Broadband Wimax Service ကို ကျပ် ၄၉၅,ဝ၀ဝ ဖြင့် ရောင်းချပေးမည်

Tuesday, July 3, 2012 Category : 0


Red Link Company မှ ဝန်ဆောင် မှုပေးလျက် ရှိသော Broadband Wimax Service အား
မိုးရာသီ အထူးဈေးနှုန်းအဖြစ် ဇွန်လ ၂၅ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အတွင်း ကနဦးတပ်ဆင်ခနှုန်းထားအား အထူးဈေးနှုန်း ၄၉၅၀ဝ၀ ကျပ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Red Link Company မှ ဝန်ဆောင်မှုပေးသောWimax Broadband Service မှာချက်ချင်းဝယ်၊ ချက်ချင်းအသုံးပြုနိုင်ကြောင်းသိရှိရပြီးအသုံးပြုရန်အ တွက် အချိန်အတိုင်းအတာတစ်ခုအထိစောင့်ဆိုင်းရခြင်းမရှိကြောင်း သိရှိရ ကာအလွန်လွယ်ကူပြီး လျှပ်စစ်မီးရရှိရုံဖြင့်အသုံးပြုနိုင်ကြောင်းသိရှိရသည်။
လူတန်းစားမရွေးအသုံးပြုနိုင်အောင်ဆောင်ရွက်ထားပြီးအထူးဈေးနှုန်း များဖြင့်ရောင်းချလျက်ရှိသော Broadband Wimax Service မှာဖုန်း လိုင်းရှိစရာမလို၊ တိုင်ထောင်အသုံးပြုစရာမလိုဘဲ ရန်ကုန်တိုင်းဒေသကြီး အတွင်း အလွယ်တကူအသုံးပြုနိုင်ပြီး ငွေသွင်းပြီးသည့် အချိန်မှ မိနစ်ပိုင်း အတွင်းချက်ချင်းအသုံးပြုနိုင်ခြင်း၊Service Plan များမှာလည်းအသုံးပြု သလောက်သာပေးဆောင်ရခြင်း၊ အိမ်သုံးမိသားစုသုံးများအတွက် ကုန်ကျ စရိတ်သက်သာသော Customer Plan နှင့်လုပ်ငန်းသုံး Corporate Plan များသတ်မှတ်ပေးထားခြင်း၊ သုံးစွဲမှုအခက်အခဲများအတွက်လည်း 24 hours x 7 days Call Center များထားရှိပေးခြင်းစသည်ဖြင့်သုံးစွဲ သူများ အဆင်ပြေစေရန်ဆောင်ရွက်ထားကြောင်းသိရှိရသည်။
ထို့ပြင် ဝယ်ယူရာတွင်လည်းအဆင်ပြေစေရန်အတွက်Redlink Communication Co.,Ltd ၏ အရောင်းစင်တာများဖြစ်သော ပုလဲကွန်ဒို အဆောင် A မြေညီထပ်၊ BAK IT Mall ပထမထပ်၊Gadamar Whole sale မြေညီထပ်၊ Junction Square တို့အပြင်တရားဝင်အရောင်းဆိုင်ကြီး များဖြစ်သောTechnoland Computer, ICE Computer, Smart Computer, Unique Computer, KMD Computer, ABC Computer, Radiances Computer, Access Spectrum Computer နှင့် Sein Gayhar Supermarket များတွင်ပါ ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ရက်နေ့အတွင်းလျှောက်ထား ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

မလေးရှား ဒုဝန်ကြီး ချုပ်ဟောင်း အန္နဝါ စွပ်စွဲ မှုများစွာဖြင့် ရင်ဆိုင်နေရ

Category : 0


မလေးရှား ဒုဝန်ကြီး ချုပ်ဟောင်း အန္နဝါ စွပ်စွဲ မှုများစွာဖြင့် ရင်ဆိုင်နေရအတိုက် အခံခေါင်းဆောင် 'အန္နဝါအီဘရာဟင်' သည် မလေးရှား ရွေးကောက် ပွဲပြုပြင်ပြောင်းလဲမှုများဆိုင်ရာ လူထုအစည်းအဝေးပွဲတွင် ၄င်း၏ အစိတ်အပိုင်း အပေါ်စွပ်စွဲချက် များစွာကို တနင်္လာနေ့တွင်ရင်ဆိုင်ခဲ့ရသည်။ အဆိုပါစွပ်စွဲချက်များတွင် နိုင်ငံရေးနှင့်စပ်လျဉ်း၍ ၄င်းသည် အရည်အချင်း မပြည့်မီကြောင်း မြင်သာ ခဲ့ရသည်ဟု ဆိုသည်။ မြို့တော်ကွာလာလမ်ပူတွင် စုရုံးရောက်လာသည့်ထောင်ပေါင်း များစွာသောလူထုသည် မဲဆန္ဒပေး ရာတွင် သန့်သန့်ရှင်းရှင်းဖြစ်နိုင် ရန် ဧပြီလ ၂၈ ရက်တွင် တောင်း ဆိုခဲ့သည်။
၎င်းတို့ ထုတ်ဖော်ပြော ဆိုသည့်စနစ်တစ်ရပ်အတွက်ပြု ပြင်ပြောင်းလဲရေးများသည်၁၉၅၇ ခုနှစ်ကတည်းက အုပ်စိုးလာသော ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ညွန့် ပေါင်းဘက်ကိုယိမ်းလျက်ရှိသည်။ ဆန္ဒပြသူအချို့က ပင်မရင် ပြင်ပတ်ပတ်လည်တွင် ကာထား မြို့တော်ကွာလာလမ်ပူတွင် စုရုံးရောက်လာသည့်ထောင်ပေါင်း များစွာသောလူထုသည် မဲဆန္ဒပေး ရာတွင် သန့်သန့်ရှင်းရှင်းဖြစ်နိုင် ရန် ဧပြီလ ၂၈ ရက်တွင် တောင်း ဆိုခဲ့သည်။ ၄င်းတို့ ထုတ်ဖော်ပြော ဆိုသည့်စနစ်တစ်ရပ်အတွက်ပြု ပြင်ပြောင်းလဲရေးများသည်၁၉၅၇ ခုနှစ်ကတည်းက အုပ်စိုးလာသော ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ညွန့် ပေါင်းဘက်ကိုယိမ်းလျက်ရှိသည်။
ဆန္ဒပြသူအချို့က ပင်မရင် ပြင်ပတ်ပတ်လည်တွင် ကာထား တွက် အပြစ်မရှိကြောင်း လျှောက် ထားခဲ့သည်ဟု အန္နဝါ၏ရှေ့နေ ' ရမ်ကာပါ'ကထုတ်ဖော် ပြောဆိုခဲ့ သည်။ အဆိုပါ စွပ်စွဲခံရချက်သည် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ချမှတ်ခံရနိုင်သည်ဟု သိ ရသည်။အကယ်၍၄င်းတွင် အပြစ် ရှိကြောင်းတွေ့သိရလျှင် အန္နဝါ ကို နိုင်ငံရေးလုပ်ဆောင်မှုမှတား ဆီးနိုင်မည်ဖြစ်ပြီး ထောင်ဒဏ် ၆ လအထက်သို့မဟုတ် ငွေဒဏ် ရင်းဂစ် ၂၀ဝ၀ (ဒေါ်လာ ၆၂၀) ကျော် ပေးဆောင်ရမည် ဖြစ်သည် ဟု ၄င်း၏ရှေ့နေရမ်ကထုတ်ဖော် ပြောဆိုခဲ့သည်။ လမ်းပေါ်တက်ချီတက်ဆန္ဒ ပြမှုဆိုင်ရာဥပဒေသစ်ကိုချိုးဖောက် မှုနှင့်ကွာလာလမ်ပူမြို့လယ်ကောင် မှ လူထုအစည်းအဝေးကို အထူး တားမြစ်သည့် တရားရုံးအမိန့်ကို ဖီဆန်မှုတို့ဖြင့် အန္နဝါနှင့်အပေါင်း ပါနှစ်ဦးတို့ကို မေလကပင်တရား စွဲပြီးဖြစ်ကြောင်းသိရသည်။ အသက် ၆၄ နှစ်ရှိ အန္နဝါ သည် ပထမစွပ်စွဲမှုနှစ်ရပ်ကို ခုခံ ချေပနေရသည်။
ဇန်နဝါရီတွင်ယခင်က လက် ထောက်လုပ်ခဲ့သူ အမျိုးသမီးနှင့် ဆက်ဆံခဲ့မှုဖြင့် ကာလကြာကြာ စီရင်စစ်ဆေးပြီးနောက် တရား သေလွှတ်ပေးခဲ့သည်။ ၁၉၉၈ ခု တွင် ဝန်ကြီးချုပ် မဟာသီဟာမို ဟာမက်နှင့် ဒုတိယဝန်ကြီးချုပ် အန္နဝါတို့အတူ ရာထူးပြုတ်ကျပြီး နောက်တွင် အန္နဝါကို အဂတိ လိုက်စားမှုဖြင့် ထောင်ချခဲ့သည် ဟု သိရသည်။ ၂၀ဝ၄ ခုနှစ်တွင် ၄င်းသည် ထောင်မှ လွှတ်ခဲ့သည် ဟုဆိုသည်။
မာန်သစ်နိုး
Venus News Journal

နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခု

Category : 0


နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခုအသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလှပနေ သူတွေ သင့်ပတ် ဝန်းကျင်မှာ တွေ့ဖူးမှာပါ။ နေ့စဉ်လိုက်နာ ကျင့်သုံးတဲ့ အလေ့အကျင့် တွေက နုပျိုလှပမှုကို ဖြစ်စေ တာပါ။ သူတို့တစ်တွေ လိုက်နာ ဆောင်ရွက်လေ့ရှိတဲ့ အလေ့အကျင့်တွေထဲက ခုနစ်ခုကို ဖော်ပြ လိုက်ပါတယ်။
၁) သဘာဝပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ အလှပြင်ပစ္စည်းတွေကို အသုံးပြုတယ်
အများစုက ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက ပိုမိုအာနိသင်ပြည့်ဝတယ်လို့ ထင်တတ်ကြ ပါတယ်။ တကယ်တော့ သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထုတ် လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက သက်ကြီးအရေးကြောင်းတွေ အတွက် အမှန်တကယ် ထိရောက်မှုရှိတယ်လို့ အလှအပပညာ ရှင် ဘာဘရာကလို့က ပြောပါတယ်။ အပင်ထွက်ပါဝင်ပစ္စည်း တွေဖြစ်တဲ့ ပက်ပ်တိုက်၊ လိုက်ပိုဆုန်း၊ ဂလိုင်ကိုဆိုက် စတာတွေ က အသားအရေကို ကြည်လင်ဝင်းပတာ၊ တင်းရင်းမှုရှိတာ၊ အရေး ကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးတာ စတဲ့ အစွမ်းအာနိသင် တွေ ရှိပါတယ်။
၂) နေရောင်ကာခရင်မ် အမြဲလိမ်းတယ်
အရွယ်အိုမင်းမှုကို တားဆီးနိုင်တဲ့ ပထမဆုံးလက်နက်က နေရောင်ကာ ခရင်မ်လိမ်းတာပါလို့ ကလို့က ပြောပါတယ်။ ဇင့်နဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုက်ပါတဲ့ နေရောင်ကာခရင်မ် တွေက အသားအရေကို ယားယံမှုမရှိစေဘဲ နေရောင်ခြည်တွေ ကို အသားအရေနဲ့ မထိတွေ့အောင် လုပ်ဆောင်ပေးတာ ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ အရွယ် တင်နုပျိုနေသူတွေဟာ နေရောင်ကာခရင်မ်ကို နေ့စဉ် အသုံးပြု တတ်ကြပါတယ်။ နေရောင်ခြည်က အိုမင်းမှုကို မြန်ဆန်စေတယ် ဆိုပေမယ့် တစ်နေ့ကို နေခြည်နုနုနဲ့ ၁၀ မိနစ်လောက်တော့ ထိတွေ့မှုရှိပါမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီကို ရရှိမှာပါ။ နေခြည်နုနုရရှိဖို့ မနက် ၁၀ နာရီမတိုင်မီနဲ့ ညနေ ၄ နာရီနောက်ပိုင်းတွေမှာ အပြင်ထွက်ပါ။
၃) အင်တီအောက်ဆီးဒင့်ပါဝင်တာကို အသုံးပြုတယ်
နုပျိုသူတွေ အသုံးပြုလေ့ရှိတဲ့ အင်တီးအောက်ဆီးဒင့်ပါ ဝင်တဲ့ အသားအရေ ထိန်းပစ္စည်းတွေက ခန္ဓာကိုယ်မှာ အိုမင်းမှု ကို ဖြစ်စေတဲ့Free Radical တွေရဲ့ တိုက်ခိုက်မှုမှ တားဆီးပေးပြီး ခန္ဓာကိုယ်တွင်း ညစ်ညမ်းမှုတွေကိုပါ ဖယ်ရှားပေးပါတယ်။ နယူး ယော့ခ်မှ အရေပြားပညာရှင်က ဘလူးဘယ်ရီ၊ လက်ဖက်စိမ်းနဲ့ ဗီတာမင် အီးစတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ အသားအရေ ထိန်းသိမ်းပေးတာတွေကို အသုံးပြုပါလို့ အကြံပေးပါတယ်။
၎) နေ့စဉ် အဆီလိမ်းတယ်
အသားအရေဝင်းပသူတွေဟာ အဆီတစ်မျိုးမျိုးကို နေ့စဉ် လိမ်းတတ်ကြပါတယ်။ အိုမီဂါ-၃ နဲ့ အိုမီဂါ- ၆ ပါဝင်တဲ့ အဆီ တွေက အရေပြားမှာ အလွှာပါးတစ်ခုအနေနဲ့ ဖုံးအုပ်ထားတာ ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရေပြားမှာ ရေဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
၅) သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားတယ်
အရွယ်တင်နုပျိုစေတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာတွေကို အရေပြားမှာ လိမ်းပေးရုံသာမက စားပေးတာက အပေါ်ယံ ရွှေမှုန်ကြဲသလို မဖြစ်စေဘဲ ခန္ဓာကိုယ်တွင်းမှ နက်နက်ရှိုင်းရှိုင်း လှပမှု ဖြစ်စေတယ်လို့ နယူးယောက်မှ အရေပြားပညာရှင် အဲလိစ် စဘတ်က ပြောပါတယ်။ သစ်သီး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေနဲ့ လက်ဖက်ရည်ကို သောက်ပေးပါ။ အပေါ် ယံဆဲလ်တွေ သေဆုံးသွားပြီး ဆဲလ်အသစ်ဖြစ်ပေါ်လာဖို့ ခန္ဓာ ကိုယ်တွင်းမှာ ကုန်ကြမ်းကို ရရှိပြီးသား ဖြစ်စေပါတယ်။
၆) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီ စားတယ်
အသားအရေ ဝင်းပစိုပြည်သူတွေက သံလွင်ဆီနဲ့ ငါးအဆီ တွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီတွေကို စားသုံးကြပါတယ်။ သင်က အဆီမှန်သမျှ ရှောင်ကြဉ်နေပါက သင့်အသားအရေ ငယ်ရွယ်နုပျိုဖို့ကို ဟန့်တားသလိုဖြစ်နေပါလိမ့်မယ်။ ကျန်းမာရေး နဲ့ညီညွတ်တဲ့ဆီတွေက အရေပြားကို အတားအဆီးတစ်ခုအနေနဲ့ ကာကွယ်ပေးရုံသာမကဘဲ အရေပြားက ရေဓာတ်ဆုံးရှုံးမှုနဲ့ ရောင် ရမ်းမှုတွေကို တားဆီးပေးပါတယ်။
၇) ယောဂကျင့်တယ်
စိတ်နဲ့ ခန္ဓာကိုယ်က ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ ယောဂကျင့်သူတွေဟာ စိတ်ပျို ကိုယ်နုကြပါ တယ်။ စိတ်ဖိစီးမှုများပါက ခန္ဓာကိုယ်က ကော်တီဇောဟော်မုန်း တွေထွက်ပြီး အိုမင်းမှုကို မြန်ဆန်စေပါတယ်။ ဒီဟော်မုန်းက အသားအရေတင်းရင်းစေတဲ့ ကိုလာဂျင်တွေကို ဖျက်ဆီးပြီး အရေးကြောင်းတွေဖြစ်စေပါတယ်။
၈) လေ့ကျင့်ခန်းလုပ်တယ်
လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှု တွေကို တားဆီးပေးတဲ့ အင်ဒေါ်ဖင်န်ဟော်မုန်း ထွက်ရှိပါတယ်။ ဒီဟော်မုန်းက အနာကျက်မြန်စေပြီး ခန္ဓာကိုယ်မှာ သွေးလှည့်ပတ် မှုကို ကောင်းမွန်စေတာကြောင့် အရေပြားဆဲလ်တွေအထိ အာဟာရ ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် နုပျိုတက်ကြွလှပ သူတွေဟာ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို အနည်းဆုံး သုံးရက် လောက် လေ့ကျင့်ခန်းပြုလုပ်တတ်ကြပါတယ်။
ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
Good Health

