတ်လိမ်းထားလိုက်ပါ။ ပြီးရင် ရေစိုနေတဲ့ လက်နဲ့ ဆော်ဒါအုပ်ထားတဲ့ နေရာကို ကြေးတွန်းသလို ပွတ်တိုက်ပစ် ပါ။ ၁၀ မိနစ်လောက်ပွတ်တိုက်ပြီးရင် ခဏနေကာ ရေဆေးချလိုက်ပြီး ရေဓာတ် ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို များများလေး လိမ်းထားလိုက်ပါ။ နှစ်ပတ်လောက် နေ့ စဉ်ပြုလုပ်ပေးရင် ဒူးနေရာနဲ့ တံတောင် နေရာမှာ မည်းနေတာတွေ သက်သာ ပျောက်ကင်းသွားတာကိုတွေ့ရမှာပါ။ နောက်ပိုင်း အချိန်ရတော့မှ တစ်လ နှစ် ကြိမ်လောက်ပြုလုပ်ပေးလို့ရပါတယ်။
ဂျုံမှုန့်သုံးပါ
ဂျုံမှုန့်ကို သင့်အိမ်မှာရှိတဲ့ အရေး ပြားလိမ်း ခရင်မ်တစ်မျိုးနဲ့ လက်ဖက်ရည် ဇွန်းနှစ်ဇွန်းစာစီ ရောစပ်ပြီး ဒူးနဲ့တံတောင် နေရာတွေကို ပွတ်သပ်ကာ ၁၀ မိနစ် လောက် လက်ချောင်းထိပ်လေးတွေကို သုံးပြီး နှိပ်နယ်ပေးပါ။ ပြီးရင် ရေနွေးနွေး နဲ့ ကြေးချွတ်သလို ပွတ်သပ်ဆေးကြော ပေးပြီး ရေခြောက်အောင်သုတ်ကာ ရေ ဓာတ်ပါဝင် တဲ့ခရင်တစ်မျိုး လိမ်းပေးပါ။
ဗာဒံစေ့သုံးပါ
ဗာဒံစေ့ကို အမှုန့်ပြုလုပ်ပြီး လက် ဖက်ရည်ဇွန်းနှစ်ဇွန်းစာကို ခရင်မ်တစ်မျိုး နဲ့ရောကာ ဒူးနဲ့တစ်တောင်ပေါ်မှာ ပွတ် သပ်နှိပ်နယ်ပေးပါ။ ၁၀ မိနစ်ကြာရင် ရေ နွေးနဲ့ဆေးကြောပြီး ခြောက်အောင် သုတ်ကာ ရေဓာတ်ပါဝင်တဲ့ ခရင်မ် လိမ်း ပေးပါ။ ဗာဒံစေ့အစား သစ်ချသီးအခွံရဲ့ အမှုန့်ကိုလည်း သုံးပေးနိုင်ပါတယ်။
ဗက်ဆလင်းနဲ့ ပဲမှုန့်သုံးပါ
ပဲမှုန့်ကို ရေအနည်းငယ်ရောပြီး ဒူး နဲ့ တံတောင်ဆစ်တွေပေါ်ကို နှစ်မိနစ် လောက် ပွတ်သပ်ပေးပြီး ခြောက်သွား အောင်ထားပြီးမှ ရေအေးအေးနဲ့ ပြန်ဆေး ချလိုက်ပါ။ ရေကိုခြောက်အောင်သုတ်ပြီး ဗက်ဆလင်းခရင်မ်ကို ယူကာ ဒူးခေါင်းနဲ့ တံတောင်ပေါ်များ ခပ်များများလေးလိမ်း ပြီး ပတ်တီးစည်းလိုက်ပါ။ ညအိပ်ရာဝင် ခါနီးပြုလုပ်ရင်ပိုကောင်းပါတယ်။ ပတ်တီး စည်းပြီး အိပ်ရာဝင်လိုက်ပါ။ နေ့စဉ်ပြု လုပ်ပေးပြီး နှစ်ပတ်ကြာရင် သိသိသာ သာဖြူသွားပါလိမ့်မယ်။ ဗက်ဆလင်းမှာ ပက်ထရိုလီယမ်ဂျယ်လီတွေ များစွာပါဝင် ပြီး အရေပြားခြောက်သွေ့မှုတွေအတွက် အကောင်းဆုံး ကုသပေးနိုင်ပါတယ်။
