လက်သည်းအရှည်ထားသူများ ပိုမိုလှပစေရန်

Wednesday, July 11, 2012 Category : 0

လက်သည်းအရှည်ထားသူများ ပိုမိုလှပစေရန်လက်သည်း ဆိုးဆေး ကြာရှည် ခံအောင်
လက်သည်းနီ အရောင် ဆိုးမယ်ဆိုရင်ပိုပြီးကြာ ရှည်ခံကာ၊ လှပတဲ့အရောင်ဖြစ်နေစေဖို့အတွက် လက် သည်းကို သန့်ရှင်းအောင် ပြုလုပ်ထားဖို့လိုပါတယ်။ သန့်ရှင်းပြီး ချော့မွေ့နေတဲ့ လက်သည်းပေါ်မှာ လက် သည်းနီဆိုးတာကြောင့် ညီညာမှုရှိပြီး၊ တိကျလှပတဲ့ အရောင်ကိုလည်း ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းနီမဆိုးခင် လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောကာ ခြောက်အောင်သုတ်ပြီးမှ ဆိုးပါ။
လက်သည်းအရောင်စွန်းထင်မှု ကင်းအောင်
လက်သည်းနီကို ဖျက်ပြီးချိန်မှာ လက်သည်းအ ရောင်စွန်းထင်နေသေးရင်၊ လက်သည်းဖျက်ဆေးကို ဂွမ်းဖတ် အသန့်တစ်ခုမှာ သုတ်လိုက်ပြီး လက်သည်း ပေါ်ကို ပွတ်တိုက်ပါ။ ပြီးရင် လက်ကိုလိမ်းတဲ့ လိုးရှင်း တစ်မျိုးသုံးပေးပါ။
လက်သည်းနီထပ်ဆိုးမယ်ဆိုရင်
လက်သည်းပြောင်အောင်ဆိုးတဲ့ nail polish ကိုအရင်ဆုံးဆိုးပြီး နှစ်မိနစ်ခန့် ခြောက်အောင်ထားပြီးမှ အရောင်တစ်မျိုးကို ထပ်ဆိုးကာ နှစ်မိနစ်ထားပြီး အပေါ်က nail polish ကိုထပ်ဆိုးလိုက်ပါ။
လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်ပါ
တချို့တွေက လက်သည်းကိုက်တတ်တဲ့ အကျင့် ရှိတတ်ကြပါတယ်။ လက်သည်းကိုက်တတ်တဲ့ အကျင့် ကြောင့် လက်သည်းပျက်စီးနိုင်ပြီး လက်သည်းနီ ဆိုး ထားတာလည်း အလွယ်တကူပျက်သွားစေပါတယ်။ ဒါကြောင့် ဒီအကျင့်ကိုဖျောက်ပြီး နောက်ထပ်ကောင်း တဲ့အကျင့်တစ်ခုရအောင် ပြောင်းလဲယူပါ။
အရောင်နုလေးတွေသုံးပါ
ဂျယ်လီလို အရောင်လေးတွေဖြစ်တဲ့ ပန်းရောင်၊ လိမ္မော်ရောင်နဲ့ ကြည်ပြာရောင်လေးတွေဟာ သင့် လက်သည်းကို ကြည်လင်လှပနေစေတဲ့ အရောင်ဖြစ် တဲ့အပြင် လက်သည်းဆိုးရတာလည်းလွယ်ကူပါတယ်။ လက်သည်းနီဆိုးပြီး စက္ကန့် ၃၀လောက်နဲ့ ခြောက် သွေ့သွားတတ်ပြီး နှစ်ပတ်လောက်ကြာတဲ့အထိ ကြာရှည်ခံတတ်ပါတယ်။
လက်သည်းတုတပ်မယ်ဆိုရင်
လက်သည်းတုတပ်မယ်ဆိုရင် လက်သည်းရဲ့အ ရောင်ကို အရောင့်ရင့်ရင့်သုံးပေးတာက သင့်လက် ချောင်းလေးတွေကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။ အနီရောင်၊ အစိမ်းရောင်နဲ့ မဲနယ်ပြာရောင်လိုတွေ ကို ခပ်ရင့်ရင့်သုံးပေးပါ။ အရောင်အရင့်တွေက လက်သည်းအတုတပ်ထားတယ်လို့ မထင်ရဘဲ မူရင်း လက်သည်းလိုပဲ လှပနေစေပါတယ်။
လမင်းလေး
Good Health

ပိန်ချင်ရင် သရက်သီးအခွံစားပါ

Category : 0


အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး
စားတဲ့ အခါ အခွံပါစားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီ များတွေ့ရှိခဲ့ကြတာကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီကလာပ်စည်း ဖြစ် ပေါ်ခြင်းကို ကာကွယ်တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။ သရက်သီးအခွံထဲမှာပါတဲ့ ဓာတု ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီကလာပ်စည်းဖြစ်ပေါ်နေသော လုပ်ငန်းစဉ်ဖြစ်သည့် Adipogenesis ကို နှိမ်နင်းပေးတယ်လို့ ဆိုပါတယ်။
အပူပိုင်းသစ်သီးများထဲက တစ်မျိုးဖြစ် တဲ့ သရက်သီးများထဲမှာ အမျိုးမျိုးကွဲ ပြားခြားနားသော အပင်ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိ ပါတယ်။ သရက်သီးထဲမှာ အပင်ထွက် ဓာတုပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုးဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။
သရက်သီးအခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုက တော့ အဆီကလာပ်စည်းများဖြစ်ပေါ် အဆီကလာပ်စည်းများက ပို၍ကြီးလာ ပြီး အဲဒီလို ကလာပ်စည်းမျိုးဟာ အမျိုးအစား(၂)ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေနိုင်တယ်လို့ဆိုပါ တယ်။ ဓာတ်ခွဲခန်းအတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ဆိုပါတယ်။

ဒုဝန်ကြီး ၆ ဦးကို ၀န်ကြီး ဌာနများ ပြောင်းလဲ တာဝန်ပေး

Category : 0


ဒုဝန်ကြီး ၆ ဦးကို ၀န်ကြီး ဌာနများ ပြောင်းလဲ တာဝန်ပေးနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် လက်ရှိ ဒုဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေသော ၀န်ကြီး ၆ ဦးကို ၀န်ကြီးဌာန များပြောင်းလဲတာဝန် ပေးခဲ့ကြောင်းအမိန့်ကြော်ငြာ ချက်ကို နိုင်ငံတော် သမ္မတရုံးက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးသန့်ရှင်းကို သမ္မတရုံးဝန်ကြီးဌာန(၁)၏ ဒုဝန်ကြီးအဖြစ်၊ မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးချန်မောင်ကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးဝင်းရှိန် ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်၊ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဟန်စိန်ကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းသန်းကို ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမျိုးမြင့်ကို ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် အသီးသီးတာဝန်များ ပြောင်းလဲပေးအပ်ခဲ့သည်။
နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၂) ဖြင့် ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ ပုဒ်မခွဲ(က) (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ (ခ)၊ ပုဒ်မခွဲငယ်(၉) တို့အရ ဒုဝန်ကြီးများကို ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
7Day News

ဧရာဝတီမြစ်ရေကြီးမှု စိုးရိမ်ဖွယ် ရှိလာဦးမည်လား

Tuesday, July 10, 2012 Category : 0


 ဧရာဝတီမြစ်ရေကြီးမှု စိုးရိမ်ဖွယ် ရှိလာဦးမည်လားဝါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသည့် အတိုင်း နှစ်စဉ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများ၌ ဧရာဝတီ မြစ်ကမ်းနဖူးတွင်ရှိသော မြို့များ၊ ရွာများအတွက် အမြဲသတိယှဉ်နေကြရပေမည် ဖြစ်သည်။ 
မြစ်ရေဝင်ဧရိယာရှိ အိမ်များကို ခြေတံရှည် တည်ဆောက်ထားသော်ငြား တကယ့်တကယ် မြစ်ရေကြီးသည့် နှစ်ဆိုလျှင် ရေလွတ်သည့် နေရာသို့ ရွှေ့ပြောင်းကြရစမြဲပင်၊ ဧရာဝတီမြစ်ရေကြီးချိန်တွင် အရေးထား သတိရှိကြရမည်မှာ အဓိကအချက် နှစ်ချက်ရှိသည်။ ပထမက ရေဝင်ဧရိယာအတွင်းရှိ မိသားစုများ ရေတက်မှု အခြေအနေကို သုံးသပ်၍ အန္တရာယ်ကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ခွင့် ရရှိရေးနှင့် ဒုတိယအချက်က စိုးရိမ်ရေမှတ် ရောက်ရှိလာပါက မြစ်ကမ်းနံဘေးရှိ မြို့ကြီးများ ကျေးရွာများမှ ရေဘေးမှကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားခြင်းများ လုပ်ဆောင်ကြရပေမည်။
မြစ်ရေတတ်ခြင်းသည် ပင်လယ်မှ ဒီရေမြင့်တက်သကဲ့သို့လည်း မဟုတ်ပေ။ ဆူနာမီလှိုင်းကဲ့သို့ ရုတ်တရက် ရောက်လာတတ်သော အရေးမဟုတ်၍ ကြိုတင်ပြင်ဆင်မှုများ ရှိထားပါက ဆုံးရှုံးပျက်စီးမှု နည်းပါးစေမည် ဖြစ်သည်။

"တိုင်းပြည်သည် ခေတ်သစ်စနစ်နှင့် တည်ဆောက်နေချိန်တွင် သဘာဝဘေးအန္တရာယ် ပေါ်ပေါက်တတ်သည့် ကာလတွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များက မိမိတိုင်းဒေသကြီး၊ မြို့နယ်၊ ကျေးရွာများတွင် ကွင်းဆင်း၍ ကြိုတင်ပြင်ဆင် ကာကွယ်မှုများကို တက်ကြွစွာ မပေါ့မလျော့ လက်တွေ့လုပ်ကိုင်ကြဖို့ ထပ်မံအသိပေးလိုပါသည်။
ပေါ့ဆလျှင် ကုဋေကုဋာချီ၍ ဆုံးရှုံးမည်။ တိုင်းပြည် နစ်နာမည်ဖြစ်ပါ၍ အသိချပ်ကြပါကုန်" ဟု ဆရာဦးခင်မောင်သန်း (ဒဿနပညာ) က ဆောင်းပါးတစ်ပုဒ်တွင် နှိုးဆော်ထားသကဲ့သို့ အတိဒုက္ခရောက်ချိန်မှ ကူညီခြင်းထက် မဖြစ်မီကြိုတင်ကာကွယ် ပြင်ဆင်နိုင်မှုသည် ကောင်းသောဆောင်ရွက်မှု တစ်ခုပင်ဖြစ်ပါသည်။
ဧရာဝတီမြစ်ရေသည် ဇွန်လ အလယ်ပိုင်းကတည်းက မိုးများပြီး ရေကြီးမှုသတင်းများ နေ့စဉ်လိုလို ကြားသိနေရသည်။ ဇွန်လကုန်သည်နှင့် အချို့သော အရပ်ဒေသများတွင် နေအိမ်များ ရေမြုပ်သွားခဲ့ရသည်ကိုလည်း ကြားသိရသည်။ ဧရာဝတီ၏ အစသည် မြန်မာပြည်အထက်ပိုင်းမှ စတင်လာသောကြောင့် တဖြည်းဖြည်းနှင့် ဧရာဝတီမြစ်ရေသည် မြစ်ရိုးတစ်လျှောက်သို့ ဖြန့်ကျက်ရန် ခြေလှမ်းပြင်၍ လာနေချေပြီ။

ဧရာဝတီဆိုသည့် ဝေါဟာရသည် သင်္သကရိုက် ဘာသာစကား အဓိပ္ပါယ်အရ ဆိုလျှင် (River of cool refreshing water) ဖြစ်သည်။ ဧရာဝတီမြစ်သည် မိုင်ပေါင်း ၁၃၂၅ မိုင်ရှည်လျားပြီး ကမ္ဘာပေါ်ရှိ သတို့သမီးဟု တင်စားခံခဲ့ရသော ဧရာဝတီမြစ်ကို “မြစ်ဆုံ” မှ မွေးဖွားပေးလိုက်ခြင်း ဖြစ်သည်။ မေခနှင့် မလိခတို့သည် မြစ်ကြီးနားမြို့၏ မြောက်ဖက် ၂၈ မိုင်ခန့် အကွာတွင် ပေါင်းစုံမိပြီး ဧရာဝတီ အမည်ခံလျက် မြောက်မှတောင်သို့ ဆက်လက် စီးဆင်းနေသော ဧရာဝတီဖြစ်သည်။ တန်ဖဲကျေးရွာရှိ ခရီးလမ်းညွှန်မိုင်တိုင်၏ အရပ်မျက်နှာအညွှန်းတွင် “မြစ်ကြီးနားသို့ ၂၇ မိုင် ၂ ဖာလုံ၊ ဆွမ်ပရာဘွမ်သို့ ၁၀၄ မိုင် ၆ ဖာလုံ၊ ပူတာအိုသို့ ၂၉၀ မိုင် ၆ ဖာလုံ မြစ်ဆုံသို့ ၁ မိုင်ဟု အတိအကျ ညွှန်ပြထားသည်။ မြစ်ဆုံမှာ ဒေသခံတိုင်းရင်းသားများက “မလိဇွပ်” (မြစ်ကြီး စတင်ဖြစ်သည့်နေရာ) ဟု ခေါ်ဆိုကြသည်။ မြစ်ဆုံမှ အစချီလာသော ဧရာဝတီသည် မြန်မာပြည်၏ အသက်သွေးကြောကဲ့သို့ ပြယုဂ်တစ်ခုပင် ဖြစ်သည်။