အလှပျက်စေသည့် အံ့အားသင့်စရာ အချက်များ

Category : 0


အလှပျက်စေသည့် အံ့အားသင့်စရာ အချက်များနေ့စဉ် ကျွန်မတို့ လုပ်မိကြတဲ့ တ ချို့အပြုအမူတွေကြောင့် အလှအပကို ထိခိုက် စေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ ကြောင့် အဲဒီလို ပြဿနာတွေ မဖြစ်စေ ဖို့ ဘယ်လို ရှောင်ရှားသင့်တယ် ဆိုတာ လေ့လာကြည့်ရအောင်။
ရှလကာရည်ထည့်ထားသော ဟင်းရွက်သုပ် စားခြင်း
“ရှလကာရည်ရဲ့ pH က ၂ ဒသမ ၅ ဖြစ်ပြီး အက်စစ်ဂုဏ်သတ္တိရှိပါတယ်”လို့ ဖလော်ရီဒါမှ သွားဆရာဝန်ဂျက်ဆန်က ဆိုပါတယ်။ အက်စစ်က သွာြးွေကလွှာ တွေကို တိုက်စားစေနိုင်သလို အရောင် ပါတဲ့ ရှလကာရည်ဆိုရင် သွားတွေကို အစွန်းထင်စေပါတယ်။
ဘယ်လို ဖြေရှင်းမလဲ
အဖြူရောင် ရှလကာရည်ကို ရွေး ချယ်ရင် သွားတွေကို အစွန်းမထင်စေသ လို ဟင်းနုနယ်လို အယ်လ်ကာလီဓာတ် များတဲ့ အရွက်သုပ်ထဲမှာ ထည့်စားရင် အက်စစ်ဓာတ်ကို ဓာတ်ပြယ်စေပါတယ်။ ဒါပေမဲ့ စားပြီးတာနဲ့ ချက်ချင်း သွားမတိုက်ပါနဲ့။ အနည်းဆုံး ၁၀ မိနစ်ကြာမှ သွားတိုက်သင့်ပါတယ်။
နေ့စဉ် ခေါင်းလျှော်ခြင်း
ဘုံပိုင်ရေတချို့မှာ ကလိုရင်းဓာတ် သိသိသာသာ ပါဝင်ပါတယ်။ ကလိုရင်း ပါတဲ့ ဘုံပိုင်ရေနဲ့ ခေါင်းလျှော်ရင် ဆံပင်သားရဲ့ သဘာဝအဆီဓာတ်တွေ ဆုံးရှုံး ပြီး ဆံကေသာကို ထိခိုက်စေနိုင်ပါတယ်။ “နေ့စဉ်ခေါင်းလျှော်တာက ရေကူး ကန်ထဲမှာ ရေကူးတာထက် ပိုဆိုးပါတယ်။ ကလိုရင်းပါတဲ့ ရေနဲ့ တစ်နှစ်ပတ်လုံးထိ တွေ့မှု ရှိနေလို့ပါ”လို့ နယူးယော့ခ်မှ ဆံ ပင်ပညာရှင် ရစ်ဗာက ဆိုပါတယ်။
ဘယ်လို ဖြေရှင်းမလဲ
ဆံပင်ကို နေ့စဉ် ခေါင်းမလျှော်ဘဲ တစ်ပတ်မှာ ၂-၃ကြိမ်ပဲ လျှော်သင့်ပါ တယ်။ တစ်ပတ်မှာ တစ်ကြိမ် ကလိုရင်း ဖယ်ရှားတဲ့ ဖော်မြူလာပါ ခေါင်းလျှော် ရည်နဲ့ လျှော်ပါ။
မှောက်အိပ်ခြင်းနှင့် ဘေးတစောင်းအိပ်ခြင်း
မှောက်အိပ်တာနဲ့ ဘေးတစောင်း အိပ်တာတွေကြောင့် မျက်နှာပေါ်မှာ အ စင်းကြောင်းထင်စေပြီး မျက်လုံး၊ နှာခေါင်း၊ ပါးပြင်၊ နှုတ်ခမ်းနဲ့ မျက်ခုံးတွေမှာ သေး ငယ်တဲ့ အစင်းရာထင်စေနိုင်ပါတယ်။ “ဒီ လို အစင်းရာထင်နှုန်း ကြာလာပြီး အ သက်ကြီးလာတဲ့အခါမှာ ကော်လာဂျင် ဆုံးရှုံးမှုဖြစ်ကာ အရေးကြောင်း ဖြစ်ပေါ် စေနိုင်ပါတယ်”လို့ နယူးယောက်ရှိ အလှ အပဆိုင်ရာခွဲစိတ်ဆရာဝန် ပက်ထရီရှား က ဆိုပါတယ်။ ဒီအိပ်စက်မှုပုံစံတွေက မျက်နှာမှာ အရည်စုပုံစေပြီး ဖောင်းအစ်မှု ဖြစ်စေနိုင်ပါတယ်။
ဘယ်လို ဖြေရှင်းမလဲ
ပက်လက်လှန်အိပ်တဲ့ အနေအထား ကို ပြောင်းပါ။ အနေအထား ပြောင်း အိပ်ဖို့ မလွယ်ရင် ပိုးသားခေါင်းအုံးစွပ် ပေါ်မှာ အိပ်စက်ပေးပါ။ ခေါင်းအုံးပေါ် မျက်နှာမှောက်မိရင်တောင် အသားအ ရေကို ချောမွေ့နေစေပါတယ်။ အိပ်ရာ မဝင်ခင်မှာ ညလိမ်းခရင်မ်လိမ်းပေးပါ။
ပခုံးလွယ်အိတ် လွယ်ခြင်း
လေးလံတဲ့ အိတ်ကို လွယ်တာက ခါးနောက်ကျောအပေါ် ဒဏ်ဖြစ်စေနိုင် ပါတယ်။ လွယ်ကြိုးအောက်မှာ ဆံပင် တွေ ဖိမိတာကြောင့် ဆံပင်သား ပြတ် တောက်မှု ဖြစ်စေနိုင်ကြောင်း နယူး ယောက်ရှိ ဆံပင်ပညာရှင် အေဗားက ဆိုပါတယ်။
ဘယ်လို ဖြေရှင်းမလဲ
လွယ်ကြိုးတိုတိုပါတဲ့ လွယ်အိတ်ကို ပြောင်းလွယ်ပါ။ ဒါမှမဟုတ် ဆံပင်တွေ ကို စည်းနှောင်ထားပါ။
ကြယ်စင်
Good Health
http://www.yoyarlay.com/health/health/beauty/27654-2012-07-02-04-41-04