သံလွင်ဆီသုံးပါ
သံလွင်ဆီကို မည်းနေတဲ့ ဒူးနဲ့ တံ တောင်ဆစ်တွေပေါ်မှာ လိမ်းပြီး နှိပ်နယ် ပေးကာ အိပ်ရာဝင်ပါ။ ဒီအတိုင်း တစ် ပတ်လောက်ပြုလုပ်ပေးတာနဲ့ သိသာလာ ပါလိမ့်မယ်။ သံလွင်ဆီအစား အုန်းဆီကို လည်းသုံးနိုင်ပါတယ်။ ဒါပေမဲ့ သေချာ နှိပ်နယ်ပေးဖို့ပဲလိုပါတယ်။ သံလွင်ဆီက အ ရေပြားကိုတောကေ် ပြာငေ် စတာကြောငပ့်ါ။
ဗီတာမင်အီးသုံးပါ
ဗီတာမင်အီးအဆီ လက်ဖက်စား ဇွန်းနှစ်ဇွန်းလောက်ကို သကြားအနည်း ငယ်ထည့်ပြီး သကြားပျော်သွားအောင် စိမ်ထားလိုက်ပါ။ ဒူးနဲ့တံတောင်တွေပေါ် ကို ကြေးချွတ်သလို ပွတ်သပ်နှိပ်နယ်ပေး ပြီး ရေနွေးနဲ့ဆေးကာ ခြောက်အောင် သုတ်ပြီး ဗီတာမင်အီးအဆီကို သပ်သပ် ထပ်လိမ်းကာ အိပ်ရာဝင်ပြီး မနက်ကျမှ ရေနွေးနဲ့ ထပ်ဆေးကာ ခရင်မ်တစ်မျိုး လိမ်းလိုက်ပါ။
သံပရာသီးသုံးပါ
သံပရာသီး ဒါမှမဟုတ်ရှောက်သီး ကို တစ်ခြမ်းစီလှီးပြီး ဒူးတစ်ဖက်စီမှာ ၁၀ မိနစ်ကြာအောင် ပွတ်သပ်ပေးပါကာ သံ ပရာရည်တွေကို ဒူးတွေပေါ်မှာ ခြောက် သွားပါစေ။ ခြောက်သွားတော့မှ ရေအေး အေးနဲ့ဆေးချလိုက်ကာ ခြောက်အောင် သုတ်ပြီး ရေဓာတ်ပါဝင်တဲ့ခရင်မ်တစ်မျိုး လိမ်းပါ။ သင်ကြိုက်နှစ်သက်တဲ့အချိန် ပြု လုပ်ပေးနိုင်ပြီး ၁၀ ရက်လောက်နဲ့ သိသိ သာသာ ဖြူသွားပါလိမ့်မယ်။ သံပရာသီး ကအရေပြား အရောင်ကို ကောင်းစွာ ထိန်းညှိပေးနိုင်တဲ့ သဘာဝအစွမ်းတွေရှိ ပါတယ်။ ဖော်ပြပါ အိမ်တွင်းကုသမှုတွေ ကိုပြုလုပ်ပြီးတိုင်း မမေ့သင့်တာကတော့ အရေပြားပေါ်က ဆဲလ်သေတွေကိုဖယ် ရှားလိုက်ပြီး နူးညံ့နေတဲ့ အရေပြားပေါ် မှာ ရေဓာတ်ပါဝင်တဲ့ ခရင်မ်လိမ်းပေးဖို့ပါ ပဲ။
သဲသဲ
 http://www.yoyarlay.com/health/health/beauty/28132-2012-07-14-09-20-02