၁၉၇၄ ခုနှစ် ဝန်းကျင်ကာလက ဧရာဝတီမြစ် ရေကြီးမှုကြောင့် ဧရာဝတီမြစ်ရေသည် မန္တလေးဈေးချိုတော် နာရီစင်အထိ ရောက်ခဲ့သည်ဟု ကြားသိရသကဲ့သို့ ၂၀၀၄ ခုနှစ်ကလည်း ဧရာဝတီမြစ်ရေကြီးမှုမှာ ယခင်လောက် မဆိုးရွားခဲ့သော်လည်း မြစ်တာဘောင်ကို ကျော်လွန်၍ သဲအိတ်များဖြင့် ရေဘေး ကာကွယ်ရေးများ ဆောင်ရွက်ခဲ့သည်။ ထိုနှစ်က မြစ်ရေဝင်ရွာများတွင် ရေကြီးမှုကြောင့် ပြည်သူတို့၏ အိုးအိမ်များလည်း ပျက်စီးခဲ့ကာ ရေမြုပ်ခဲ့ရသည်များလည်း ရှိခဲ့သည်။
ထို့အတူ ၂၀၀၆ ခုနှစ်တွင်လည်း မြစ်ရေကြီးခဲ့သော်ငြား ၂၀၀၄ ခုနှစ်က စံချိန်ထိ မရောက်ခဲ့ချေ။ ယခုအချိန်ထိ မြန်မာပြည်အထက်ပိုင်း ဒေသများတွင် မိုးရေချိန်များလျက် ရှိသောကြောင့် ယခုလက်ရှိ ဧရာဝတီမြစ်ရေထက် မြင့်တက်လာပါက ဆောင်ရွက်ရမည့် ကိစ္စများကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပေလိမ့်မည်။ မကြာမီလာတော့မည့် အရေးကို ကြိုတင်ပြင်ဆင်၍ ကာကွယ်မှု ဆောင်ရွက်ခြင်း၊ ရေဝင် ဧရိယာများမှ ရွှေ့ပြောင်းနေထိုင်ခြင်းဖြင့် ကြိုတင်ပြင်ဆင်သင့်ပါက ပြင်ဆင်ကြရပေတော့မည်။ ဧရာဝတီမြစ်ရေကြီးမှုသည် စိုးရိမ်ဖွယ် ရှိဦးမည်လား ... ဧရာဝတီ ... ချစ်သောဧရာဝတီ မရက်စက်ပါနှင့် ဧရာဝတီ . . .။
တင်စိန်
SHADE Journal

ထိုင်း BGH က မြန်မာပြည်တွင် ဆေးရုံဖွင့်ရန် လေ့လာမည်

Category : 0

ထိုင်းနိုင်ငံတွင် အကြီးဆုံး ဆေးရုံလုပ်ငန်း အုပ်စုကြီးဖြစ်သည့် ဘန်ကောက် ဒူးစစ် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း [Bangkok Dusit Medical Services Plc (BGH)] က နောက်ထပ် ၂ လခန့် အချိန်ယူ၍ ကနဦး လေ့လာမှုများ ပြုလုပ်ပြီးပါက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆေးရုံလုပ်ငန်း အုပ်စုကြီး BGH ပိုင် ဘန်ကောက်ရှိ ဆေးရုံတရုံ (ဓာတ်ပုံ – TBN)
“ကျနော်တို့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားပါတယ်။ (မြန်မာ) အစိုးရ ဘာတွေလုပ်နေသလဲ ဆိုတာ အနီးကပ် စောင့်ကြည့်နေပြီး အဲဒီအပေါ် အခြေခံကာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မဟာဗျူဟာကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အတွက် ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ လက်ခံနိုင်စရာ ရှိတယ်ဆိုရင် ကျနော်တို့ အလုပ်တွေ စမှာပါ” ဟု BGH ဥက္ကဋ္ဌ ဒေါက်တာ Prasert Prasarttong-Osoth က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောထားသည်။
မြန်မာနိုင်ငံတွင် ရှိပြီး လုပ်ငန်းများနှင့် ဖက်စပ်လုပ်ကိုင်ရန် သို့မဟုတ် ဒေသခံ လုပ်ငန်းတခုခုကို လွှဲယူလုပ်ကိုင်ရန် လာမည့် ၃ လ အတွင်း ဆုံးဖြတ်ချက်ချသွားမည်ဟု သိရသည်။
BGH သည် ထိုင်းနိုင်ငံရှိ မြို့ကြီးများ အားလုံးတွင် ဆေးရုံများ ဖွင့်လှစ်ထားပြီးအိမ်နီးနားချင်း နိုင်ငံများတွင်လည်း တိုးချဲ့ဖွင့်လှစ်နေခြင်း ဖြစ်ကြောင်း ဒေါက်တာ Prasert က ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် BGH က ဆေးရုံ အသေးစားနှစ်ရုံ ဖွင့်လှစ်ထားပြီး လာမည့်နှစ် အစောပိုင်း၌လည်း ဆေးရုံကြီးတရုံ ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယင်းဆေးရုံ တည်ဆောက်ရေးအတွက် ဘတ် သန်း ၇၀၀ (အမေရိကန် ဒေါ်လာ ၂၂ သန်းကျော်) နှင့် ဆေးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာများ တပ်ဆင်မှုအတွက် ဘတ်သန်း ၅၀၀ (ဒေါ်လာ ၁၅ သန်းကျော်) ရင်းနှီးမြှုပ်နှံထားကြောင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတွင်လည်း အလာတူ အဆင့်မြင့်ဆေးရုံများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဆေးကုသမှု ခံယူရန် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ မြန်မာပြည်မှ အများဆုံး သွားရောက်လျက်ရှိကြောင်း သိရှိရသည်။
 http://burma.irrawaddy.org/?slide=%E1%80%91%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-bgh-%E1%80%80-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9

ဒု သမ္မတအဖြစ် ဦးမြင့်ဆွေကို တင်သွင်းလိုက်ပြီ

Category : 0

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ သတင်းထောက်များအား ခေါ်ယူသတိပေးစဉ် (ဓာတ်ပုံ – ဧရာဝတီ)
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်း အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တင်မြှောက်ကြောင်း ယနေ့ လွှတ်တော်ကို တင်သွင်းလိုက်ပြီဟု သိရသည်။
“အခု ကျနော်တို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယ သမ္မတအဖြစ် စာရင်းပေး လိုက်ပါပြီ။ အားလုံး သဘောတူညီ ချက်နဲ့ပါ။ အခု လွှတ်တော်ကို တင်လိုက်ပါပြီ” ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တဦးက ဧရာဝတီသို့ ပြောသည်။
ဦးမြင့်ဆွေကို ဒုတိယ သမ္မတအဖြစ် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ တင်မြှောက်ခြင်းဖြစ်ကြောင်း
တခြားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတဦးက ဆိုသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလင်းကလည်း ဒုတိယ သမ္မတ တင်မြှောက်ရေးကိစ္စမှာ ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွေးနွေးတိုင်ပင်ရမည် ဖြစ်ကြောင်း ယမန်နေ့က ပြောဆိုခဲ့သည်။
“ကျနော်တို့ ခေါင်းဆောင်နဲ့ တိုင်ပင်ရဦးမယ်။ ကျနော်တို့ချင်းတော့ ညှိပြီးပါပြီ” ဟု ဗိုလ်မှူးချုပ်ဝေလင်းက ယမန်နေ့က ဆိုသည်။
ဒုတိယ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရမည့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေသည် သဘောထား တင်းမာသူဟု လူသိများပြီး မကြာသေးခင်က လျှပ်တပြက် ဂျာနယ်ကို တရားစွဲဆိုခြင်းနှင့် မီဒီယာများကို ထောင်ချနိုင်ကြောင်း  ခြိမ်းခြောက် ပြောဆိုခဲ့သူ တဦးဖြစ်သည်။ ၎င်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ လူယုံတဦးဟုလည်း လူသိများသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ ဒုတိယသမ္မတအဖြစ် သင့်တော်သူကို
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ရွေးချယ်ကြမည်ဖြစ်ပြီး မည်သူ့ကို ရွေးချယ်စေကာမူ ၎င်းအနေဖြင့်
ကျေနပ်ကြောင်း ဧရာဝတီသို့ ပြောဆိုသွားသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဒုတိယ သမ္မတ ဖြစ်လာမလား ဆိုသည့် သတင်းကို ဧရာဝတီက မေလ ၁၄ ရက်နေ့တွင် ရေးသားခဲ့ပါသည် ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
 http://burma.irrawaddy.org/?slide=%E1%80%92%E1%80%AF-%E1%80%9E%E1%80%99%E1%81%BC%E1%80%90%E1%80%A1%E1%80%BB%E1%80%96%E1%80%85%E1%80%B9-%E1%80%A5%E1%80%AE%E1%80%B8%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%B7%E1%80%B1%E1%80%86%E1%80%BC