ဗိုက်ပူလို့ စိတ်ညစ်နေသလား

Category : 0


ဗိုက်ပူလို့ စိတ်ညစ်နေသလားအမျိုးသမီး အများစုဟာ ဗိုက်ပူ တာကြောင့် ဗိုက်သား ချပ်ရပ်ဖို့ အတော် ကြိုးစား ယူရပါတယ်။ ဗိုက်ပူလာပြီ ဆိုရင် ပြန်ပြီးဗိုက်ချပ်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ စနစ်တကျ လိုက်နာပြီး မှန်မှန်ကြိုးစား မယ်ဆိုရင်တော့ ချပ်ရပ်တဲ့ ဗိုက်သားအလှကို ရရှိလာပါလိမ့်မယ်။
အဆင့် (၁) လေ့ကျင့်ခန်း
-ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်ပါ
ကြမ်း ပြင်ပေါ်လေးဖက်ထောက် အ နေအထားမျိုး နေပါ။ လက်နှစ်ဖက် အ ကွာအဝေးက ပခုံးတွေထက် အနည်း ငယ် ပိုကျယ်သင့်ပါတယ်။ ပြီးရင် သင့် ရင်ဘတ်က ကြမ်းပြင်နဲ့ ထိကပ်လုနီးပါး ဖြစ်တဲ့အထိ ခန္ဓာကိုယ်ကို နှိမ့်ထားသင့် ပါတယ်။ပြီးရင် နဂိုအနေအထားမှာ ပြန် နေပြီး ထပ်ကာ ထပ်ကာ လုပ်ပေးပါ။
-တင်ပါးမြှင့်လေ့ကျင့်ပါ
ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်လဲ လျောင်းပြီး ဒူးတွေကို ကွေးကာ ခြေဖဝါး တွေကို ကြမ်းပြင်ပေါ်မှာ အပြားလိုက်ချ ထားပါ။ ပြီးရင် တင်ပါးတွေကို မြှင့်တင် လိုက်ပါ။ ဒီအချိန်မှာ ခန္ဓာကိုယ်ဟာ ပခုံး နဲ့ ဒူးအထိ တစ်ဖြောင့်တည်း ဖြစ်နေရပါ မယ်။ ဒီအနေအထားအတိုင်း ငါးစက္ကန့် နေပြီး ခန္ဓာကိုယ်အောက်ပိုင်းကို နဂို အနေအထားမှာ ပြန်ထားပါ။ ခန္ဓာကိုယ် ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေပါတယ်။
အဆင့် (၂) စိတ်ဖိစီးမှု လျှော့ချနည်း
စိတ်ဖိစီးမှုက မြင့်မားနေတဲ့အခါမှာ ကော်တီစောဟော်မုန်းက မြင့်တက်လာ ပါတယ်။ ကော်တီစောဟော်မုန်း မြင့် တက်တာက ဗိုက်အဆီကို တိုးစေပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်းဆုံး ၁၀- ၁၅ မိနစ်ခန့် စိတ်ဖိစီးမှုကို လျှော့ချပြီး ကော်တီစောအဆင့်ကို လျော့နည်းအောင် လုပ်ဆောင်ပါ။ ဗိုက်သား ချပ်ရပ်လာပါ လိမ့်မယ်။ စိတ်ဖိစီးမှု ဖြေလျှော့ရေးနည်း တချို့ကတော့ လာဗန်ဒါရနံ့သင်းပျံ့နေတဲ့ ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာ၊ အကြော ဆန့်ထုတ်တာ၊ ယောဂကျင့်တာ၊ တစ်နေ့ တာအကြောင်း စာချရေးတာ၊ ရယ်မော တာတို့ ဖြစ်ကြပါတယ်။
အဆင့် (၃) အစားအစာ
ဝမ်းဗိုက်အဆီ လောင်ကျွမ်းစေမယ့် အစာတွေကို စားပေးရင် ဗိုက်သားချပ် ရပ်စေရုံသာမက သွေးတွင်းသကြားဓာတ် ကိုပါ တည်ငြိမ်စေပါတယ်။ စားသင့်တဲ့ အစားအစာတွေက သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်အများအပြား၊ အဆီနည်းပရို တင်းနဲ့ ကောင်းတဲ့ အဆီတွေပဲ ဖြစ်ကြပါ တယ်။ လိုက်နာသင့်တဲ့ အစာစားနည်း က အောက်ပါအတိုင်း ဖြစ်ပါတယ်။
-အစာစားတိုင်းဟင်းသီးဟင်းရွက် တစ်မျိုး-နှစ်မျိုး ပါဝင်ပါစေ
တစ်နေ့မှာ ကယ်လိုရီနည်း အစာ ကို လေးကြိမ်-ငါးကြိမ်စားရင် ဟင်းသီး ဟင်းရွက်စားဖြစ်နိုင်ခြေက ၄-၁၀ ကြိမ် ခန့် ရှိပါလိမ့်မယ်။ à ရေများများသောက်ပါ ရေဟာ ရေဓာတ်ခန်းခြောက်မှု မဖြစ် အောင် ကာကွယ်ပေးနိုင်ရုံသာမက ဗိုက် ဆာတာကိုလည်း မေ့သွားစေပါတယ်။ တစ်နေ့ အနည်းဆုံး ရေ ရှစ်ဖန်ခွက်ခန့် သောက်ပါ။
-အရည်အသွေးရှိတဲ့ ပရိုတင်းဓာတ် ကို စားပါ
ပရိုတင်းပါတဲ့ အစာက အစာကြေ လွယ်၊ ဇီဝရုပ်ဖြစ်ပျက်လွယ်ပြီး ကယ်လိုရီ များများလည်း လောင်ကျွမ်းစေနိုင်ပါ တယ်။ ပရိုတင်းဓာတ်က အစာအိမ်ထဲမှာ ကြာကြာ ရှိစေတာကြောင့် ချက်ချင်း ဗိုက်ပြည့်စေသလို ကြာကြာ ဗိုက်ပြည့် နေစေပါတယ်။
-အဆီကို မကြောက်ပါနှင့်
အိုမီဂါ ၃ဖက်တီးအက်စစ်ပါတဲ့ သံ လွင်ဆီ၊ ထောပတ်သီး၊ ငါးနဲ့ အခွံမာတဲ့ အစေ့အဆန်တွေက ခန္ဓာကိုယ်တွင်းမှာ အဆီမော်လီကျူးအကြီးတွေကို သေး ငယ်တဲ့ အဆီမော်လီကျူးတွေအဖြစ် ပြောင်းစေပြီး သွယ်လျစေပါတယ်။

“အပေါင်းလက္ခဏာတွေ အများကြီးတွေ့ပါတယ်”