လက်သည်းအရှည်ထားသူများ ပိုမိုလှပစေရန်

Wednesday, July 11, 2012 Category : 0

လက်သည်းအရှည်ထားသူများ ပိုမိုလှပစေရန်လက်သည်း ဆိုးဆေး ကြာရှည် ခံအောင်
လက်သည်းနီ အရောင် ဆိုးမယ်ဆိုရင်ပိုပြီးကြာ ရှည်ခံကာ၊ လှပတဲ့အရောင်ဖြစ်နေစေဖို့အတွက် လက် သည်းကို သန့်ရှင်းအောင် ပြုလုပ်ထားဖို့လိုပါတယ်။ သန့်ရှင်းပြီး ချော့မွေ့နေတဲ့ လက်သည်းပေါ်မှာ လက် သည်းနီဆိုးတာကြောင့် ညီညာမှုရှိပြီး၊ တိကျလှပတဲ့ အရောင်ကိုလည်း ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းနီမဆိုးခင် လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောကာ ခြောက်အောင်သုတ်ပြီးမှ ဆိုးပါ။
လက်သည်းအရောင်စွန်းထင်မှု ကင်းအောင်
လက်သည်းနီကို ဖျက်ပြီးချိန်မှာ လက်သည်းအ ရောင်စွန်းထင်နေသေးရင်၊ လက်သည်းဖျက်ဆေးကို ဂွမ်းဖတ် အသန့်တစ်ခုမှာ သုတ်လိုက်ပြီး လက်သည်း ပေါ်ကို ပွတ်တိုက်ပါ။ ပြီးရင် လက်ကိုလိမ်းတဲ့ လိုးရှင်း တစ်မျိုးသုံးပေးပါ။
လက်သည်းနီထပ်ဆိုးမယ်ဆိုရင်
လက်သည်းပြောင်အောင်ဆိုးတဲ့ nail polish ကိုအရင်ဆုံးဆိုးပြီး နှစ်မိနစ်ခန့် ခြောက်အောင်ထားပြီးမှ အရောင်တစ်မျိုးကို ထပ်ဆိုးကာ နှစ်မိနစ်ထားပြီး အပေါ်က nail polish ကိုထပ်ဆိုးလိုက်ပါ။
လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်ပါ
တချို့တွေက လက်သည်းကိုက်တတ်တဲ့ အကျင့် ရှိတတ်ကြပါတယ်။ လက်သည်းကိုက်တတ်တဲ့ အကျင့် ကြောင့် လက်သည်းပျက်စီးနိုင်ပြီး လက်သည်းနီ ဆိုး ထားတာလည်း အလွယ်တကူပျက်သွားစေပါတယ်။ ဒါကြောင့် ဒီအကျင့်ကိုဖျောက်ပြီး နောက်ထပ်ကောင်း တဲ့အကျင့်တစ်ခုရအောင် ပြောင်းလဲယူပါ။
အရောင်နုလေးတွေသုံးပါ
ဂျယ်လီလို အရောင်လေးတွေဖြစ်တဲ့ ပန်းရောင်၊ လိမ္မော်ရောင်နဲ့ ကြည်ပြာရောင်လေးတွေဟာ သင့် လက်သည်းကို ကြည်လင်လှပနေစေတဲ့ အရောင်ဖြစ် တဲ့အပြင် လက်သည်းဆိုးရတာလည်းလွယ်ကူပါတယ်။ လက်သည်းနီဆိုးပြီး စက္ကန့် ၃၀လောက်နဲ့ ခြောက် သွေ့သွားတတ်ပြီး နှစ်ပတ်လောက်ကြာတဲ့အထိ ကြာရှည်ခံတတ်ပါတယ်။
လက်သည်းတုတပ်မယ်ဆိုရင်
လက်သည်းတုတပ်မယ်ဆိုရင် လက်သည်းရဲ့အ ရောင်ကို အရောင့်ရင့်ရင့်သုံးပေးတာက သင့်လက် ချောင်းလေးတွေကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။ အနီရောင်၊ အစိမ်းရောင်နဲ့ မဲနယ်ပြာရောင်လိုတွေ ကို ခပ်ရင့်ရင့်သုံးပေးပါ။ အရောင်အရင့်တွေက လက်သည်းအတုတပ်ထားတယ်လို့ မထင်ရဘဲ မူရင်း လက်သည်းလိုပဲ လှပနေစေပါတယ်။
လမင်းလေး
Good Health

ပိန်ချင်ရင် သရက်သီးအခွံစားပါ

Category : 0


အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး
စားတဲ့ အခါ အခွံပါစားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီ များတွေ့ရှိခဲ့ကြတာကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီကလာပ်စည်း ဖြစ် ပေါ်ခြင်းကို ကာကွယ်တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။ သရက်သီးအခွံထဲမှာပါတဲ့ ဓာတု ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီကလာပ်စည်းဖြစ်ပေါ်နေသော လုပ်ငန်းစဉ်ဖြစ်သည့် Adipogenesis ကို နှိမ်နင်းပေးတယ်လို့ ဆိုပါတယ်။
အပူပိုင်းသစ်သီးများထဲက တစ်မျိုးဖြစ် တဲ့ သရက်သီးများထဲမှာ အမျိုးမျိုးကွဲ ပြားခြားနားသော အပင်ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိ ပါတယ်။ သရက်သီးထဲမှာ အပင်ထွက် ဓာတုပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုးဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။
သရက်သီးအခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုက တော့ အဆီကလာပ်စည်းများဖြစ်ပေါ် အဆီကလာပ်စည်းများက ပို၍ကြီးလာ ပြီး အဲဒီလို ကလာပ်စည်းမျိုးဟာ အမျိုးအစား(၂)ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေနိုင်တယ်လို့ဆိုပါ တယ်။ ဓာတ်ခွဲခန်းအတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ဆိုပါတယ်။

နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခု

Tuesday, July 3, 2012 Category : 0


နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခုအသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလှပနေ သူတွေ သင့်ပတ် ဝန်းကျင်မှာ တွေ့ဖူးမှာပါ။ နေ့စဉ်လိုက်နာ ကျင့်သုံးတဲ့ အလေ့အကျင့် တွေက နုပျိုလှပမှုကို ဖြစ်စေ တာပါ။ သူတို့တစ်တွေ လိုက်နာ ဆောင်ရွက်လေ့ရှိတဲ့ အလေ့အကျင့်တွေထဲက ခုနစ်ခုကို ဖော်ပြ လိုက်ပါတယ်။
၁) သဘာဝပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ အလှပြင်ပစ္စည်းတွေကို အသုံးပြုတယ်
အများစုက ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက ပိုမိုအာနိသင်ပြည့်ဝတယ်လို့ ထင်တတ်ကြ ပါတယ်။ တကယ်တော့ သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထုတ် လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက သက်ကြီးအရေးကြောင်းတွေ အတွက် အမှန်တကယ် ထိရောက်မှုရှိတယ်လို့ အလှအပပညာ ရှင် ဘာဘရာကလို့က ပြောပါတယ်။ အပင်ထွက်ပါဝင်ပစ္စည်း တွေဖြစ်တဲ့ ပက်ပ်တိုက်၊ လိုက်ပိုဆုန်း၊ ဂလိုင်ကိုဆိုက် စတာတွေ က အသားအရေကို ကြည်လင်ဝင်းပတာ၊ တင်းရင်းမှုရှိတာ၊ အရေး ကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးတာ စတဲ့ အစွမ်းအာနိသင် တွေ ရှိပါတယ်။
၂) နေရောင်ကာခရင်မ် အမြဲလိမ်းတယ်
အရွယ်အိုမင်းမှုကို တားဆီးနိုင်တဲ့ ပထမဆုံးလက်နက်က နေရောင်ကာ ခရင်မ်လိမ်းတာပါလို့ ကလို့က ပြောပါတယ်။ ဇင့်နဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုက်ပါတဲ့ နေရောင်ကာခရင်မ် တွေက အသားအရေကို ယားယံမှုမရှိစေဘဲ နေရောင်ခြည်တွေ ကို အသားအရေနဲ့ မထိတွေ့အောင် လုပ်ဆောင်ပေးတာ ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ အရွယ် တင်နုပျိုနေသူတွေဟာ နေရောင်ကာခရင်မ်ကို နေ့စဉ် အသုံးပြု တတ်ကြပါတယ်။ နေရောင်ခြည်က အိုမင်းမှုကို မြန်ဆန်စေတယ် ဆိုပေမယ့် တစ်နေ့ကို နေခြည်နုနုနဲ့ ၁၀ မိနစ်လောက်တော့ ထိတွေ့မှုရှိပါမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီကို ရရှိမှာပါ။ နေခြည်နုနုရရှိဖို့ မနက် ၁၀ နာရီမတိုင်မီနဲ့ ညနေ ၄ နာရီနောက်ပိုင်းတွေမှာ အပြင်ထွက်ပါ။
၃) အင်တီအောက်ဆီးဒင့်ပါဝင်တာကို အသုံးပြုတယ်
နုပျိုသူတွေ အသုံးပြုလေ့ရှိတဲ့ အင်တီးအောက်ဆီးဒင့်ပါ ဝင်တဲ့ အသားအရေ ထိန်းပစ္စည်းတွေက ခန္ဓာကိုယ်မှာ အိုမင်းမှု ကို ဖြစ်စေတဲ့Free Radical တွေရဲ့ တိုက်ခိုက်မှုမှ တားဆီးပေးပြီး ခန္ဓာကိုယ်တွင်း ညစ်ညမ်းမှုတွေကိုပါ ဖယ်ရှားပေးပါတယ်။ နယူး ယော့ခ်မှ အရေပြားပညာရှင်က ဘလူးဘယ်ရီ၊ လက်ဖက်စိမ်းနဲ့ ဗီတာမင် အီးစတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ အသားအရေ ထိန်းသိမ်းပေးတာတွေကို အသုံးပြုပါလို့ အကြံပေးပါတယ်။