ချင်းမိုင်ရှိ မြန်မာဘုန်းကြီးကျောင်းကို ထိုင်းသိမ်းယူမည့် အရေး ကန့်ကွက်

Category : 0

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာဘုန်းတော်ကြီးများ အဆက်ဆက် ကျောင်းထိုင်ခဲ့သည့် ၀ပ် ဆိုင်မွန်း မြန်မာ ဘုန်းကြီး ကျောင်းကို ထိုင်းသံဃာတော် ကျောင်းထိုင် ထားရှိရန် ထိုင်း သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများက စီစဉ်နေကြသည်။
ဝပ်ဆိုင်မွန်း ကျောင်းအ၀င် မုခ်ဦး (ဓာတ်ပုံ – ဧရာဝတီ)
ဝပ် ဆိုင်မွန်း ကျောင်း၌ ဆရာတော် ဦးဝရဓမ္မ သည် ပထမဆုံး ကျောင်းထိုင်၍ ဦးဂန္ဓမာလာ၊ ဦးဘောဂဓမ္မ၊ ဦးဇိန၊ ဦးသာဒရ၊ ဦးတေဇောသိရီ၊ ဦးအာစိဏ္ဏ၊ ဦးပညာသာရ၊ ဦးဝဇီရိန္ဒနှင့် ယမန်နှစ်က ပျံလွန်တော်မူခဲ့သော ဦးအာသဘ အပါအ၀င် ကျောင်းထိုင် ဆရာတော် ၁၀ ဆက် သီတင်းသုံးခဲ့ကြကြောင်း ကျောင်း မှတ်တမ်း၌ ဖော်ပြထားသည်။
“ဆရာတော်ကြီး ဦးအာသဘ ၀ပ်ဆိုင်မွန်း ကျောင်းမှာ သတင်းသုံးခဲ့တဲ့နှစ်က မြန်မာလို ၁၃၀၈ ခုနှစ် နယုန် လပြည့်ကျော် ၁၄ ရက် က စတင်တာလို့ သူ့ရဲ့ ထေရုပ္ပတ္တိမှာ ပါရှိပါတယ်၊ ဒါကြောင့် ဆရာတော်ကျော်ကြီးဟာ ၆၅ နှစ်လောက် ဒီကျောင်းတိုက်မှာ သီတင်း သုံး နေထိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု ၀ပ်ဆိုင်မွန်း ကျောင်းမှ မြန်မာ သံဃာတော် အရှင် ၀ါသေဋ္ဌ ကလည်း မိန့်ဆိုသည်။
ဝပ်ဆိုင်မွန်း ဘုန်းတော်ကြီးကျောင်းသည် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသား အများစုက ကိုးကွယ်သည့်ကျောင်း ဖြစ်ပြီး မြန်မာ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ရိုးရာပွဲလမ်း အခမ်းအနားများ ပြုလုပ်ရန် အားထားရသော ကျောင်းလည်း ဖြစ်သည်။
ယင်း ၀ပ် ဆိုင်မွန်းတွင် မြန်မာ ကျောင်းထိုင် ဆရာတော်ကို ဆက်လက် ထားရှိရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများ အပါအ၀င် ဂေါပက အဖွဲ့ဝင် ၁၅၀ ကျော် ယမန်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် ပျံလွန်တော်မှုသွားသည့် နောက်ဆုံး ကျောင်းထိုင် ဆရာတော် ဦးအာသဘ(သက်တော် ၉၁နှစ်၊ ၀ါတော် ၇၀)၏ နေရာတွင် ထိုင်း ဥပဒေ အရ ထိုင်း သံဃာတော် တပါးကို အစားထိုး ခန့်အပ်ရန် ထိုင်းသာသနာရေး ၀န်ကြီး ဌာနနှင့် ထိုင်း သံဃာတော်များက စီစဉ်နေခြင်းကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ချင်းမိုင်မြို့မှ ဗုဒ္ဓဘာသာ အသင်း ဥက္ကဌ ကိုစိုးဝင်း က ဧရာဝတီသို့ ပြောသည်။
“ချင်းမိုင်မြို့မှာရှိတဲ့ ကျနော်တို့ရဲ့ နောက်ဆုံး ဘုန်းကြီးကျောင်း တကျောင်းလည်း ဖြစ်တယ်၊ တကယ်လို့သာ ဒီကျောင်း ဆုံးရှုံးခဲ့ မယ်ဆိုရင် ဒီမှာ နေတဲ့ မြန်မာနိုင်ငံသားတွေဟာ ဘယ်ဘုန်းကြီးကျောင်းကို သွားကြမှာလဲ၊ အဲဒါကို စိတ်သောက ဖြစ်မိတယ်”ဟု ၎င်းက ဆိုသည်။
ထိုင်း ဥပဒေအရ ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်လျက်ရှိသော မြန်မာ ကျောင်းထိုင် ဆရာတော်များ ပျံ လွန်တော်မူသွားပါက ထိုင်း သံဃာတော်များ ကျောင်းထိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း၌ လန်ပန်းမြို့ရှိ မြန်မာဘုန်းကြီးကျောင်း တကျောင်းကိုသာ ထိုင်းအစိုးရက တရားဝင် သတ်မှတ်ထားကြောင်းလည်း သိရှိရသည်။
“ထိုင်း ပရိသတ်ကြားထဲမှာ မြန်မာ ပရိသတ်ဝင်သွားဖို့ ဆိုတာ သူတို့က နေရာပေးမှာ မဟုတ်ဘူး၊ ကိုယ့်ကျောင်းနဲ့ ကိုယ်၊ ကိုယ့် ဘုန်းကြီးနဲ့ကိုယ်က လွတ်လွတ်လပ်လပ် ကိုယ့်ဒကာ၊ ဆရာ ရင်းရင်း နှီးနှီးနဲ့ ရတယ်၊ မြန်မာ လူမှုအသိုင်းအ၀ိုင်း ဆိုလည်း ဖြစ်နိုင် တယ်၊ မြန်မာ လူမျိုးတွေ အားလပ်တဲ့ရက်မှာ ဘုရားသွား၊ ကျောင်းတက်လို့ ရတာပေါ့၊ အဲဒါကြောင့် ကျနော်တို့ ကာကွယ်တာပါ” ဟု ကိုစိုးဝင်းက ဆက်ပြောသည်။
ထိုင်းသံဃာတော် ကျောင်းထိုင်ရန် စီစဉ်နေသော ၀ပ်ဆိုင်မွန်းကျောင်းတွင် ကျောင်းပိုင် ပစ္စည်းများအနေနှင့် တိုက်ခန်းပေါင်း ၁၆ ခန်း နှင့် ဘဏ်ထဲတွင် ဘတ်ငွေ သိန်း ၂၀ အပါအ၀င် ကျောင်း၌ အသုံးပြုနေသော ကားများရှိပြီး ကျောင်း ဂေါပက ထိုင်းလူမျိုးများက ထိန်းသိမ်းထားကြောင်းလည်း ကိုစိုးဝင်းက ဆိုသည်။
ဝပ်ဆိုင်မွန်းကျောင်း ဂေါပက အဖွဲ့ဝင် ဦးကံချွန်က“ဒီနေ့ကျမှ ထိုင်းကျောင်းဖြစ်မယ် ဆိုရင်တော့ လုံးဝ လက်မခံနိုင်ပါဘူး၊ ထိုင်းနိုင်ငံ ကို ရောက်တာ ၁၀ နှစ်ကျော်သွားပြီ ဒီကျောင်းကိုပဲ လာတယ်”ဟု ပြောသည်။
ယမန်နေ့က မွန်းလွဲပိုင်း ၁ နာရီမှ စတင်၍ ၃ နာရီ ခန့် အကြာ ၀ပ်ဆိုင်မွန်း ကျောင်းတိုက်ပေါ်တွင် ချင်းမိုင်ခရိုင် ထိုင်း သာသနာရေး ၀န်ကြီး အပါအ၀င် ထိုင်းသံဃာတော်များသည် ညှိနှိုင်းခဲ့ကြရာ မြန်မာနိုင်ငံသားများ တောင်းဆိုထားသည့် ကျောင်းထိုင် ဆရာတော် ခန့်အပ်ရေးအတွက် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြသည်။
ယာယီ ကျောင်းထိုင် ခန့်အပ်ထားသည့် ထိုင်းသံဃာတော် တပါးကိုလည်း ပြန်လည် ပင့်ဆောင်သွားပြီး ၀ပ် ဆိုင်မွန်းကျောင်းမှ တာ ၀န်ရှိသူ ၅ ဦးနှင့် ထိုင်း သာသနာရေး ၀န်ကြီး အပါအ၀င် ထိုင်း သံဃာတော်များနှင့် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြခြင်း ဖြစ် သည်။
ဝပ်ဆိုင်မွန်းတွင် မြန်မာ ကျောင်းထိုင် ဆရာတော် ဆက်လက် ထားရှိရေးအတွက် ယမန်နေ့က ကျောင်းဝင်းအတွင်း၌ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော မြန်မာနိုင်ငံသားများ (ဓာတ်ပုံ – ဧရာဝတီ)
မည်သည့်နေ့ရက်တွင် တွေ့ဆုံကြမည်ကို မသိရသေးသော်လည်း တွေ့ဆုံမည့်ရက် အတိအကျသတ်မှတ်ပြီးပါက တပတ်ခန့် ကြို တင် အကြောင်းကြားမည် ဖြစ်ကြောင်း ထိုင်း သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။
ကျောင်းနှင့် သက်ဆိုင်သည့် ပိုင်ဆိုင်မှုကိုလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆိုသည်။
ဝပ်ဆိုင်မွန်း ဘုန်းကြီးကျောင်းသို့ ယမန်နေ့က ထိုင်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် ရောက်ရှိလာသော်လည်း ဖမ်းဆီး အရေးယူသည့် သတင်းများထွက် ပေါ်လာခြင်း မရှိပေ။
ကိုစိုးဝင်းက“သူတို့ အုပ်ချုပ်မယ် ဆိုလည်း အုပ်ချုပ်ပါ၊ သို့သော်လည်း ဒီကျောင်းမှာမထိုင်ဖို့ လိုလားတယ်၊ အဝေးကနေ အုပ်ချုပ် ပေါ့၊ အခု လောလောဆယ် ကျနော်တို့လည်း သက်ဆိုင်ရာ အဖွဲ့ အစည်းတွေကို ကြိုးစားပြီး ဆက်သွယ်နေတယ်၊ ဒီကိစ္စမှာ အောက် ခြေအဖွဲ့ အစည်းကနေပြီးတော့ ပြီးပြတ်သွားမယ် ဆိုတာလည်း မမျှော်လင့်ထားဘူး၊ ဘာပဲ ဖြစ်ဖြစ် နှစ်နိုင်ငံ အစိုးရတွေ ပူးပေါင်း လုပ်ဆောင်မှသာ အဆင်ပြေနိုင်မယ်လို့ ယူဆတယ်”ဟု ပြောဆိုသည်။
 http://burma.irrawaddy.org/archives/14509

နေတိုးနှင့် ကျော်ကျော်ဗို အင်္ဂလန်တွင် ခရီးသွား မှတ်တမ်း ဇာတ်လမ်း ရိုက်မည်

Monday, July 9, 2012 Category : 0


နေတိုးနှင့် ကျော်ကျော်ဗို အင်္ဂလန်တွင် ခရီးသွား မှတ်တမ်း  ဇာတ်လမ်း ရိုက်မည်အင်္ဂလန်နိုင်ငံရှိ ကမ္ဘာကျော် ဘောလုံးကွင်း ခြောက်ကွင်းတွင် အကယ် ဒမီ နေ တိုးနှင့် ကျော်ကျော် ဗိုတို့ က ခရီးသွားမှတ်တမ်း ဇာတ်ကားများ ဇူလိုင်လတွင် သွားရောက် ရိုက်ကူးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အစီအစဉ်တွင် မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ လီဗာပူး၊ အာဆင်နယ်၊ ချယ်လ်ဆီးနှင့် စပါးအသင်းတို့၏ ဘောလုံးကွင်းများသို့ သွားရောက်မည်ဖြစ်ပြီး ပြည်တွင်းရှိ မြဝတီရုပ်မြင်သံကြား အခမဲ့ ရုပ်သံလိုင်းတွင် ပရီးမီးယားလိဂ် ဘောလုံးပွဲများ ကျင်းပမည့် သြဂုတ်လ၌ ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း ယင်းအစီအစဉ်ကို တာဝန်ယူ ထုတ်လွှင့်မည့် ADMA မှ ကိုဝေမင်းမောင်က ပြောသည်။ “နှင်းဆီအငြိမ့်အတွက် ဥရောပ လေးနိုင်ငံ ခရီးသွားရင်းနဲ့ ဒီမှတ်တမ်းကားလေး ရိုက်ခဲ့မှာပါ။ ကျွန်တော် ဘောလုံးကို ဝါသနာပါတယ်။ ဒါကြောင့် ဒီခရီးစဉ်မှာ ဘောလုံးကွင်းတွေရဲ့Theme ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ရသလောက် အချိန်လေးမှာ ရိုက်သွားမှာပါ” ဟု ကျော်ကျော်ဗိုက ပြောသည်။
ပြည်ပခရီးစဉ်များ သွားရောက်သည့် အခါတိုင်းတွင် မှတ်တမ်းမှတ်ရာအဖြစ် ရိုက်ကူးခဲ့ခြင်းများ ရှိခဲ့သော်လည်း ယခု အစီအစဉ်ကဲ့သို့ အချိန်ယူရသည့် အစီအစဉ်မျိုး ရိုက်ကူးရန် အခြေအနေ မပေးခဲ့ဘဲ ယခု ဥရောပ လေးနိုင်ငံ ခရီးစဉ်တွင်မူ အချိန်တစ်လနီးပါး ရရှိခြင်းကြောင့် ရိုက်ကူးရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။ ယခု မှတ်တမ်းကားအတွက် နေတိုး ဇာတ်ဝင်ခန်းများကို ကျော်ကျော်ဗိုက မှတ်တမ်းတင် ရိုက်ကူးပေးမည်ဖြစ်ပြီး ကျော်ကျော်ဗို ဇာတ်ဝင်ခန်းများကို နေတိုးက အပြန်အလှန် ရိုက်ကူးပေးကြမည် ဖြစ်သည်။
အေးသူစံ
7Day News