Category : 0

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း အပါအ၀င် လွှတ် တော် ရေးရာ ဥက္ကဌ တွေနဲ့ ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါမှာ ရှိတဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အ ထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်(ရန်ကုန်- ရုံးခွဲ)မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။
၂၀၀၇ ခုနှစ် သြဂုတ်လ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြ ကာလ အတွင်း က တခြားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ တွေ့ရသည့် ကိုမင်းကိုနိုင်
အဲဒီ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် အများစုဟာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရာမှ သမ္မတ ဦးသိန်း စိန် ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မကြာသေးခင်က လွတ်မြောက်လာခဲ့ကြပါတယ်။ အဲဒီနောက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းစဉ်နဲ့ မြန်မာနိုင်ငံမှာ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ အားကောင်းလာစေရေး ကြိုးပမ်းလှုပ်ရှားနေကြပါတယ်။
မေး။ ။ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် လွှတ် တော် ရေးရာ ဥက္ကဌ တွေ နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘာတွေ အဓိကထား ဆွေးနွေးဖြစ်ခဲ့ကြပါလဲ။
ကိုမင်းကိုနိုင်။ ။ အဓိကကတော့ဗျာ သူတို့ လွှတ်တော်ဆိုတာက ဥပဒေပြုတဲ့ကိစ္စက မူလတာဝန်ခံပဲ။ တခုတော့ ရှိတယ်ဗျ။ နိုင်ငံမှာတော့ အာဏာ အမြင့်ဆုံးနေရာပဲ။ အုပ်ချုပ်ရေးဆိုတဲ့ သမ္မတကိုတောင်မှ လွှတ်တော်ကနေ ရွေးရတာကိုးဗျ။ ဒီတော့ အစိုးရအဖွဲ့ပြီးသွားရင် လွှတ်တော်ရဲ့ကိစ္စက ပြည်သူတွေကို အကာအကွယ် အစောင့်အရှောက် ပေးနိုင်မယ့် ဥပဒေတွေ ပြ ဌာန်း ဖို့ရယ်၊ ပြည်သူတွေအတွက် မလိုဘဲ ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့၊ ဖိနှိပ်ချုပ်ချယ်နေတဲ့ ဥပဒေဆိုးတွေကို အကုန်ဖျက်သိမ်းဖို့ရယ်၊ ဒီ ၂ ခုပါပဲ။ အဲဒီ ၂ ခုကိုပဲ ကျနော်တို့ဆွေးနွေးကြတာ။ ကျနော်တို့ ဆွေးနွေးမှုတွေက အဲဒီအထဲက ပြေး မလွတ်ပါဘူး။
မေး။ ။ ဘာကြောင့် ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ ဆွေးနွေးမှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အမြင်လည်း သိပါရစေ။
ဖြေ။ ။ ကျနော်တို့ လိုရင်းပြောရင်တော့ အပေါင်းလက္ခဏာတွေ အများကြီးတွေ့ပါတယ်။ သူတို့အနေနဲ့ အရပ်ဘက်ကိုပြောင်း လဲ လာပြီးတော့ အရပ်သားများအနေနဲ့ ကြိုးစားကြတယ် ဆိုတဲ့နေရာမှာ အရင်က ခေါက်ရိုးကျိုးနေတဲ့ အမိန့်နာခံမှုနဲ့ ခိုင်းမှ လုပ်မယ်ဆိုတဲ့လူတွေ အဲဒီပုဂ္ဂိုလ်တွေ ယနေ့အထိ ရှိတယ်၊ ကျန်နေတယ်ဆိုတာလည်း နားလည်ကြပါတယ်။ အဓိကကတော့ ဦးဆောင်ဦးရွက်ပြုတဲ့ လွှတ်တော်ထဲမှာ တာဝန်ထမ်းဆောင်ကြတဲ့လူတွေဟာ တကယ်ပြုပြင် ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒရှိနေ ဖို့ပဲ။ ကျနော်မြင်တာကတော့ မနေ့က ကျနော်တို့တွေ့ခဲ့တဲ့အပေါ်မှာတော့ သူတို့ပြုပြင်ပြောင်းလဲရေးလုပ်ချင်စိတ် တကယ်ရှိပြီး ကြိုးစားနေတယ်လို့တော့ ယူဆလို့ ရတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း ပြောထားပြီးသား ရှိတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်မယ့် ပုဂ္ဂိုလ်မှန်ရင် ဘယ်အင်အားစုနဲ့မဆို ကျနော်တို့ လက်တွဲမယ်ဆိုတာ၊ အဲဒါကြောင့် ကျနော်တို့မနေ့က တွေ့ဆုံဖြစ်ကြတာပါ။
မေး။ ။ အခုလို ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် လွှတ်တော်ရေးရာ ဥက္ကဌ တွေနဲ့ ဆွေးနွေးတယ် ဆိုတော့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေမှာ အစီအစဉ် ရှိလား။
ဖြေ။ ။ ကျနော်တို့က ရွေးကောက်ပွဲတခုတည်းကိုပဲ အာရုံစိုက်နေတဲ့လူတွေတော့ မဟုတ်ဘူးဗျ။ တဘက်ကနေပြီးတော့ နိုင်ငံ တကာမှာ ပြန်ကြည့်တဲ့အခါ ရွေးကောက်ပွဲ ၀င်ရင် ဘာလုပ်မလဲ။ ရွေးကောက်ပွဲ ၀င်ပြီးလို့ နိုင်မယ် ဆိုပါတော့၊ ပြီးတော့ ရော ရွေးကောက်ပွဲ နိုင်လို့ အလုပ်ဖြစ်ရဲ့လားဆိုတာ ဇင်ဘာဗွေ နိုင်ငံ လိုမျိုး ပြန်ကြည့်လိုက်ပါဗျာ။ အဲဒါဆိုရင် သုံးသပ်လို့ရပါတယ်။ ကျနော်တို့ ၁၉၉၀ ကို ပြန်ကြည့်ဗျာ။ အဲဒီတော့ တကယ်တမ်းက Instituion ခေါ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ မခိုင်မာဘဲနဲ့ အားမကောင်းဘဲနဲ့ ဒီမိုကရေစီကို ရွေးကောက်ပွဲ နည်းလမ်းတခုတည်းနဲ့ ကူးပြောင်းတဲ့ အစဉ်အလာကို ကျနော် တို့က မစဉ်းစားဘူး။ ရွေးကောက်ပွဲဆိုတာက အတော်များများစဉ်းစားကြပြီး အဲဒါကို အာရုံစိုက်ကြတာများပါတယ်။ ကျနော် တို့ကတော့ ရွေးကောက်ပွဲက ရတဲ့ ရလဒ်ကို ပြန်ဖော်ဖို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းနေဖို့၊ အရပ်သား တွေ၊ ဒီမိုကရက်တစ်တွေ အားကောင်းနေဖို့ ကျနော်တို့ ပိုပြီး အာရုံ စိုက်တယ်။
မေး။ ။ ဒီတော့ ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဘာတွေကို ဘယ်လို ဆက်ပြီး ဆွေးနွေးပြောဆို ခဲ့ပါသေးလဲ။
ဖြေ။ ။ ကျနော်တို့ ခရီးစဉ်တလျှောက်လုံး တွေ့ခဲ့သမျှတွေမှာ ပြည်သူတွေရဲ့ နစ်နာတဲ့ ဆုံးရှုံးမှုတွေ၊ ပြည်သူတွေ ဖြစ်ချင်တာ အကုန်လုံးကို မနေ့က တွေ့ဆုံမှုမှာ ကျနော်တို့ ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် ရေးရာကော်မတီ ဥက္ကဌ တွေ အကုန်လုံး ကို ပြန်ပြီးတော့ သယ်ဆောင်ပြီး အရောက်ပို့နိုင်ခဲ့ပါတယ်။ အဲဒါတွေအကုန်လုံးကို ခြုံပြောလိုက်မယ်ဆိုရင် လွှတ်တော်ထဲမှာ အသစ်ရေးဆွဲမယ့် ဥပဒေတွေ၊ ဥပမာ တခုပြောပါ့မယ်၊ အများအတွက် အကျိုးရှိတဲ့ ဥပဒေတခုကို ပြဌာန်းလိုက်ပြီ၊ ပြဌာန်း လိုက်ပေမယ့် လက်တွေ့ကျတော့ အကောင်အထည်ဖော်ဖို့ နည်းဥပဒေ မထွက်သေးဘူး။ အဲဒီအခါကျတော့ အလုပ်လုပ်လို့ မရဘူး။ အုပ်ချုပ်ရေး ယန္တရားဘက်ကလူတွေက ဒါကို အကြောင်းပြပြီးတော့ အပြောင်းအလဲကို တကယ်မလုပ်ကြဘူး။ နဂိုကတည်းက မလုပ်ချင်တဲ့လူတွေ ပြောနေတဲ့ကြားထဲမှာ ခေါက်ရိုးကျိုးတွေကြားထဲမှာ ခုနကလို လုပ်ထုံးလုပ်နည်း မရှိလို့ဆိုတဲ့ ဆင်ခြေတွေ၊ နည်းဥပဒေ မရှိသေးလို့ဆိုတဲ့ဆင်ခြေတွေနဲ့ ပြည်သူတွေဟာ အကောင်းဘက်ပြောင်းလဲမှုကို မခံစားရဘူးပေါ့ဗျာ။ အဟောင်းအတိုင်းပဲ ဖြစ်နေတယ်။ အဲဒီ ပြဿနာတွေကို ကျနော်တို့ တင်ပြဆွေးနွေးနိုင်ခဲ့တယ်။ အဲဒီအပေါ်မှာလည်း ကျနော် တို့ ဖြစ်စေချင်တာ ဥပဒေ တခု ထုတ်ပြန်ပြီးရင် နောက်ထပ်ပြီး လိုက်လာပြီးတော့ နည်းဥပဒေကို ကာလ အကန့်အသတ် ဘယ်လောက်အတွင်းမှာ ဘယ်နှရက် အတွင်းမှာ အပြီးအပြတ် ရအောင်ထွက်ရမယ်ဆိုတာမျိုးကို အခုလာမယ့် လွှတ်တော်မှာ ဥပဒေ တရပ်အနေနဲ့ကို ပြဌာန်းပေးဖို့ ကျနော်တို့ ပြည်သူတွေကိုယ်စားပေါ့ဗျာ ကျနော်တို့ အဓိက အလေးထားပြီး ပြောပြခဲ့ တယ်။ ကျန်တဲ့ အချက်အလက်တွေလည်း တော်တော်များပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဇူလိုင် ၁ ရက်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ – ၈၈ မျိုးဆက်ကျောင်းသားများ)