၎) နေ့စဉ် အဆီလိမ်းတယ်
အသားအရေဝင်းပသူတွေဟာ အဆီတစ်မျိုးမျိုးကို နေ့စဉ် လိမ်းတတ်ကြပါတယ်။ အိုမီဂါ-၃ နဲ့ အိုမီဂါ- ၆ ပါဝင်တဲ့ အဆီ တွေက အရေပြားမှာ အလွှာပါးတစ်ခုအနေနဲ့ ဖုံးအုပ်ထားတာ ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရေပြားမှာ ရေဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
၅) သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားတယ်
အရွယ်တင်နုပျိုစေတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာတွေကို အရေပြားမှာ လိမ်းပေးရုံသာမက စားပေးတာက အပေါ်ယံ ရွှေမှုန်ကြဲသလို မဖြစ်စေဘဲ ခန္ဓာကိုယ်တွင်းမှ နက်နက်ရှိုင်းရှိုင်း လှပမှု ဖြစ်စေတယ်လို့ နယူးယောက်မှ အရေပြားပညာရှင် အဲလိစ် စဘတ်က ပြောပါတယ်။ သစ်သီး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေနဲ့ လက်ဖက်ရည်ကို သောက်ပေးပါ။ အပေါ် ယံဆဲလ်တွေ သေဆုံးသွားပြီး ဆဲလ်အသစ်ဖြစ်ပေါ်လာဖို့ ခန္ဓာ ကိုယ်တွင်းမှာ ကုန်ကြမ်းကို ရရှိပြီးသား ဖြစ်စေပါတယ်။
၆) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီ စားတယ်
အသားအရေ ဝင်းပစိုပြည်သူတွေက သံလွင်ဆီနဲ့ ငါးအဆီ တွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီတွေကို စားသုံးကြပါတယ်။ သင်က အဆီမှန်သမျှ ရှောင်ကြဉ်နေပါက သင့်အသားအရေ ငယ်ရွယ်နုပျိုဖို့ကို ဟန့်တားသလိုဖြစ်နေပါလိမ့်မယ်။ ကျန်းမာရေး နဲ့ညီညွတ်တဲ့ဆီတွေက အရေပြားကို အတားအဆီးတစ်ခုအနေနဲ့ ကာကွယ်ပေးရုံသာမကဘဲ အရေပြားက ရေဓာတ်ဆုံးရှုံးမှုနဲ့ ရောင် ရမ်းမှုတွေကို တားဆီးပေးပါတယ်။
၇) ယောဂကျင့်တယ်
စိတ်နဲ့ ခန္ဓာကိုယ်က ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ ယောဂကျင့်သူတွေဟာ စိတ်ပျို ကိုယ်နုကြပါ တယ်။ စိတ်ဖိစီးမှုများပါက ခန္ဓာကိုယ်က ကော်တီဇောဟော်မုန်း တွေထွက်ပြီး အိုမင်းမှုကို မြန်ဆန်စေပါတယ်။ ဒီဟော်မုန်းက အသားအရေတင်းရင်းစေတဲ့ ကိုလာဂျင်တွေကို ဖျက်ဆီးပြီး အရေးကြောင်းတွေဖြစ်စေပါတယ်။
၈) လေ့ကျင့်ခန်းလုပ်တယ်
လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှု တွေကို တားဆီးပေးတဲ့ အင်ဒေါ်ဖင်န်ဟော်မုန်း ထွက်ရှိပါတယ်။ ဒီဟော်မုန်းက အနာကျက်မြန်စေပြီး ခန္ဓာကိုယ်မှာ သွေးလှည့်ပတ် မှုကို ကောင်းမွန်စေတာကြောင့် အရေပြားဆဲလ်တွေအထိ အာဟာရ ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် နုပျိုတက်ကြွလှပ သူတွေဟာ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို အနည်းဆုံး သုံးရက် လောက် လေ့ကျင့်ခန်းပြုလုပ်တတ်ကြပါတယ်။
ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
Good Health

အွန်လိုင်းကျေးရွာ. Powered by Blogger.