တေးရေးဆရာ စိုင်းခမ်းလိတ်နှင့် တွေ့ဆုံခြင်း

Category : 0


 တေးရေးဆရာ စိုင်းခမ်းလိတ်နှင့် တွေ့ဆုံခြင်းပေါ်ပြူလာဂျာနယ် ၁၅နှစ်ပြည့် ကာလမှာ ဆရာစိုင်းခမ်းလိတ်ရဲ့ အင်တာဗျူးကို အနု ပညာ ချစ်သူ ပရိသတ်တွေ အတွက် တင်ဆက်ချင်ခဲ့ပါတယ်။ ဆရာ စိုင်းခမ်းလိတ်ဟာ တစ်ခေတ်တစ်ခါက အရွယ်စုံပရိသတ်ရဲ့ ရင်ကို ထိအောင် သီချင်းများစွာရေးစွမ်းနိုင်ခဲ့သလို မြန်မာနိုင်ငံမှာ တေးရေးပညာရှင်တွေ များစွာပေါ်ထွန်းလာအောင် ရည်ရွယ်ပြီး 'စိုင်းခမ်းလိတ် ဖောင်ဒေးရှင်း' ကို တည်ထောင်ထားသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာ့ကို မှတ်မှတ်ရရ အင်တာဗျူးချင်ကြောင်းခွင့်တောင်းခဲ့တဲ့အခါ ဆရာက လိုလိုလားလား အင်တာဗျူးဖို့ ခွင့်ပြု ခဲ့တဲ့အတွက် ပရိသတ်တွေ သိချင်ကြမယ့် အကြောင်း အရာတွေကို အဓိကထားကာ မေးခွန်းတွေ မေးမြန်းပြီး အခုလိုဂုဏ်ယူ စွာ ဖော်ပြ နိုင်ခဲ့ပြီဖြစ်ပါတယ်။
မေး- ဂီတလောကမှာ နှစ်ပေါင်းတော် တော်ကြာ ဖြတ်သန်းလာခဲ့ပြီးပြီဖြစ်တဲ့ ဆရာ့ အနေနဲ့ အခက်အခဲတွေနဲ့ကြုံခဲ့ရတဲ့အခါ ဘယ် လို ခွန်အားမျိုးတွေနဲ့ ရှေ့ ဆက်ခဲ့ပါသလဲ။
ဖြေ-ကျွန်တော်ကတော့ခွန်အားဆိုတာထက် ခံနိုင်ရည် နဲ့ကြံ့ကြံ့ခိုင်ရပ် တည်ပြီး လုပ်ချင်တာကို ရင်ထဲမှာ စွဲစွဲမြဲမြဲထည့်ထားပြီး လုပ်ကိုင်ခဲ့ပါတယ်။
မေး-အရင်တုန်းက စိုင်းထီးဆိုင် ဆိုခဲ့တဲ့ သီချင်းတွေကို အခုဘိုဖြူ ပြန် ဆို တဲ့အပေါ် ဆရာအားရမှုရှိပါသလား။
ဖြေ- ကျွန်တော်ဟာ အခုထက်ထိတော့ သူများ ရေးပြီး ကျွန်တော်ကြိုက်တဲ့ သီချင်းတွေ၊ကျွန်တော် ရေးပြီးပရိသတ်တွေနှစ်သက်ခဲ့တဲ့ သီချင်း တွေကို ဘယ်လိုလူမျိုးပဲလာဆိုဆို၊ ဆိုတဲ့သူရဲ့ ကောင်းကွက် ကိုပဲရှာကြည့် တတ် ပါတယ်။ အဲဒီ ကောင်းကွက်တစ်ကွက်ကိုပဲမူတည်ပြီး ဆိုတဲ့သူ ကိုချီးကျူး တတ်ပါတယ်။လက်ခံတတ်ပါတယ်။
မေး-ကိုယ်ပိုင်သံစဉ်အနေနဲ့ရေးဖွဲ့တဲ့အခါ မှာ ဆရာ့ရဲ့သီချင်းတွေက အထူးအောင် မြင်ခဲ့တယ်။အဲဒါအကြောင်းအရာကောင်း နေခြင်းကြောင့်လား၊ သံစဉ်ကြောင့်လား။
ဖြေ- အခုထက်ထိ ကျွန်တော့်ကို လာမေးတဲ့ သူတွေကို ကျွန်တော် ဘာမှ ပြန်မပြောပြတတ် ပါဘူး။ သီချင်းတစ်ပုဒ်ဘာကြောင့် အောင်မြင် သလဲဆိုတာပေါ့လေ။တချို့က စာသား ကြိုက် ကြပါတယ်။ တချို့က တေး သွားလေးတွေကို ကြိုက် ကြပါတယ်။ကျွန်တော်က ကြိုက်ကြမယ် ထင် ထား တဲ့ သီချင်းတွေလည်း လူမကြိုက်တာ တွေ့ရတယ်။ တစ်ခါတလေကြိုက် မယ်လို့ မထင် ထားတဲ့ သီချင်းကိုကျ လူကြိုက်ပြန်ရော။ အမျိုးမျိုးပါပဲ။
မေး- သီချင်းရေးဆရာတစ်ယောက်က ငယ်ရွယ်တုန်းမှာခံစားမှုတွေပြည့်နှက် ပြီးတော့ ရေးတာပိုလက်တွေ့နိုင်လား။အခု နောက်ပိုင်း ဆရာသီချင်းရေး ကျဲသွားတာ ခံစားမှုနည်းသွား လို့လား။ ဆရာသီချင်းရေးကျဲသွားရခြင်း အကြောင်းအရင်းကို သိချင်ပါတယ်။ဆရာ အခု လက်ရှိမှာ သီချင်းရေးဖြစ်နေ ပါသေးလား။
ဖြေ-တေးရေးသူ တစ်ယောက်ဟာ များသော အားဖြင့် မသေခင် အထိ ရေးေ နတွေးနေမှာ ဒါမှမဟုတ် တွေးတာကိုရေးချင်နေမှာပဲလို့ ထင် ပါတယ်။ရေး ချင်တာ ကတော့ သီချင်းပဲ။ ဒါပေမဲ့ အများအားဖြင့် တွေးဖြစ်နေ တာကေ တာ့ ဖြတ်သန်းခဲ့ပြီးတဲ့ ဘဝနောက်ကြောင်းပေါ့လေ။ကျွန်တော်ဟာ ၁၉၆၆ ကတည်းက သီချင်းများ (ရှမ်း)ရေးခဲ့ပြီး ၊၁၉၆၈မှာစပြီးနာမည်ရ ခဲ့ပါ တယ်။ ဒီနေ့ထက်ထိလည်း ရှမ်း၊မြန်မာသီချင်းနှစ်မျိုး လုံး ရေးနေဆဲ ပါပဲ ။နောက် ဆုံး အခွေထွက်ခဲ့တာ ကတော့ ပြင်ဦးလွင် မီးပုံးပျံပွဲတော် သီချင်း ပါ။ နောက် ဆုံးစပ်နေဆဲ ရှမ်းသီချင်းကတော့ 'ကျား မျက်လုံးနဲ့လိပ်ပြာ' ဆိုတဲ့သီချင်းပါ 'ကပ်မို့တာဆေ'။မြန်မာသီချင်းကတော 'နာတာရှည်' ဆိုတဲ့ သီချင်းနဲ့ 'နောက် ထပ်တစ်ပုဒ်'ဆိုတဲ့ သီချင်းတွေပါ။
မေး- အရင်တုန်းကတော့ အဆိုတော် အောင်မြင်ရင်တေးရေးဆရာတွေပါ ပရိ သတ် သိကြတယ်။အခု နောက်ပိုင်းမှာတော့ အဆိုတော်ကိုပဲ ပိုသိကြ တယ်။ တေးရေးဆရာ တွေက နောက်မှာ ကျန်ရစ်ခဲ့ကြတယ်။အဲဒီ အပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်မိပါသလဲ။
ဖြေ- ဒီမေးခွန်းကိုတော့ ကျွန်တော် မပြောတတ် ပါဘူး။ ဒီလိုလည်းတစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။
မေး- ပါရမီရှိတဲ့ တေးရေးဆရာတွေ၊ ပါရမီ ရှိတဲ့ အဆိုတော်တွေ ကွယ်လွန် သွားတိုင်း ဆရာ့ရဲ့ ဂီတလောကအတွက် နှမြောစိတ် ကိုလည်း သိချင် ပါ တယ်။ ဖြေ- ပါရမီရှိရှိ၊မရှိရှိကျွန်တော်ကတော့ ခင်မင်တဲ့ သာမန်လူတစ်ယောက် ကွယ်လွန်သွား ရင်တောင် နှမြောစိတ်ဖြစ်ပေါ်လာတာပါပဲ။ မေး- အခုလက်ရှိ မျိုးဆက်သစ်တေးရေး ဆရာတွေရဲ့ သီချင်းရေးဖွဲ့မှု အား အပေါ် ဆရာ့အနေနဲ့ အားရမှုရှိပါသလား။
ဖြေ- ကျွန်တော့်အနေနဲ့ တေးရေးမှန်သမျှကို ဘယ်လိုသီချင်းအမျိုးအစား ပဲရေးရေး၊အမြဲတမ်း အားပေးကြိုဆိုနေပါတယ်။ဘာလို့လဲဆိုရင် သီချင်း တစ်ပုဒ်ရေးဖို့ဟာကျွန်တော့်အတွက် တော့တော်တော်ခက်ခဲတဲ့အလုပ်ဖြစ်နေလို့ပါ။
မေး- တေးရေးဆရာကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင် ဘယ်လိုလေ့လာ မှုတွေ လိုအပ် မလဲ။ ဆရာ အကြံဥာဏ်ပေးပါဦး။
ဖြေ- တေးရေးဆရာကောင်းဖြစ်ဖို့ဆိုရင် မြန်မာ စာ၊အင်္ဂလိပ်စာ ၊တိုင်းရင်း သား ဘာသာစာ၊ နောက် နိုင်ငံခြားစာနဲ့ သီချင်းများကို လေ့လာ ဖို့လိုအပ် ပါ တယ်။
မေး- စိုင်းခမ်းလိတ် ဖောင်ဒေးရှင်းကနေ မျိုးဆက်သစ် အဆိုတော်တွေ မွေး ထုတ်မယ်လို့ သိရပါတယ်။ ဆရာ့ရဲ့ ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး ရှေ့ဆက် သွား မယ့်အစီအစဉ် တွေကို သိချင်ပါတယ်။
ဖြေ- မြန်မာနိုင်ငံမှာ တေးရေးရှားနေလို့ တေး ရေးတွေအတွက် အထောက် အကူပြုနိုင်အောင် စဉ်းစားခဲ့တာကြာပါပြီ။ နှစ်၅ဝပြည့် မွေးနေ့ တုန်းက လည်း ဖောင်ဒေးရှင်းတစ်ခု ထောင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အခြေအနေ မပေးခဲ့ လို့မဖြစ်ခဲ့တာပါ။အခုကတော့ ကူညီထောက်ပံ့ ပေးမယ့်သူပေါ်လာလို့ အစပျိုးနိုင်တာပါ။
မေး- အခုချိန်မှာတော့ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ဂီတကလည်း အသစ်တွေ ပေါ်လာပါတယ်။ အသစ်တွေကို ဖန်တီးကြ တဲ့လူငယ်တွေအပေါ် ဆရာ့ရဲ့အားပေး စကားလေးလည်း ပြောပေးပါဦး။အခု လက်ရှိ လူငယ်တွေ တအားကြိုက်နေကြတဲ့ ဟစ် ဟော့ပ်မြူးဇစ်အပေါ်လည်း ဆရာ့ရဲ့ထင်မြင် ချက်လေး သိချင်ပါတယ်။
ဖြေ-ဟစ်ဟော့ပ်အပါအဝင် ဂီတအသစ်တွေ အပေါ်မှာ အမြဲလက်ခံ ကြိုဆို အားပေးနေလျက် ပါပဲ။လူငယ်တွေကို ပြောချင်တာကတော့ အခြေ အနေပေးပေး၊မပေးပေး လုပ်ချင်တာကို တစိုက် မတ်မတ်ကိုယ်ရော ၊စိတ်ရော၊ ဝိညာဉ်ပါ ပူးပေါင်း ကြိုးစားကြပါလို့ပါပဲ။
မေး- ဆရာ့ရဲ့သီချင်းတွေကို မျှော်နေမယ့် ပရိ သတ် အတွက် ပေါ်ပြူလာ ဂျာနယ်ကနေ အကြိုစကားလေးဆရာပြောပေးပါဦး။
ဖြေ-သီချင်းတွေကို မျှော်နေမယ့်ပရိသတ်အတွက် တော့ သီချင်းတွေ ပွင့်တဲ့ ချယ်ရီမြေသီချင်းတွေကို အားရင်နားထောင်ကြည့်ပါလို့။ (အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ)
လင်းအက္ခရာ
Popular News

Broadband Wimax Service ကို ကျပ် ၄၉၅,ဝ၀ဝ ဖြင့် ရောင်းချပေးမည်

Tuesday, July 3, 2012 Category : 0


Red Link Company မှ ဝန်ဆောင် မှုပေးလျက် ရှိသော Broadband Wimax Service အား
မိုးရာသီ အထူးဈေးနှုန်းအဖြစ် ဇွန်လ ၂၅ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အတွင်း ကနဦးတပ်ဆင်ခနှုန်းထားအား အထူးဈေးနှုန်း ၄၉၅၀ဝ၀ ကျပ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Red Link Company မှ ဝန်ဆောင်မှုပေးသောWimax Broadband Service မှာချက်ချင်းဝယ်၊ ချက်ချင်းအသုံးပြုနိုင်ကြောင်းသိရှိရပြီးအသုံးပြုရန်အ တွက် အချိန်အတိုင်းအတာတစ်ခုအထိစောင့်ဆိုင်းရခြင်းမရှိကြောင်း သိရှိရ ကာအလွန်လွယ်ကူပြီး လျှပ်စစ်မီးရရှိရုံဖြင့်အသုံးပြုနိုင်ကြောင်းသိရှိရသည်။
လူတန်းစားမရွေးအသုံးပြုနိုင်အောင်ဆောင်ရွက်ထားပြီးအထူးဈေးနှုန်း များဖြင့်ရောင်းချလျက်ရှိသော Broadband Wimax Service မှာဖုန်း လိုင်းရှိစရာမလို၊ တိုင်ထောင်အသုံးပြုစရာမလိုဘဲ ရန်ကုန်တိုင်းဒေသကြီး အတွင်း အလွယ်တကူအသုံးပြုနိုင်ပြီး ငွေသွင်းပြီးသည့် အချိန်မှ မိနစ်ပိုင်း အတွင်းချက်ချင်းအသုံးပြုနိုင်ခြင်း၊Service Plan များမှာလည်းအသုံးပြု သလောက်သာပေးဆောင်ရခြင်း၊ အိမ်သုံးမိသားစုသုံးများအတွက် ကုန်ကျ စရိတ်သက်သာသော Customer Plan နှင့်လုပ်ငန်းသုံး Corporate Plan များသတ်မှတ်ပေးထားခြင်း၊ သုံးစွဲမှုအခက်အခဲများအတွက်လည်း 24 hours x 7 days Call Center များထားရှိပေးခြင်းစသည်ဖြင့်သုံးစွဲ သူများ အဆင်ပြေစေရန်ဆောင်ရွက်ထားကြောင်းသိရှိရသည်။
ထို့ပြင် ဝယ်ယူရာတွင်လည်းအဆင်ပြေစေရန်အတွက်Redlink Communication Co.,Ltd ၏ အရောင်းစင်တာများဖြစ်သော ပုလဲကွန်ဒို အဆောင် A မြေညီထပ်၊ BAK IT Mall ပထမထပ်၊Gadamar Whole sale မြေညီထပ်၊ Junction Square တို့အပြင်တရားဝင်အရောင်းဆိုင်ကြီး များဖြစ်သောTechnoland Computer, ICE Computer, Smart Computer, Unique Computer, KMD Computer, ABC Computer, Radiances Computer, Access Spectrum Computer နှင့် Sein Gayhar Supermarket များတွင်ပါ ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ရက်နေ့အတွင်းလျှောက်ထား ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