မေး။ ။ ၈၈ မျိုးဆက် ကျောင်းသားတွေဘက်က ဆွေးနွေးပြောဆိုမှုကိုရော သူရ ဦးရွှေမန်းအပါအ၀င် လွှတ်တော် တာဝန်ရှိသူတွေဘက်က ဘယ်လို တုံ့ပြန်ခဲ့လဲ။
ဖြေ။ ။ ကျနော်တို့ ပြောတာအကုန်လုံးကို သူတို့သဘောတူပါတယ်။ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်တဲ့နေရာမှာ သူတို့ကြုံ တွေ့ရတဲ့ အခက်အခဲ အခြေအနေတွေကိုလည်း သူတို့ ရိုးရိုးသားသား ကျနော်တို့ကို ပြောပြပါတယ်။ အပြောင်းအလဲ ဆိုတဲ့ အတွက်ကြောင့် အရင်အဟောင်းထဲက ဟာတွေက မလိုက်ပါနိုင်မှုတွေရော ပြီးတော့ အခုမှ၊ သူတို့ ကိုယ်တိုင်လည်း တသက် လုံးမှာ စစ်တပ်ထဲမှာပဲ ကြီးပြင်းလာခဲ့ပြီး အမိန့်ပေးတဲ့စနစ်ကိုပဲ ကျင်လည်လာတာဆိုတော့ အသွင်ကူးပြောင်းရေးလုပ်တဲ့အခါ မှာ ကျင့်သားမရသေးတာတွေကို ရိုးရိုးသားသား ကျနော်တို့ကို ပြောပြပါတယ်။ နိုင်ငံတကာလှည့်လာပြီးတော့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီးတော့ အများကြီး သူတို့ လွှတ်တော်ထဲမှာ အလုပ်လုပ်ဖို့ လိုနေသေးတယ်ဆိုတာကို ပြောပါတယ်။ တကယ်လည်း သိပါတယ်။
ကျနော်တို့ မြင်တာက အဲဒီလို ရိုးရိုးသားသား အမှန်အတိုင်းပြောတဲ့ ပွင့်လင်းမြင်သာမှုကို ကျနော်တို့ သဘောကျတယ်ဗျ။ ဘာကြောင့်လဲ ဆိုတော့ အနာ သိဖို့လည်း လိုတာကိုးဗျ။ အနာသိမှ ဆေး ကုလို့ ရမှာ။ သူတို့ ဖြစ်နေတဲ့ အခက်အခဲတွေကို ကျနော်တို့ သိခွင့်ရတယ်။ နောက်တခါ လူထုကြားထဲမှာ ဖြစ်နေတဲ့ အခက်အခဲ ကိုလည်း သူတို့ သိခွင့်ရခဲ့တယ်။ အဲဒီတော့ အနာတွေကို အမှန်အတိုင်းပြောကြတယ်။ ပြီးတော့ သဘာဝကျတဲ့ နည်းလမ်းကို တကယ်ပဲ ရွေးကြရမှာကိုး။ အနာကို၊ အားနည်းချက်ကို ဒီအတိုင်း၂ ဘက်လုံးပြောနိုင်ကြတာကတော့ အကျိုးရှိပါတယ်၊ ဆက်ပြီးတော့ ကုထုံးတွေလည်း ကျနော်တို့ စဉ်း စားကြပါတယ်။ ဥပမာ ဆိုပါတော့ဗျာ။ တကယ် တတ်ကျွမ်းတဲ့ ပညာသည်တွေကို အကူအညီတွေ ကျွမ်းကျင်သူတွေခေါ်ပြီးတော့ နောက်ထပ် ကော်မရှင်တရပ် ဖွဲ့စည်းတာမျိုးပေါ့ ဗျာ။ သူတို့မှာ ရှေ့ဆက်ပြီး တော့ အစီအစဉ်တွေ အများကြီး စဉ်းစားထားတာ ရှိတယ်။ အဲဒီ အကြောင်းတွေလည်း ကျနော်တို့ကို ပြန်ပြီးတော့ ရှင်းပြတယ်။
မေး။ ။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ၈၈ မျိုးဆက်ကျောင်းသားတွေကို လွှတ်တော်နိုင်ငံရေး ဖြစ်စဉ်ထဲ ၀င်ရောက် ပူးပေါင်း လုပ်ဆောင်ဖို့ ဖိတ်ခေါ်တာမျိုးရော ရှိလား။
ဖြေ။ ။ အထူးတလည် တခုတ်တရ ကျနော်တို့ကို ဖိတ်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် အားလုံး နိုင်ငံသားတိုင်းဟာ လွှတ် တော်ထဲ ၀င်ပြီး လုပ်ဖို့ ရွေးချယ်ခွင့်ရှိတာပဲဗျာ။ ဒါကတော့ ကိုယ့်ရွေးချယ်ခွင့်ပဲပေါ့။ လောလောဆယ်ကတော့ ကျနော်တို့ လတ်တလော အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းအောင် လုပ်နေတယ်။ အရပ်ဘက် လူ့ အဖွဲ့အစည်းတွေ အားကောင်းရမယ် ဆိုတဲ့အချက်ကိုလည်း လွှတ်တော် ဥက္ကဌ ကိုယ်တိုင်က သူယုံယုံကြည်ကြည်နဲ့ လက်ခံတယ်။ အဲဒါ ကျနော် တို့ ကောင်းမွန်တဲ့ အချက်တချက်လည်းဖြစ်တယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းအောင်၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း အရပ်သားတွေရဲ့ အခန်းကဏ္ဍက မြင့်မားအောင် ဒါပဲ ကျနော်တို့ အာရုံစိုက်မယ်ဗျာ။
မေး။ ။ နောက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးလည်း ဆွေးနွေးခဲ့သေးတယ်ဆို။
ဖြေ။ ။ ကျနော်တို့ အဲဒါ ပြောဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်တွေ့မှာ သမ္မတက စကားစပ်ရင် စပ်သလို ပြန်လာလို့ရရင် ပြန်လာပါလို့ ပြောတယ်။ အဲဒါက ကျနော်တို့ဆိုလိုတာက အမိန့်ဒီဂရီ တရပ်ကို သပ်သပ်မှတ်မှတ် ကြေညာပေးတာမျိုးကို ကျနော်တို့ လိုချင်တာကိုး။ လက်တွေ့မှာကျတော့ တယောက်ချင်း သံရုံးသွားပြီး ခွင့်ပန်ရတယ်။ သံရုံးက ခွင့်ပြုတဲ့ လူက တော့ ပြန်လာလို့ရပြီး ခွင့်မပြုတဲ့လူက ပြန်မလာဘူး။ ဘယ်စံဘယ်နှုန်းတွေနဲ့ ခွင့်ပြုမယ်၊ ခွင့်မပြုဘူးဆိုတာ မသိရဘူး။ အဲဒါကြီး က အရင် အဟောင်းကြီးဗျ။ တယ်မနိပ်ဘူး။ လက်တွေ့မှာ အလုပ် မဖြစ်ဘူး။ အဲဒါကြောင့် အားလုံး ပြန်လာနိုင်ဖို့ကို အမိန့်ဒီဂရီတရပ် ထုတ်ပြန်နိုင်ဖို့ ကောင်းတယ်။
ကျနော်တို့က အဲဒီကိစ္စတင် မကဘူးဗျ။ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ ကိုပါ အထူးအလေးထားပြီး ထိပ်ဆုံးကနေပြီး ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီပုဂ္ဂိုလ်တွေဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် အင်အားတွေ ဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံရေး လုပ်ရင်းကိုင်ရင်းနဲ့ နိုင်ငံရေး ယုံကြည်မှုအပေါ်မှာ အလုပ်လုပ်ကြရင်းနဲ့ အမှုအမျိုးမျိုးတပ်ပြီးတော့ အဖမ်းဆီး ခံနေရတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီသမားတွေပေါ့။ သူတို့ရဲ့ လွတ်မြောက်ရေးကို အလေးအနက်ထားပြီး ပြောခဲ့ပါတယ်။ သူတို့ကလည်း ဒီပုဂ္ဂိုလ်တွေဟာ နိုင်ငံတည်ဆောက်ရေးမှာ အင်အားတွေဖြစ်မယ်ဆိုလို့ရှိရင် ဒီ အင်အားတွေကို အသုံးချဖို့၊ ဒီ အင် အားတွေဟာ တိုင်းပြည်အတွက်ဖြစ်တယ် ဆိုတာမျိုး သူတို့ လိုလားပါတယ်။ အဲဒီတော့ ဆက်ပြီးတော့ သူတို့က ကျနော်တို့ ပြောဆိုခဲ့တာတွေကို အလေးအနက်ထားပြီး ဆောင်ရွက် ပါလိမ့်မယ်။
အလားအလာကောင်းတွေ ဖြစ်လာမှာပါ။ ကျနော်တို့ တတ်စွမ်းသမျှ၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပြီး တင်ပြခဲ့တာပါ။ စာရင်းဇယားတွေလည်းပြုစုတဲ့သူက ပြုစုနေကြပါတယ်။ အဲဒီအထဲမှာတော့ ကျနော်တို့သိသလောက် လူမကျန်ရအောင် ကြိုး စားပြီးတော့ လုပ်နေပါတယ်။ ။
 http://burma.irrawaddy.org/archives/13731

ကချစ်စစ်ပြေး ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်

Category : 0

Hits: 22

KIO ထိန်းချုပ်မှုအောက်ရှိ ဂျေယန့် ကချင်စစ်ပြေး ဒုက္ခသည်စခန်း မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် KIO ၏ ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည် စခန်းများတွင် ဇွန်လ နှောင်းပိုင်းမှစ၍ ၀မ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။
မိုင်ဂျာယန်၊ ပါကထောင်၊ ဖလူရန့်နှင့် ဂျေယန့် စခန်းများ အပါအဝင် တခြားစခန်းများတွင် အသက် ၅ နှစ်အောက်နှင့် သက်ကြီး ရွယ်အိုများ အဖြစ်များပြီး လူဦးရေ ၇၀၀၀ ကျော် ခိုလှုံနေကြသော ဂျေယန့် စခန်းတွင် ဒုက္ခသည် ၆၀ ရာခိုင်နှုန်းကျော် ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်ပွားနေသည်ဟု ဒုက္ခသည်စခန်း ကော်မတီနှင့် ဆေးအဖွဲ့များက ပြောသည်။
“၀မ်းပျက်၊ ၀မ်းလျောက တော်တော်များများ ဖြစ်နေတယ်။ အဓိက ကတော့ မိုးရာသီ ဖြစ်နေတာကြောင့်ရယ်၊ သောက်သုံးရေ ကြောင့်ရယ်” ဟု ကချင် ဒုက္ခသည် စခန်းများ ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆားက ဧရာဝတီသို့ ပြောသည်။
ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားနေသော စခန်းများ အပါအဝင် KIO ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည် စခန်း ၄၀ ကျော်တွင် ဆေးဝါး၊ ဆေးဝန်ထမ်းနှင့် ရိက္ခာ မလုံလောက်မှု နှင့်လည်း ရင်ဆိုင်နေရကြောင်း သူက ဆက်ရှင်းပြသည်။
မိုးတွင်းကာလ စီးဆင်းနေသော ချောင်းရေများကို စနစ်တကျ ကျိုချက် သောက်သုံးခြင်း မရှိသဖြင့် ယင်းသို့ ဝမ်းရောဂါ ဖြစ်ပွား
နေခြင်းဖြစ်ကြောင်း လိုင်ဇာမြို့နယ်ရှိ ဂျေယန့် ဒုက္ခသည် စခန်း၏ ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
“ဒီစခန်းမှာက ၀မ်းပျက်ဝမ်းလျော အများဆုံးဖြစ်နေတယ်။ ငှက်ဖျားပိုး ၀င်တာတော့ နည်းနည်း တွေ့ရတယ်” ဟု သူက ရှင်းပြသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကချင် စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ခန့်အပါအဝင် ကချင်ပြည်နယ် နယ်စပ် ဒုက္ခသည်စခန်း ၄၀ ကျော်မှ စုစုပေါင်း ဒုက္ခသည် ၅၃၀၀၀ ကျော်အတွက် KIO က တနှစ်ခန့် ထောက်ပံ့ ပေးခဲ့ပြီး ယခုအခါ ငွေကြေး အကျပ်အတည်း ဖြစ်လာသဖြင့် ဒုက္ခသည်များကို ထောက်ပံ့မှု အားနည်းလာသည်ဟု သိရသည်။
ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေသော စခန်းများတွင် ဆေးဝန်ထမ်း လုံလောက်မှုမရှိခြင်း၊ ဆေးဝါး ပြတ်တောက်ခြင်း တို့ကြောင့် ရောဂါ ကူးစက်မှု တိုးလာမည်ကို စိုးရိမ်ရကြောင်း လိုင်ဇာမြို့နယ် အတွင်းရှိ ဖလူရန့် ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါ ဖြစ်ပွားနေသူများကို ကုသပေးနေသော ဆေးဝန်ထမ်း တဦးက ပြောသည်။
“အခု ၀မ်းပျက်ဝမ်းလျှောက ဖြစ်နေကြ ရာသီမှာ ဖြစ်တာလို့လည်း ဆိုနိုင်သလို၊ ကူးစက်နိုင်တဲ့ ရောဂါ လို့လည်း ပြောနိုင်တယ်။ ဒီစခန်းမှာ လူဦးရေကလည်း များ၊ အိမ်ထောင်စုကလည်း များတယ်၊ ပြီးတော့ ဆေးဝါးတွေကလည်း ပြတ်နေတယ်လေ။ရောဂါဖြစ်နေရင် ဆေးပတ်လည်အောင်တောင် မတိုက်နိုင်ဘူး” ဟု သူက ဧရာဝတီသို့ ပြောသည်။
ဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူများ မရှိသေးကြောင်း၊ ဝမ်းရောဂါ ထပ်မံ မပြန့်ပွားရေးအတွက် ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ဒုက္ခသည် စခန်းများသို့ ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ပြုလုပ်ကြရန် ကချင် ဒုက္ခသည် စခန်းများ ကော်မတီက ညွှန်ကြားထားကြောင်း ဦးဒွဲပီဆားက ရှင်းပြသည်။
ကချင်ပြည်နယ်အတွင်း မိုးများ ဆက်တိုက် ရွာသွန်းနေသော်လည်း KIO နှင့် အစိုးရ တပ်များအကြား တိုက်ပွဲများ ဖြစ်နေကြသဖြင့် နယ်မြေ မတည်ငြိမ်မှုကြောင့်ဟု ဆိုကာ ဒုက္ခသည်တချို့ ထပ်မံရောက်ရှိ လာနေကြောင်း သိရသည်။
ကချင် ဒုက္ခသည် စခန်းများ ကော်မတီက ပုံမှန်ပေးနေသော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နှင့် အမိုးအကာများ ခွဲတမ်းကျ လုံလောက်စွာ မရရှိဘဲ ဖြစ်နေချိန်တွင် လိုင်ဇာမြို့နယ်ထဲ၌ ကိုယ်ထူကိုယ်ထ တဲထိုးကာ နေထိုင်သူများနှင့် အမိုး
အကာမရှိဘဲ ခိုလှုံနေရသည့် ဒုက္ခသည် မိသားစု ၃၀၀ ခန့်ရှိနေသည်ဟု သိရသည်။
ထို့အတူ မိုးညှင်းခရိုင်အတွင်းရှိ တောများအတွင်း ခြေသလုံးအိမ်တိုင် အခြေအနေဖြင့် ပုန်းအောင်းနေရသူ ဒုက္ခသည် ၂၀၀၀ ခန့်နှင့် ဗန်းမော်နှင့် ရွှေလီ မြစ်အကြားရှိ တောင်ကြော များတွင် ပုန်းအောင်းနေရသော ဒုက္ခသည် ၁၅၀၀ ကျော် ရှိနေကြောင်း ဦးဒွဲပီဆားက ပြောသည်။
KIO ထိန်းချုပ်ရာ နယ်စပ်ဒေသအတွင်း ဒုက္ခသည် စခန်းများတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းနေအရွယ် ကလေးများ ပိုမိုတိုးပွားလာကြောင်း၊ ဘော်ဒါဆောင်နေ၍ ကျောင်းတက်ရမည့် ကျောင်းသားဦးရေ ၁၅၀၀ ကျော် အထိ
ရှိနေရာ ထိုကျောင်းသားများအတွက် ကျောင်းဆောင်များနှင့် ကျောင်းသုံး ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း သူက ဆိုသည်။
ယင်း ဒုက္ခသည်များသည် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် KIO တို့အကြား တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ၍ KIO က တည်ဆောက် ပေးထားသော ဒုက္ခသည် စခန်းများတွင် လာရောက် ခိုလှုံနေကြကာ၊ နယ်မြေ တည်ငြိမ်မှု မရရှိ သေးသဖြင့် နေရပ်ရင်းသို့ မပြန်နိုင်ကြသေးချေ။
ကျော်ခ ပူးပေါင်း ရေးသားသည်။http://burma.irrawaddy.org/archives/13743