မလေးရှား ဒုဝန်ကြီး ချုပ်ဟောင်း အန္နဝါ စွပ်စွဲ မှုများစွာဖြင့် ရင်ဆိုင်နေရ

Category : 0


မလေးရှား ဒုဝန်ကြီး ချုပ်ဟောင်း အန္နဝါ စွပ်စွဲ မှုများစွာဖြင့် ရင်ဆိုင်နေရအတိုက် အခံခေါင်းဆောင် 'အန္နဝါအီဘရာဟင်' သည် မလေးရှား ရွေးကောက် ပွဲပြုပြင်ပြောင်းလဲမှုများဆိုင်ရာ လူထုအစည်းအဝေးပွဲတွင် ၄င်း၏ အစိတ်အပိုင်း အပေါ်စွပ်စွဲချက် များစွာကို တနင်္လာနေ့တွင်ရင်ဆိုင်ခဲ့ရသည်။ အဆိုပါစွပ်စွဲချက်များတွင် နိုင်ငံရေးနှင့်စပ်လျဉ်း၍ ၄င်းသည် အရည်အချင်း မပြည့်မီကြောင်း မြင်သာ ခဲ့ရသည်ဟု ဆိုသည်။ မြို့တော်ကွာလာလမ်ပူတွင် စုရုံးရောက်လာသည့်ထောင်ပေါင်း များစွာသောလူထုသည် မဲဆန္ဒပေး ရာတွင် သန့်သန့်ရှင်းရှင်းဖြစ်နိုင် ရန် ဧပြီလ ၂၈ ရက်တွင် တောင်း ဆိုခဲ့သည်။
၎င်းတို့ ထုတ်ဖော်ပြော ဆိုသည့်စနစ်တစ်ရပ်အတွက်ပြု ပြင်ပြောင်းလဲရေးများသည်၁၉၅၇ ခုနှစ်ကတည်းက အုပ်စိုးလာသော ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ညွန့် ပေါင်းဘက်ကိုယိမ်းလျက်ရှိသည်။ ဆန္ဒပြသူအချို့က ပင်မရင် ပြင်ပတ်ပတ်လည်တွင် ကာထား မြို့တော်ကွာလာလမ်ပူတွင် စုရုံးရောက်လာသည့်ထောင်ပေါင်း များစွာသောလူထုသည် မဲဆန္ဒပေး ရာတွင် သန့်သန့်ရှင်းရှင်းဖြစ်နိုင် ရန် ဧပြီလ ၂၈ ရက်တွင် တောင်း ဆိုခဲ့သည်။ ၄င်းတို့ ထုတ်ဖော်ပြော ဆိုသည့်စနစ်တစ်ရပ်အတွက်ပြု ပြင်ပြောင်းလဲရေးများသည်၁၉၅၇ ခုနှစ်ကတည်းက အုပ်စိုးလာသော ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ညွန့် ပေါင်းဘက်ကိုယိမ်းလျက်ရှိသည်။
ဆန္ဒပြသူအချို့က ပင်မရင် ပြင်ပတ်ပတ်လည်တွင် ကာထား တွက် အပြစ်မရှိကြောင်း လျှောက် ထားခဲ့သည်ဟု အန္နဝါ၏ရှေ့နေ ' ရမ်ကာပါ'ကထုတ်ဖော် ပြောဆိုခဲ့ သည်။ အဆိုပါ စွပ်စွဲခံရချက်သည် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ချမှတ်ခံရနိုင်သည်ဟု သိ ရသည်။အကယ်၍၄င်းတွင် အပြစ် ရှိကြောင်းတွေ့သိရလျှင် အန္နဝါ ကို နိုင်ငံရေးလုပ်ဆောင်မှုမှတား ဆီးနိုင်မည်ဖြစ်ပြီး ထောင်ဒဏ် ၆ လအထက်သို့မဟုတ် ငွေဒဏ် ရင်းဂစ် ၂၀ဝ၀ (ဒေါ်လာ ၆၂၀) ကျော် ပေးဆောင်ရမည် ဖြစ်သည် ဟု ၄င်း၏ရှေ့နေရမ်ကထုတ်ဖော် ပြောဆိုခဲ့သည်။ လမ်းပေါ်တက်ချီတက်ဆန္ဒ ပြမှုဆိုင်ရာဥပဒေသစ်ကိုချိုးဖောက် မှုနှင့်ကွာလာလမ်ပူမြို့လယ်ကောင် မှ လူထုအစည်းအဝေးကို အထူး တားမြစ်သည့် တရားရုံးအမိန့်ကို ဖီဆန်မှုတို့ဖြင့် အန္နဝါနှင့်အပေါင်း ပါနှစ်ဦးတို့ကို မေလကပင်တရား စွဲပြီးဖြစ်ကြောင်းသိရသည်။ အသက် ၆၄ နှစ်ရှိ အန္နဝါ သည် ပထမစွပ်စွဲမှုနှစ်ရပ်ကို ခုခံ ချေပနေရသည်။
ဇန်နဝါရီတွင်ယခင်က လက် ထောက်လုပ်ခဲ့သူ အမျိုးသမီးနှင့် ဆက်ဆံခဲ့မှုဖြင့် ကာလကြာကြာ စီရင်စစ်ဆေးပြီးနောက် တရား သေလွှတ်ပေးခဲ့သည်။ ၁၉၉၈ ခု တွင် ဝန်ကြီးချုပ် မဟာသီဟာမို ဟာမက်နှင့် ဒုတိယဝန်ကြီးချုပ် အန္နဝါတို့အတူ ရာထူးပြုတ်ကျပြီး နောက်တွင် အန္နဝါကို အဂတိ လိုက်စားမှုဖြင့် ထောင်ချခဲ့သည် ဟု သိရသည်။ ၂၀ဝ၄ ခုနှစ်တွင် ၄င်းသည် ထောင်မှ လွှတ်ခဲ့သည် ဟုဆိုသည်။
မာန်သစ်နိုး
Venus News Journal

နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခု

Category : 0


နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခုအသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလှပနေ သူတွေ သင့်ပတ် ဝန်းကျင်မှာ တွေ့ဖူးမှာပါ။ နေ့စဉ်လိုက်နာ ကျင့်သုံးတဲ့ အလေ့အကျင့် တွေက နုပျိုလှပမှုကို ဖြစ်စေ တာပါ။ သူတို့တစ်တွေ လိုက်နာ ဆောင်ရွက်လေ့ရှိတဲ့ အလေ့အကျင့်တွေထဲက ခုနစ်ခုကို ဖော်ပြ လိုက်ပါတယ်။
၁) သဘာဝပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ အလှပြင်ပစ္စည်းတွေကို အသုံးပြုတယ်
အများစုက ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက ပိုမိုအာနိသင်ပြည့်ဝတယ်လို့ ထင်တတ်ကြ ပါတယ်။ တကယ်တော့ သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထုတ် လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက သက်ကြီးအရေးကြောင်းတွေ အတွက် အမှန်တကယ် ထိရောက်မှုရှိတယ်လို့ အလှအပပညာ ရှင် ဘာဘရာကလို့က ပြောပါတယ်။ အပင်ထွက်ပါဝင်ပစ္စည်း တွေဖြစ်တဲ့ ပက်ပ်တိုက်၊ လိုက်ပိုဆုန်း၊ ဂလိုင်ကိုဆိုက် စတာတွေ က အသားအရေကို ကြည်လင်ဝင်းပတာ၊ တင်းရင်းမှုရှိတာ၊ အရေး ကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးတာ စတဲ့ အစွမ်းအာနိသင် တွေ ရှိပါတယ်။
၂) နေရောင်ကာခရင်မ် အမြဲလိမ်းတယ်
အရွယ်အိုမင်းမှုကို တားဆီးနိုင်တဲ့ ပထမဆုံးလက်နက်က နေရောင်ကာ ခရင်မ်လိမ်းတာပါလို့ ကလို့က ပြောပါတယ်။ ဇင့်နဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုက်ပါတဲ့ နေရောင်ကာခရင်မ် တွေက အသားအရေကို ယားယံမှုမရှိစေဘဲ နေရောင်ခြည်တွေ ကို အသားအရေနဲ့ မထိတွေ့အောင် လုပ်ဆောင်ပေးတာ ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ အရွယ် တင်နုပျိုနေသူတွေဟာ နေရောင်ကာခရင်မ်ကို နေ့စဉ် အသုံးပြု တတ်ကြပါတယ်။ နေရောင်ခြည်က အိုမင်းမှုကို မြန်ဆန်စေတယ် ဆိုပေမယ့် တစ်နေ့ကို နေခြည်နုနုနဲ့ ၁၀ မိနစ်လောက်တော့ ထိတွေ့မှုရှိပါမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီကို ရရှိမှာပါ။ နေခြည်နုနုရရှိဖို့ မနက် ၁၀ နာရီမတိုင်မီနဲ့ ညနေ ၄ နာရီနောက်ပိုင်းတွေမှာ အပြင်ထွက်ပါ။
၃) အင်တီအောက်ဆီးဒင့်ပါဝင်တာကို အသုံးပြုတယ်
နုပျိုသူတွေ အသုံးပြုလေ့ရှိတဲ့ အင်တီးအောက်ဆီးဒင့်ပါ ဝင်တဲ့ အသားအရေ ထိန်းပစ္စည်းတွေက ခန္ဓာကိုယ်မှာ အိုမင်းမှု ကို ဖြစ်စေတဲ့Free Radical တွေရဲ့ တိုက်ခိုက်မှုမှ တားဆီးပေးပြီး ခန္ဓာကိုယ်တွင်း ညစ်ညမ်းမှုတွေကိုပါ ဖယ်ရှားပေးပါတယ်။ နယူး ယော့ခ်မှ အရေပြားပညာရှင်က ဘလူးဘယ်ရီ၊ လက်ဖက်စိမ်းနဲ့ ဗီတာမင် အီးစတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ အသားအရေ ထိန်းသိမ်းပေးတာတွေကို အသုံးပြုပါလို့ အကြံပေးပါတယ်။
၎) နေ့စဉ် အဆီလိမ်းတယ်
အသားအရေဝင်းပသူတွေဟာ အဆီတစ်မျိုးမျိုးကို နေ့စဉ် လိမ်းတတ်ကြပါတယ်။ အိုမီဂါ-၃ နဲ့ အိုမီဂါ- ၆ ပါဝင်တဲ့ အဆီ တွေက အရေပြားမှာ အလွှာပါးတစ်ခုအနေနဲ့ ဖုံးအုပ်ထားတာ ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရေပြားမှာ ရေဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
၅) သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားတယ်
အရွယ်တင်နုပျိုစေတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာတွေကို အရေပြားမှာ လိမ်းပေးရုံသာမက စားပေးတာက အပေါ်ယံ ရွှေမှုန်ကြဲသလို မဖြစ်စေဘဲ ခန္ဓာကိုယ်တွင်းမှ နက်နက်ရှိုင်းရှိုင်း လှပမှု ဖြစ်စေတယ်လို့ နယူးယောက်မှ အရေပြားပညာရှင် အဲလိစ် စဘတ်က ပြောပါတယ်။ သစ်သီး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေနဲ့ လက်ဖက်ရည်ကို သောက်ပေးပါ။ အပေါ် ယံဆဲလ်တွေ သေဆုံးသွားပြီး ဆဲလ်အသစ်ဖြစ်ပေါ်လာဖို့ ခန္ဓာ ကိုယ်တွင်းမှာ ကုန်ကြမ်းကို ရရှိပြီးသား ဖြစ်စေပါတယ်။
၆) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီ စားတယ်
အသားအရေ ဝင်းပစိုပြည်သူတွေက သံလွင်ဆီနဲ့ ငါးအဆီ တွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီတွေကို စားသုံးကြပါတယ်။ သင်က အဆီမှန်သမျှ ရှောင်ကြဉ်နေပါက သင့်အသားအရေ ငယ်ရွယ်နုပျိုဖို့ကို ဟန့်တားသလိုဖြစ်နေပါလိမ့်မယ်။ ကျန်းမာရေး နဲ့ညီညွတ်တဲ့ဆီတွေက အရေပြားကို အတားအဆီးတစ်ခုအနေနဲ့ ကာကွယ်ပေးရုံသာမကဘဲ အရေပြားက ရေဓာတ်ဆုံးရှုံးမှုနဲ့ ရောင် ရမ်းမှုတွေကို တားဆီးပေးပါတယ်။
၇) ယောဂကျင့်တယ်
စိတ်နဲ့ ခန္ဓာကိုယ်က ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ ယောဂကျင့်သူတွေဟာ စိတ်ပျို ကိုယ်နုကြပါ တယ်။ စိတ်ဖိစီးမှုများပါက ခန္ဓာကိုယ်က ကော်တီဇောဟော်မုန်း တွေထွက်ပြီး အိုမင်းမှုကို မြန်ဆန်စေပါတယ်။ ဒီဟော်မုန်းက အသားအရေတင်းရင်းစေတဲ့ ကိုလာဂျင်တွေကို ဖျက်ဆီးပြီး အရေးကြောင်းတွေဖြစ်စေပါတယ်။
၈) လေ့ကျင့်ခန်းလုပ်တယ်
လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှု တွေကို တားဆီးပေးတဲ့ အင်ဒေါ်ဖင်န်ဟော်မုန်း ထွက်ရှိပါတယ်။ ဒီဟော်မုန်းက အနာကျက်မြန်စေပြီး ခန္ဓာကိုယ်မှာ သွေးလှည့်ပတ် မှုကို ကောင်းမွန်စေတာကြောင့် အရေပြားဆဲလ်တွေအထိ အာဟာရ ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် နုပျိုတက်ကြွလှပ သူတွေဟာ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို အနည်းဆုံး သုံးရက် လောက် လေ့ကျင့်ခန်းပြုလုပ်တတ်ကြပါတယ်။
ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
Good Health

အလှပျက်စေသည့် အံ့အားသင့်စရာ အချက်များ

Category : 0


အလှပျက်စေသည့် အံ့အားသင့်စရာ အချက်များနေ့စဉ် ကျွန်မတို့ လုပ်မိကြတဲ့ တ ချို့အပြုအမူတွေကြောင့် အလှအပကို ထိခိုက် စေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ ကြောင့် အဲဒီလို ပြဿနာတွေ မဖြစ်စေ ဖို့ ဘယ်လို ရှောင်ရှားသင့်တယ် ဆိုတာ လေ့လာကြည့်ရအောင်။
ရှလကာရည်ထည့်ထားသော ဟင်းရွက်သုပ် စားခြင်း
“ရှလကာရည်ရဲ့ pH က ၂ ဒသမ ၅ ဖြစ်ပြီး အက်စစ်ဂုဏ်သတ္တိရှိပါတယ်”လို့ ဖလော်ရီဒါမှ သွားဆရာဝန်ဂျက်ဆန်က ဆိုပါတယ်။ အက်စစ်က သွာြးွေကလွှာ တွေကို တိုက်စားစေနိုင်သလို အရောင် ပါတဲ့ ရှလကာရည်ဆိုရင် သွားတွေကို အစွန်းထင်စေပါတယ်။
ဘယ်လို ဖြေရှင်းမလဲ
အဖြူရောင် ရှလကာရည်ကို ရွေး ချယ်ရင် သွားတွေကို အစွန်းမထင်စေသ လို ဟင်းနုနယ်လို အယ်လ်ကာလီဓာတ် များတဲ့ အရွက်သုပ်ထဲမှာ ထည့်စားရင် အက်စစ်ဓာတ်ကို ဓာတ်ပြယ်စေပါတယ်။ ဒါပေမဲ့ စားပြီးတာနဲ့ ချက်ချင်း သွားမတိုက်ပါနဲ့။ အနည်းဆုံး ၁၀ မိနစ်ကြာမှ သွားတိုက်သင့်ပါတယ်။
နေ့စဉ် ခေါင်းလျှော်ခြင်း
ဘုံပိုင်ရေတချို့မှာ ကလိုရင်းဓာတ် သိသိသာသာ ပါဝင်ပါတယ်။ ကလိုရင်း ပါတဲ့ ဘုံပိုင်ရေနဲ့ ခေါင်းလျှော်ရင် ဆံပင်သားရဲ့ သဘာဝအဆီဓာတ်တွေ ဆုံးရှုံး ပြီး ဆံကေသာကို ထိခိုက်စေနိုင်ပါတယ်။ “နေ့စဉ်ခေါင်းလျှော်တာက ရေကူး ကန်ထဲမှာ ရေကူးတာထက် ပိုဆိုးပါတယ်။ ကလိုရင်းပါတဲ့ ရေနဲ့ တစ်နှစ်ပတ်လုံးထိ တွေ့မှု ရှိနေလို့ပါ”လို့ နယူးယော့ခ်မှ ဆံ ပင်ပညာရှင် ရစ်ဗာက ဆိုပါတယ်။
ဘယ်လို ဖြေရှင်းမလဲ
ဆံပင်ကို နေ့စဉ် ခေါင်းမလျှော်ဘဲ တစ်ပတ်မှာ ၂-၃ကြိမ်ပဲ လျှော်သင့်ပါ တယ်။ တစ်ပတ်မှာ တစ်ကြိမ် ကလိုရင်း ဖယ်ရှားတဲ့ ဖော်မြူလာပါ ခေါင်းလျှော် ရည်နဲ့ လျှော်ပါ။
မှောက်အိပ်ခြင်းနှင့် ဘေးတစောင်းအိပ်ခြင်း
မှောက်အိပ်တာနဲ့ ဘေးတစောင်း အိပ်တာတွေကြောင့် မျက်နှာပေါ်မှာ အ စင်းကြောင်းထင်စေပြီး မျက်လုံး၊ နှာခေါင်း၊ ပါးပြင်၊ နှုတ်ခမ်းနဲ့ မျက်ခုံးတွေမှာ သေး ငယ်တဲ့ အစင်းရာထင်စေနိုင်ပါတယ်။ “ဒီ လို အစင်းရာထင်နှုန်း ကြာလာပြီး အ သက်ကြီးလာတဲ့အခါမှာ ကော်လာဂျင် ဆုံးရှုံးမှုဖြစ်ကာ အရေးကြောင်း ဖြစ်ပေါ် စေနိုင်ပါတယ်”လို့ နယူးယောက်ရှိ အလှ အပဆိုင်ရာခွဲစိတ်ဆရာဝန် ပက်ထရီရှား က ဆိုပါတယ်။ ဒီအိပ်စက်မှုပုံစံတွေက မျက်နှာမှာ အရည်စုပုံစေပြီး ဖောင်းအစ်မှု ဖြစ်စေနိုင်ပါတယ်။
ဘယ်လို ဖြေရှင်းမလဲ
ပက်လက်လှန်အိပ်တဲ့ အနေအထား ကို ပြောင်းပါ။ အနေအထား ပြောင်း အိပ်ဖို့ မလွယ်ရင် ပိုးသားခေါင်းအုံးစွပ် ပေါ်မှာ အိပ်စက်ပေးပါ။ ခေါင်းအုံးပေါ် မျက်နှာမှောက်မိရင်တောင် အသားအ ရေကို ချောမွေ့နေစေပါတယ်။ အိပ်ရာ မဝင်ခင်မှာ ညလိမ်းခရင်မ်လိမ်းပေးပါ။
ပခုံးလွယ်အိတ် လွယ်ခြင်း
လေးလံတဲ့ အိတ်ကို လွယ်တာက ခါးနောက်ကျောအပေါ် ဒဏ်ဖြစ်စေနိုင် ပါတယ်။ လွယ်ကြိုးအောက်မှာ ဆံပင် တွေ ဖိမိတာကြောင့် ဆံပင်သား ပြတ် တောက်မှု ဖြစ်စေနိုင်ကြောင်း နယူး ယောက်ရှိ ဆံပင်ပညာရှင် အေဗားက ဆိုပါတယ်။
ဘယ်လို ဖြေရှင်းမလဲ
လွယ်ကြိုးတိုတိုပါတဲ့ လွယ်အိတ်ကို ပြောင်းလွယ်ပါ။ ဒါမှမဟုတ် ဆံပင်တွေ ကို စည်းနှောင်ထားပါ။
ကြယ်စင်
Good Health
http://www.yoyarlay.com/health/health/beauty/27654-2012-07-02-04-41-04

ဗိုက်ပူလို့ စိတ်ညစ်နေသလား

Category : 0


ဗိုက်ပူလို့ စိတ်ညစ်နေသလားအမျိုးသမီး အများစုဟာ ဗိုက်ပူ တာကြောင့် ဗိုက်သား ချပ်ရပ်ဖို့ အတော် ကြိုးစား ယူရပါတယ်။ ဗိုက်ပူလာပြီ ဆိုရင် ပြန်ပြီးဗိုက်ချပ်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ စနစ်တကျ လိုက်နာပြီး မှန်မှန်ကြိုးစား မယ်ဆိုရင်တော့ ချပ်ရပ်တဲ့ ဗိုက်သားအလှကို ရရှိလာပါလိမ့်မယ်။
အဆင့် (၁) လေ့ကျင့်ခန်း
-ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်ပါ
ကြမ်း ပြင်ပေါ်လေးဖက်ထောက် အ နေအထားမျိုး နေပါ။ လက်နှစ်ဖက် အ ကွာအဝေးက ပခုံးတွေထက် အနည်း ငယ် ပိုကျယ်သင့်ပါတယ်။ ပြီးရင် သင့် ရင်ဘတ်က ကြမ်းပြင်နဲ့ ထိကပ်လုနီးပါး ဖြစ်တဲ့အထိ ခန္ဓာကိုယ်ကို နှိမ့်ထားသင့် ပါတယ်။ပြီးရင် နဂိုအနေအထားမှာ ပြန် နေပြီး ထပ်ကာ ထပ်ကာ လုပ်ပေးပါ။
-တင်ပါးမြှင့်လေ့ကျင့်ပါ
ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်လဲ လျောင်းပြီး ဒူးတွေကို ကွေးကာ ခြေဖဝါး တွေကို ကြမ်းပြင်ပေါ်မှာ အပြားလိုက်ချ ထားပါ။ ပြီးရင် တင်ပါးတွေကို မြှင့်တင် လိုက်ပါ။ ဒီအချိန်မှာ ခန္ဓာကိုယ်ဟာ ပခုံး နဲ့ ဒူးအထိ တစ်ဖြောင့်တည်း ဖြစ်နေရပါ မယ်။ ဒီအနေအထားအတိုင်း ငါးစက္ကန့် နေပြီး ခန္ဓာကိုယ်အောက်ပိုင်းကို နဂို အနေအထားမှာ ပြန်ထားပါ။ ခန္ဓာကိုယ် ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေပါတယ်။
အဆင့် (၂) စိတ်ဖိစီးမှု လျှော့ချနည်း
စိတ်ဖိစီးမှုက မြင့်မားနေတဲ့အခါမှာ ကော်တီစောဟော်မုန်းက မြင့်တက်လာ ပါတယ်။ ကော်တီစောဟော်မုန်း မြင့် တက်တာက ဗိုက်အဆီကို တိုးစေပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်းဆုံး ၁၀- ၁၅ မိနစ်ခန့် စိတ်ဖိစီးမှုကို လျှော့ချပြီး ကော်တီစောအဆင့်ကို လျော့နည်းအောင် လုပ်ဆောင်ပါ။ ဗိုက်သား ချပ်ရပ်လာပါ လိမ့်မယ်။ စိတ်ဖိစီးမှု ဖြေလျှော့ရေးနည်း တချို့ကတော့ လာဗန်ဒါရနံ့သင်းပျံ့နေတဲ့ ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာ၊ အကြော ဆန့်ထုတ်တာ၊ ယောဂကျင့်တာ၊ တစ်နေ့ တာအကြောင်း စာချရေးတာ၊ ရယ်မော တာတို့ ဖြစ်ကြပါတယ်။
အဆင့် (၃) အစားအစာ
ဝမ်းဗိုက်အဆီ လောင်ကျွမ်းစေမယ့် အစာတွေကို စားပေးရင် ဗိုက်သားချပ် ရပ်စေရုံသာမက သွေးတွင်းသကြားဓာတ် ကိုပါ တည်ငြိမ်စေပါတယ်။ စားသင့်တဲ့ အစားအစာတွေက သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်အများအပြား၊ အဆီနည်းပရို တင်းနဲ့ ကောင်းတဲ့ အဆီတွေပဲ ဖြစ်ကြပါ တယ်။ လိုက်နာသင့်တဲ့ အစာစားနည်း က အောက်ပါအတိုင်း ဖြစ်ပါတယ်။
-အစာစားတိုင်းဟင်းသီးဟင်းရွက် တစ်မျိုး-နှစ်မျိုး ပါဝင်ပါစေ
တစ်နေ့မှာ ကယ်လိုရီနည်း အစာ ကို လေးကြိမ်-ငါးကြိမ်စားရင် ဟင်းသီး ဟင်းရွက်စားဖြစ်နိုင်ခြေက ၄-၁၀ ကြိမ် ခန့် ရှိပါလိမ့်မယ်။ à ရေများများသောက်ပါ ရေဟာ ရေဓာတ်ခန်းခြောက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင်ရုံသာမက ဗိုက် ဆာတာကိုလည်း မေ့သွားစေပါတယ်။ တစ်နေ့ အနည်းဆုံး ရေ ရှစ်ဖန်ခွက်ခန့် သောက်ပါ။
-အရည်အသွေးရှိတဲ့ ပရိုတင်းဓာတ် ကို စားပါ
ပရိုတင်းပါတဲ့ အစာက အစာကြေ လွယ်၊ ဇီဝရုပ်ဖြစ်ပျက်လွယ်ပြီး ကယ်လိုရီ များများလည်း လောင်ကျွမ်းစေနိုင်ပါ တယ်။ ပရိုတင်းဓာတ်က အစာအိမ်ထဲမှာ ကြာကြာ ရှိစေတာကြောင့် ချက်ချင်း ဗိုက်ပြည့်စေသလို ကြာကြာ ဗိုက်ပြည့် နေစေပါတယ်။
-အဆီကို မကြောက်ပါနှင့်
အိုမီဂါ ၃ဖက်တီးအက်စစ်ပါတဲ့ သံ လွင်ဆီ၊ ထောပတ်သီး၊ ငါးနဲ့ အခွံမာတဲ့ အစေ့အဆန်တွေက ခန္ဓာကိုယ်တွင်းမှာ အဆီမော်လီကျူးအကြီးတွေကို သေး ငယ်တဲ့ အဆီမော်လီကျူးတွေအဖြစ် ပြောင်းစေပြီး သွယ်လျစေပါတယ်။

“အပေါင်းလက္ခဏာတွေ အများကြီးတွေ့ပါတယ်”

Category : 0

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း အပါအ၀င် လွှတ် တော် ရေးရာ ဥက္ကဌ တွေနဲ့ ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါမှာ ရှိတဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်(ရန်ကုန်- ရုံးခွဲ)မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။
၂၀၀၇ ခုနှစ် သြဂုတ်လ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ကာလ အတွင်း က တခြားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ တွေ့ရသည့် ကိုမင်းကိုနိုင်
အဲဒီ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် အများစုဟာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရာမှ သမ္မတ ဦးသိန်း စိန် ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မကြာသေးခင်က လွတ်မြောက်လာခဲ့ကြပါတယ်။ အဲဒီနောက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းစဉ်နဲ့ မြန်မာနိုင်ငံမှာ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ အားကောင်းလာစေရေး ကြိုးပမ်းလှုပ်ရှားနေကြပါတယ်။
မေး။ ။ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် လွှတ် တော် ရေးရာ ဥက္ကဌ တွေ နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘာတွေ အဓိကထား ဆွေးနွေးဖြစ်ခဲ့ကြပါလဲ။
ကိုမင်းကိုနိုင်။ ။ အဓိကကတော့ဗျာ သူတို့ လွှတ်တော်ဆိုတာက ဥပဒေပြုတဲ့ကိစ္စက မူလတာဝန်ခံပဲ။ တခုတော့ ရှိတယ်ဗျ။ နိုင်ငံမှာတော့ အာဏာ အမြင့်ဆုံးနေရာပဲ။ အုပ်ချုပ်ရေးဆိုတဲ့ သမ္မတကိုတောင်မှ လွှတ်တော်ကနေ ရွေးရတာကိုးဗျ။ ဒီတော့ အစိုးရအဖွဲ့ပြီးသွားရင် လွှတ်တော်ရဲ့ကိစ္စက ပြည်သူတွေကို အကာအကွယ် အစောင့်အရှောက် ပေးနိုင်မယ့် ဥပဒေတွေ ပြ ဌာန်း ဖို့ရယ်၊ ပြည်သူတွေအတွက် မလိုဘဲ ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့၊ ဖိနှိပ်ချုပ်ချယ်နေတဲ့ ဥပဒေဆိုးတွေကို အကုန်ဖျက်သိမ်းဖို့ရယ်၊ ဒီ ၂ ခုပါပဲ။ အဲဒီ ၂ ခုကိုပဲ ကျနော်တို့ဆွေးနွေးကြတာ။ ကျနော်တို့ ဆွေးနွေးမှုတွေက အဲဒီအထဲက ပြေး မလွတ်ပါဘူး။
မေး။ ။ ဘာကြောင့် ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ ဆွေးနွေးမှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အမြင်လည်း သိပါရစေ။
ဖြေ။ ။ ကျနော်တို့ လိုရင်းပြောရင်တော့ အပေါင်းလက္ခဏာတွေ အများကြီးတွေ့ပါတယ်။ သူတို့အနေနဲ့ အရပ်ဘက်ကိုပြောင်း လဲ လာပြီးတော့ အရပ်သားများအနေနဲ့ ကြိုးစားကြတယ် ဆိုတဲ့နေရာမှာ အရင်က ခေါက်ရိုးကျိုးနေတဲ့ အမိန့်နာခံမှုနဲ့ ခိုင်းမှ လုပ်မယ်ဆိုတဲ့လူတွေ အဲဒီပုဂ္ဂိုလ်တွေ ယနေ့အထိ ရှိတယ်၊ ကျန်နေတယ်ဆိုတာလည်း နားလည်ကြပါတယ်။ အဓိကကတော့ ဦးဆောင်ဦးရွက်ပြုတဲ့ လွှတ်တော်ထဲမှာ တာဝန်ထမ်းဆောင်ကြတဲ့လူတွေဟာ တကယ်ပြုပြင် ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒရှိနေ ဖို့ပဲ။ ကျနော်မြင်တာကတော့ မနေ့က ကျနော်တို့တွေ့ခဲ့တဲ့အပေါ်မှာတော့ သူတို့ပြုပြင်ပြောင်းလဲရေးလုပ်ချင်စိတ် တကယ်ရှိပြီး ကြိုးစားနေတယ်လို့တော့ ယူဆလို့ ရတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း ပြောထားပြီးသား ရှိတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်မယ့် ပုဂ္ဂိုလ်မှန်ရင် ဘယ်အင်အားစုနဲ့မဆို ကျနော်တို့ လက်တွဲမယ်ဆိုတာ၊ အဲဒါကြောင့် ကျနော်တို့မနေ့က တွေ့ဆုံဖြစ်ကြတာပါ။
မေး။ ။ အခုလို ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် လွှတ်တော်ရေးရာ ဥက္ကဌ တွေနဲ့ ဆွေးနွေးတယ် ဆိုတော့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေမှာ အစီအစဉ် ရှိလား။
ဖြေ။ ။ ကျနော်တို့က ရွေးကောက်ပွဲတခုတည်းကိုပဲ အာရုံစိုက်နေတဲ့လူတွေတော့ မဟုတ်ဘူးဗျ။ တဘက်ကနေပြီးတော့ နိုင်ငံ တကာမှာ ပြန်ကြည့်တဲ့အခါ ရွေးကောက်ပွဲ ၀င်ရင် ဘာလုပ်မလဲ။ ရွေးကောက်ပွဲ ၀င်ပြီးလို့ နိုင်မယ် ဆိုပါတော့၊ ပြီးတော့ ရော ရွေးကောက်ပွဲ နိုင်လို့ အလုပ်ဖြစ်ရဲ့လားဆိုတာ ဇင်ဘာဗွေ နိုင်ငံ လိုမျိုး ပြန်ကြည့်လိုက်ပါဗျာ။ အဲဒါဆိုရင် သုံးသပ်လို့ရပါတယ်။ ကျနော်တို့ ၁၉၉၀ ကို ပြန်ကြည့်ဗျာ။ အဲဒီတော့ တကယ်တမ်းက Instituion ခေါ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ မခိုင်မာဘဲနဲ့ အားမကောင်းဘဲနဲ့ ဒီမိုကရေစီကို ရွေးကောက်ပွဲ နည်းလမ်းတခုတည်းနဲ့ ကူးပြောင်းတဲ့ အစဉ်အလာကို ကျနော် တို့က မစဉ်းစားဘူး။ ရွေးကောက်ပွဲဆိုတာက အတော်များများစဉ်းစားကြပြီး အဲဒါကို အာရုံစိုက်ကြတာများပါတယ်။ ကျနော် တို့ကတော့ ရွေးကောက်ပွဲက ရတဲ့ ရလဒ်ကို ပြန်ဖော်ဖို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းနေဖို့၊ အရပ်သား တွေ၊ ဒီမိုကရက်တစ်တွေ အားကောင်းနေဖို့ ကျနော်တို့ ပိုပြီး အာရုံ စိုက်တယ်။
မေး။ ။ ဒီတော့ ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဘာတွေကို ဘယ်လို ဆက်ပြီး ဆွေးနွေးပြောဆို ခဲ့ပါသေးလဲ။
ဖြေ။ ။ ကျနော်တို့ ခရီးစဉ်တလျှောက်လုံး တွေ့ခဲ့သမျှတွေမှာ ပြည်သူတွေရဲ့ နစ်နာတဲ့ ဆုံးရှုံးမှုတွေ၊ ပြည်သူတွေ ဖြစ်ချင်တာ အကုန်လုံးကို မနေ့က တွေ့ဆုံမှုမှာ ကျနော်တို့ ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် ရေးရာကော်မတီ ဥက္ကဌ တွေ အကုန်လုံး ကို ပြန်ပြီးတော့ သယ်ဆောင်ပြီး အရောက်ပို့နိုင်ခဲ့ပါတယ်။ အဲဒါတွေအကုန်လုံးကို ခြုံပြောလိုက်မယ်ဆိုရင် လွှတ်တော်ထဲမှာ အသစ်ရေးဆွဲမယ့် ဥပဒေတွေ၊ ဥပမာ တခုပြောပါ့မယ်၊ အများအတွက် အကျိုးရှိတဲ့ ဥပဒေတခုကို ပြဌာန်းလိုက်ပြီ၊ ပြဌာန်း လိုက်ပေမယ့် လက်တွေ့ကျတော့ အကောင်အထည်ဖော်ဖို့ နည်းဥပဒေ မထွက်သေးဘူး။ အဲဒီအခါကျတော့ အလုပ်လုပ်လို့ မရဘူး။ အုပ်ချုပ်ရေး ယန္တရားဘက်ကလူတွေက ဒါကို အကြောင်းပြပြီးတော့ အပြောင်းအလဲကို တကယ်မလုပ်ကြဘူး။ နဂိုကတည်းက မလုပ်ချင်တဲ့လူတွေ ပြောနေတဲ့ကြားထဲမှာ ခေါက်ရိုးကျိုးတွေကြားထဲမှာ ခုနကလို လုပ်ထုံးလုပ်နည်း မရှိလို့ဆိုတဲ့ ဆင်ခြေတွေ၊ နည်းဥပဒေ မရှိသေးလို့ဆိုတဲ့ဆင်ခြေတွေနဲ့ ပြည်သူတွေဟာ အကောင်းဘက်ပြောင်းလဲမှုကို မခံစားရဘူးပေါ့ဗျာ။ အဟောင်းအတိုင်းပဲ ဖြစ်နေတယ်။ အဲဒီ ပြဿနာတွေကို ကျနော်တို့ တင်ပြဆွေးနွေးနိုင်ခဲ့တယ်။ အဲဒီအပေါ်မှာလည်း ကျနော် တို့ ဖြစ်စေချင်တာ ဥပဒေ တခု ထုတ်ပြန်ပြီးရင် နောက်ထပ်ပြီး လိုက်လာပြီးတော့ နည်းဥပဒေကို ကာလ အကန့်အသတ် ဘယ်လောက်အတွင်းမှာ ဘယ်နှရက် အတွင်းမှာ အပြီးအပြတ် ရအောင်ထွက်ရမယ်ဆိုတာမျိုးကို အခုလာမယ့် လွှတ်တော်မှာ ဥပဒေ တရပ်အနေနဲ့ကို ပြဌာန်းပေးဖို့ ကျနော်တို့ ပြည်သူတွေကိုယ်စားပေါ့ဗျာ ကျနော်တို့ အဓိက အလေးထားပြီး ပြောပြခဲ့ တယ်။ ကျန်တဲ့ အချက်အလက်တွေလည်း တော်တော်များပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဇူလိုင် ၁ ရက်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ – ၈၈ မျိုးဆက်ကျောင်းသားများ)
မေး။ ။ ၈၈ မျိုးဆက် ကျောင်းသားတွေဘက်က ဆွေးနွေးပြောဆိုမှုကိုရော သူရ ဦးရွှေမန်းအပါအ၀င် လွှတ်တော် တာဝန်ရှိသူတွေဘက်က ဘယ်လို တုံ့ပြန်ခဲ့လဲ။
ဖြေ။ ။ ကျနော်တို့ ပြောတာအကုန်လုံးကို သူတို့သဘောတူပါတယ်။ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်တဲ့နေရာမှာ သူတို့ကြုံ တွေ့ရတဲ့ အခက်အခဲ အခြေအနေတွေကိုလည်း သူတို့ ရိုးရိုးသားသား ကျနော်တို့ကို ပြောပြပါတယ်။ အပြောင်းအလဲ ဆိုတဲ့ အတွက်ကြောင့် အရင်အဟောင်းထဲက ဟာတွေက မလိုက်ပါနိုင်မှုတွေရော ပြီးတော့ အခုမှ၊ သူတို့ ကိုယ်တိုင်လည်း တသက် လုံးမှာ စစ်တပ်ထဲမှာပဲ ကြီးပြင်းလာခဲ့ပြီး အမိန့်ပေးတဲ့စနစ်ကိုပဲ ကျင်လည်လာတာဆိုတော့ အသွင်ကူးပြောင်းရေးလုပ်တဲ့အခါ မှာ ကျင့်သားမရသေးတာတွေကို ရိုးရိုးသားသား ကျနော်တို့ကို ပြောပြပါတယ်။ နိုင်ငံတကာလှည့်လာပြီးတော့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီးတော့ အများကြီး သူတို့ လွှတ်တော်ထဲမှာ အလုပ်လုပ်ဖို့ လိုနေသေးတယ်ဆိုတာကို ပြောပါတယ်။ တကယ်လည်း သိပါတယ်။
ကျနော်တို့ မြင်တာက အဲဒီလို ရိုးရိုးသားသား အမှန်အတိုင်းပြောတဲ့ ပွင့်လင်းမြင်သာမှုကို ကျနော်တို့ သဘောကျတယ်ဗျ။ ဘာကြောင့်လဲ ဆိုတော့ အနာ သိဖို့လည်း လိုတာကိုးဗျ။ အနာသိမှ ဆေး ကုလို့ ရမှာ။ သူတို့ ဖြစ်နေတဲ့ အခက်အခဲတွေကို ကျနော်တို့ သိခွင့်ရတယ်။ နောက်တခါ လူထုကြားထဲမှာ ဖြစ်နေတဲ့ အခက်အခဲ ကိုလည်း သူတို့ သိခွင့်ရခဲ့တယ်။ အဲဒီတော့ အနာတွေကို အမှန်အတိုင်းပြောကြတယ်။ ပြီးတော့ သဘာဝကျတဲ့ နည်းလမ်းကို တကယ်ပဲ ရွေးကြရမှာကိုး။ အနာကို၊ အားနည်းချက်ကို ဒီအတိုင်း၂ ဘက်လုံးပြောနိုင်ကြတာကတော့ အကျိုးရှိပါတယ်၊ ဆက်ပြီးတော့ ကုထုံးတွေလည်း ကျနော်တို့ စဉ်း စားကြပါတယ်။ ဥပမာ ဆိုပါတော့ဗျာ။ တကယ် တတ်ကျွမ်းတဲ့ ပညာသည်တွေကို အကူအညီတွေ ကျွမ်းကျင်သူတွေခေါ်ပြီးတော့ နောက်ထပ် ကော်မရှင်တရပ် ဖွဲ့စည်းတာမျိုးပေါ့ ဗျာ။ သူတို့မှာ ရှေ့ဆက်ပြီး တော့ အစီအစဉ်တွေ အများကြီး စဉ်းစားထားတာ ရှိတယ်။ အဲဒီ အကြောင်းတွေလည်း ကျနော်တို့ကို ပြန်ပြီးတော့ ရှင်းပြတယ်။
မေး။ ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ၈၈ မျိုးဆက်ကျောင်းသားတွေကို လွှတ်တော်နိုင်ငံရေး ဖြစ်စဉ်ထဲ ၀င်ရောက် ပူးပေါင်း လုပ်ဆောင်ဖို့ ဖိတ်ခေါ်တာမျိုးရော ရှိလား။
ဖြေ။ ။ အထူးတလည် တခုတ်တရ ကျနော်တို့ကို ဖိတ်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် အားလုံး နိုင်ငံသားတိုင်းဟာ လွှတ် တော်ထဲ ၀င်ပြီး လုပ်ဖို့ ရွေးချယ်ခွင့်ရှိတာပဲဗျာ။ ဒါကတော့ ကိုယ့်ရွေးချယ်ခွင့်ပဲပေါ့။ လောလောဆယ်ကတော့ ကျနော်တို့ လတ်တလော အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းအောင် လုပ်နေတယ်။ အရပ်ဘက် လူ့ အဖွဲ့အစည်းတွေ အားကောင်းရမယ် ဆိုတဲ့အချက်ကိုလည်း လွှတ်တော် ဥက္ကဌ ကိုယ်တိုင်က သူယုံယုံကြည်ကြည်နဲ့ လက်ခံတယ်။ အဲဒါ ကျနော် တို့ ကောင်းမွန်တဲ့ အချက်တချက်လည်းဖြစ်တယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းအောင်၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း အရပ်သားတွေရဲ့ အခန်းကဏ္ဍက မြင့်မားအောင် ဒါပဲ ကျနော်တို့ အာရုံစိုက်မယ်ဗျာ။
မေး။ ။ နောက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးလည်း ဆွေးနွေးခဲ့သေးတယ်ဆို။
ဖြေ။ ။ ကျနော်တို့ အဲဒါ ပြောဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်တွေ့မှာ သမ္မတက စကားစပ်ရင် စပ်သလို ပြန်လာလို့ရရင် ပြန်လာပါလို့ ပြောတယ်။ အဲဒါက ကျနော်တို့ဆိုလိုတာက အမိန့်ဒီဂရီ တရပ်ကို သပ်သပ်မှတ်မှတ် ကြေညာပေးတာမျိုးကို ကျနော်တို့ လိုချင်တာကိုး။ လက်တွေ့မှာကျတော့ တယောက်ချင်း သံရုံးသွားပြီး ခွင့်ပန်ရတယ်။ သံရုံးက ခွင့်ပြုတဲ့ လူက တော့ ပြန်လာလို့ရပြီး ခွင့်မပြုတဲ့လူက ပြန်မလာဘူး။ ဘယ်စံဘယ်နှုန်းတွေနဲ့ ခွင့်ပြုမယ်၊ ခွင့်မပြုဘူးဆိုတာ မသိရဘူး။ အဲဒါကြီး က အရင် အဟောင်းကြီးဗျ။ တယ်မနိပ်ဘူး။ လက်တွေ့မှာ အလုပ် မဖြစ်ဘူး။ အဲဒါကြောင့် အားလုံး ပြန်လာနိုင်ဖို့ကို အမိန့်ဒီဂရီတရပ် ထုတ်ပြန်နိုင်ဖို့ ကောင်းတယ်။
ကျနော်တို့က အဲဒီကိစ္စတင် မကဘူးဗျ။ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ ကိုပါ အထူးအလေးထားပြီး ထိပ်ဆုံးကနေပြီး ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီပုဂ္ဂိုလ်တွေဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် အင်အားတွေ ဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံရေး လုပ်ရင်းကိုင်ရင်းနဲ့ နိုင်ငံရေး ယုံကြည်မှုအပေါ်မှာ အလုပ်လုပ်ကြရင်းနဲ့ အမှုအမျိုးမျိုးတပ်ပြီးတော့ အဖမ်းဆီး ခံနေရတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီသမားတွေပေါ့။ သူတို့ရဲ့ လွတ်မြောက်ရေးကို အလေးအနက်ထားပြီး ပြောခဲ့ပါတယ်။ သူတို့ကလည်း ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံတည်ဆောက်ရေးမှာ အင်အားတွေဖြစ်မယ်ဆိုလို့ရှိရင် ဒီ အင်အားတွေကို အသုံးချဖို့၊ ဒီ အင် အားတွေဟာ တိုင်းပြည်အတွက်ဖြစ်တယ် ဆိုတာမျိုး သူတို့ လိုလားပါတယ်။ အဲဒီတော့ ဆက်ပြီးတော့ သူတို့က ကျနော်တို့ ပြောဆိုခဲ့တာတွေကို အလေးအနက်ထားပြီး ဆောင်ရွက် ပါလိမ့်မယ်။
အလားအလာကောင်းတွေ ဖြစ်လာမှာပါ။ ကျနော်တို့ တတ်စွမ်းသမျှ၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပြီး တင်ပြခဲ့တာပါ။ စာရင်းဇယားတွေလည်းပြုစုတဲ့သူက ပြုစုနေကြပါတယ်။ အဲဒီအထဲမှာတော့ ကျနော်တို့သိသလောက် လူမကျန်ရအောင် ကြိုး စားပြီးတော့ လုပ်နေပါတယ်။ ။
 http://burma.irrawaddy.org/archives/13731

ကချစ်စစ်ပြေး ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်

Category : 0

Hits: 22

KIO ထိန်းချုပ်မှုအောက်ရှိ ဂျေယန့် ကချင်စစ်ပြေး ဒုက္ခသည်စခန်း မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် KIO ၏ ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည် စခန်းများတွင် ဇွန်လ နှောင်းပိုင်းမှစ၍ ၀မ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။
မိုင်ဂျာယန်၊ ပါကထောင်၊ ဖလူရန့်နှင့် ဂျေယန့် စခန်းများ အပါအဝင် တခြားစခန်းများတွင် အသက် ၅ နှစ်အောက်နှင့် သက်ကြီး ရွယ်အိုများ အဖြစ်များပြီး လူဦးရေ ၇၀၀၀ ကျော် ခိုလှုံနေကြသော ဂျေယန့် စခန်းတွင် ဒုက္ခသည် ၆၀ ရာခိုင်နှုန်းကျော် ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်ပွားနေသည်ဟု ဒုက္ခသည်စခန်း ကော်မတီနှင့် ဆေးအဖွဲ့များက ပြောသည်။
“၀မ်းပျက်၊ ၀မ်းလျောက တော်တော်များများ ဖြစ်နေတယ်။ အဓိက ကတော့ မိုးရာသီ ဖြစ်နေတာကြောင့်ရယ်၊ သောက်သုံးရေ ကြောင့်ရယ်” ဟု ကချင် ဒုက္ခသည် စခန်းများ ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆားက ဧရာဝတီသို့ ပြောသည်။
ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားနေသော စခန်းများ အပါအဝင် KIO ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည် စခန်း ၄၀ ကျော်တွင် ဆေးဝါး၊ ဆေးဝန်ထမ်းနှင့် ရိက္ခာ မလုံလောက်မှု နှင့်လည်း ရင်ဆိုင်နေရကြောင်း သူက ဆက်ရှင်းပြသည်။
မိုးတွင်းကာလ စီးဆင်းနေသော ချောင်းရေများကို စနစ်တကျ ကျိုချက် သောက်သုံးခြင်း မရှိသဖြင့် ယင်းသို့ ဝမ်းရောဂါ ဖြစ်ပွား
နေခြင်းဖြစ်ကြောင်း လိုင်ဇာမြို့နယ်ရှိ ဂျေယန့် ဒုက္ခသည် စခန်း၏ ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
“ဒီစခန်းမှာက ၀မ်းပျက်ဝမ်းလျော အများဆုံးဖြစ်နေတယ်။ ငှက်ဖျားပိုး ၀င်တာတော့ နည်းနည်း တွေ့ရတယ်” ဟု သူက ရှင်းပြသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကချင် စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ခန့်အပါအဝင် ကချင်ပြည်နယ် နယ်စပ် ဒုက္ခသည်စခန်း ၄၀ ကျော်မှ စုစုပေါင်း ဒုက္ခသည် ၅၃၀၀၀ ကျော်အတွက် KIO က တနှစ်ခန့် ထောက်ပံ့ ပေးခဲ့ပြီး ယခုအခါ ငွေကြေး အကျပ်အတည်း ဖြစ်လာသဖြင့် ဒုက္ခသည်များကို ထောက်ပံ့မှု အားနည်းလာသည်ဟု သိရသည်။
ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေသော စခန်းများတွင် ဆေးဝန်ထမ်း လုံလောက်မှုမရှိခြင်း၊ ဆေးဝါး ပြတ်တောက်ခြင်း တို့ကြောင့် ရောဂါ ကူးစက်မှု တိုးလာမည်ကို စိုးရိမ်ရကြောင်း လိုင်ဇာမြို့နယ် အတွင်းရှိ ဖလူရန့် ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါ ဖြစ်ပွားနေသူများကို ကုသပေးနေသော ဆေးဝန်ထမ်း တဦးက ပြောသည်။
“အခု ၀မ်းပျက်ဝမ်းလျှောက ဖြစ်နေကြ ရာသီမှာ ဖြစ်တာလို့လည်း ဆိုနိုင်သလို၊ ကူးစက်နိုင်တဲ့ ရောဂါ လို့လည်း ပြောနိုင်တယ်။ ဒီစခန်းမှာ လူဦးရေကလည်း များ၊ အိမ်ထောင်စုကလည်း များတယ်၊ ပြီးတော့ ဆေးဝါးတွေကလည်း ပြတ်နေတယ်လေ။ရောဂါဖြစ်နေရင် ဆေးပတ်လည်အောင်တောင် မတိုက်နိုင်ဘူး” ဟု သူက ဧရာဝတီသို့ ပြောသည်။
ဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူများ မရှိသေးကြောင်း၊ ဝမ်းရောဂါ ထပ်မံ မပြန့်ပွားရေးအတွက် ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ဒုက္ခသည် စခန်းများသို့ ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ပြုလုပ်ကြရန် ကချင် ဒုက္ခသည် စခန်းများ ကော်မတီက ညွှန်ကြားထားကြောင်း ဦးဒွဲပီဆားက ရှင်းပြသည်။
ကချင်ပြည်နယ်အတွင်း မိုးများ ဆက်တိုက် ရွာသွန်းနေသော်လည်း KIO နှင့် အစိုးရ တပ်များအကြား တိုက်ပွဲများ ဖြစ်နေကြသဖြင့် နယ်မြေ မတည်ငြိမ်မှုကြောင့်ဟု ဆိုကာ ဒုက္ခသည်တချို့ ထပ်မံရောက်ရှိ လာနေကြောင်း သိရသည်။
ကချင် ဒုက္ခသည် စခန်းများ ကော်မတီက ပုံမှန်ပေးနေသော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နှင့် အမိုးအကာများ ခွဲတမ်းကျ လုံလောက်စွာ မရရှိဘဲ ဖြစ်နေချိန်တွင် လိုင်ဇာမြို့နယ်ထဲ၌ ကိုယ်ထူကိုယ်ထ တဲထိုးကာ နေထိုင်သူများနှင့် အမိုး
အကာမရှိဘဲ ခိုလှုံနေရသည့် ဒုက္ခသည် မိသားစု ၃၀၀ ခန့်ရှိနေသည်ဟု သိရသည်။
ထို့အတူ မိုးညှင်းခရိုင်အတွင်းရှိ တောများအတွင်း ခြေသလုံးအိမ်တိုင် အခြေအနေဖြင့် ပုန်းအောင်းနေရသူ ဒုက္ခသည် ၂၀၀၀ ခန့်နှင့် ဗန်းမော်နှင့် ရွှေလီ မြစ်အကြားရှိ တောင်ကြော များတွင် ပုန်းအောင်းနေရသော ဒုက္ခသည် ၁၅၀၀ ကျော် ရှိနေကြောင်း ဦးဒွဲပီဆားက ပြောသည်။
KIO ထိန်းချုပ်ရာ နယ်စပ်ဒေသအတွင်း ဒုက္ခသည် စခန်းများတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းနေအရွယ် ကလေးများ ပိုမိုတိုးပွားလာကြောင်း၊ ဘော်ဒါဆောင်နေ၍ ကျောင်းတက်ရမည့် ကျောင်းသားဦးရေ ၁၅၀၀ ကျော် အထိ
ရှိနေရာ ထိုကျောင်းသားများအတွက် ကျောင်းဆောင်များနှင့် ကျောင်းသုံး ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း သူက ဆိုသည်။
ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် KIO တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ၍ KIO က တည်ဆောက် ပေးထားသော ဒုက္ခသည် စခန်းများတွင် လာရောက် ခိုလှုံနေကြကာ၊ နယ်မြေ တည်ငြိမ်မှု မရရှိ သေးသဖြင့် နေရပ်ရင်းသို့ မပြန်နိုင်ကြသေးချေ။
ကျော်ခ ပူးပေါင်း ရေးသားသည်။http://burma.irrawaddy.org/archives/13743

လတ်တလော ရန်ကုန် ကားဈေးနှုန်း

Monday, July 2, 2012 Category : 0

.




ဟံသာဝတီကားဈေးကွက် (ရန်ကုန်) ဇူလိုင်လ ၁ ရက်နေ့ ကားဈေးနှုန်းများ

၂၀၀၂ မော်ဒယ် တိုယိုတာ Mark II(ဓာတ်ဆီ) (၅ဃ) (ကျပ်) သိန်း ၂၀၀
၁၉၉၉ မော်ဒယ် တိုယိုတာ Mark II(ဓာတ်ဆီ) (၅ဃ) သိန်း ၁၆၀

၁၉၉၂ မော်ဒယ် တိုယိုတာ Mark II(ဒီဇယ်) (၁ခ) သိန်း ၁၀၀
၂၀၀၀ တိုယိုတာ ကာဒီးနား (ကြက်တူရွေး) (ဓာတ်ဆီ) (၅ဃ) သိန်း ၁၆၀

၂၀၀၂ တိုယိုတာ ကာဒီးနား (စက်ရုပ်) (ဓာတ်ဆီ) (၅ဃ) သိန်း ၂၁၀
၂၀၀၁ ကိုရိုလာ (ဖင်ကောက်) (ဒီဇယ်) (၅ဃ) သိန်း၂၂၀
၁၉၉၉ သိန်း ၂၀၀
၁၉၉၂ (ဒီဇယ်) (၈က) သိန်း ၁၂၀

၂၀၀၂ ကိုရိုလာ RAY 4 (ဓာတ်ဆီ) (၅ဃ) သိန်း ၂၃၀
၂၀၀၀ သိန်း ၂၀၀
၁၉၉၉ (၂ဃ) သိန်း ၁၆၅

၂၀၀၇ ဆူဇူကီး R+ (ဓာတ်ဆီ) (၃ဂ) သိန်း ၁၂၀
၂၀၀၅ (၆ခ) သိန်း ၉၀

၁၉၉၀ ကိုရိုလာ လီမိတက် (SE) (ဓာတ်ဆီ) (၅ဂ) သိန်း ၁၁၀
၁၉၈၈ (၆က) သိန်း ၉၀

၁၉၉၀ ကိုရိုလာ CE,96 (ဒီဇယ်) (၈က) သိန်း ၉၀
၁၉၉၇ ပါရာဒို TX (ဒီဇယ်) (၅ဃ) သိန်း ၂၉၀
TZ သိန်း ၃၃၀

ဇူလိုင် ၁ ကားပါမစ် စလစ်ဈေး သိန်း ၅၀
ဈေးနှုန်းအနည်းငယ် ကွာဟမှုရှိနိုင်ပါသည်။

ညွှန်း - http://www.colayonline.com.mm/automobile/

အွန်လိုင်းကျေးရွာ. Powered by Blogger.