လတ်တလော ရန်ကုန် ကားဈေးနှုန်း

Monday, July 2, 2012 Category : 0

.




ဟံသာဝတီကားဈေးကွက် (ရန်ကုန်) ဇူလိုင်လ ၁ ရက်နေ့ ကားဈေးနှုန်းများ

၂၀၀၂ မော်ဒယ် တိုယိုတာ Mark II(ဓာတ်ဆီ) (၅ဃ) (ကျပ်) သိန်း ၂၀၀
၁၉၉၉ မော်ဒယ် တိုယိုတာ Mark II(ဓာတ်ဆီ) (၅ဃ) သိန်း ၁၆၀

၁၉၉၂ မော်ဒယ် တိုယိုတာ Mark II(ဒီဇယ်) (၁ခ) သိန်း ၁၀၀
၂၀၀၀ တိုယိုတာ ကာဒီးနား (ကြက်တူရွေး) (ဓာတ်ဆီ) (၅ဃ) သိန်း ၁၆၀

၂၀၀၂ တိုယိုတာ ကာဒီးနား (စက်ရုပ်) (ဓာတ်ဆီ) (၅ဃ) သိန်း ၂၁၀
၂၀၀၁ ကိုရိုလာ (ဖင်ကောက်) (ဒီဇယ်) (၅ဃ) သိန်း၂၂၀
၁၉၉၉ သိန်း ၂၀၀
၁၉၉၂ (ဒီဇယ်) (၈က) သိန်း ၁၂၀

၂၀၀၂ ကိုရိုလာ RAY 4 (ဓာတ်ဆီ) (၅ဃ) သိန်း ၂၃၀
၂၀၀၀ သိန်း ၂၀၀
၁၉၉၉ (၂ဃ) သိန်း ၁၆၅

၂၀၀၇ ဆူဇူကီး R+ (ဓာတ်ဆီ) (၃ဂ) သိန်း ၁၂၀
၂၀၀၅ (၆ခ) သိန်း ၉၀

၁၉၉၀ ကိုရိုလာ လီမိတက် (SE) (ဓာတ်ဆီ) (၅ဂ) သိန်း ၁၁၀
၁၉၈၈ (၆က) သိန်း ၉၀

၁၉၉၀ ကိုရိုလာ CE,96 (ဒီဇယ်) (၈က) သိန်း ၉၀
၁၉၉၇ ပါရာဒို TX (ဒီဇယ်) (၅ဃ) သိန်း ၂၉၀
TZ သိန်း ၃၃၀

ဇူလိုင် ၁ ကားပါမစ် စလစ်ဈေး သိန်း ၅၀
ဈေးနှုန်းအနည်းငယ် ကွာဟမှုရှိနိုင်ပါသည်။

ညွှန်း - http://www.colayonline.com.mm/automobile/

ကိုယ့်ကြောင့် သူများထမင်းလုတ် ပြုတ်ကျ သွားမဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး ချောရတနာ

Thursday, June 21, 2012 Category : 2


အနုပညာ လောကမှာ သူ့ကို ပေါချောလို့ ချစ်စနိုး ခေါ်ကြပါတယ်။ အားလုံးနဲ့
အဆင်ပြေအောင် နေတတ်ပြီး မာနမထားဘဲ အမြဲရယ်မော ပျော်ရွှင်နေတတ်တဲ့ သူ့ကို မျက်နှာချင်းဆိုင် စကားပြောကြည့်လိုက်တဲ့ အခါမှာ.......
ခုလတ်တလော မချောဘာတွေလုပ်နေလဲ
ကားရိုက်တော့ မရှိတော့ဘူး။ အငြိမ့်တွေ ကဖြစ်တယ်။ ကိုကြီးခင်လှိုင်တို့၊ ကိုဒိန်းဒေါင်တို့နဲ့ အငြိမ့်တွေ နယ်ကိုထွက်ကဖြစ်တာ အိမ်မှာ မရှိသလောက်ပဲ။

ခုနောက်ပိုင်း Vamp (ဗီလိန်) တွေ ရိုက်ဖြစ်တယ်နော်
ဟုတ်တယ်။ ကိုယ်လုပ်ရတာ Vamp ဆိုပေမယ့် ပရိသတ် နှစ်သက်တယ် ဆိုရင် ဝမ်းသာတယ်။ ကိုယ်ကိုယ်တိုင်လည်း Vampကို လုပ်ရတာပိုပြီး သရုပ်ဆောင် ကောင်းတယ်လို့ ထင်တယ်။

တကယ် Vamp ဖြစ်အောင် ဘယ်လို mood ထည့်လဲ
ကိုယ်လုပ်တဲ့ Vamp (ဗီလိန်) ကာရိုက်တာကို လူအရမ်း မောမှာစိုးလို့ ထိန်းလုပ်ဖူးတယ်။ ထိန်းလုပ်ရင် လျော့သွားရော။ မကောင်းဘူး၊ မောရင် မောပါစေဆိုပြီး ဖွင့်လုပ်မှ ကောင်းတယ်။ Result ထွက်လာရင် ကွာတယ်။

Senior တွေနဲ့ သရုပ်ဆောင်ရတဲ့အခါ ဘယ်လိုခံစားရလဲ
ကိုယ့်ရဲ့ Senior တွေနဲ့ သရုပ်ဆောင်တဲ့အခါ ချောက အတတ်နိုင်ဆုံး အမှားအယွင်း မဖြစ်အောင် ဂရုစိုက်တယ်။ ကြိုးစားပြီး သရုပ်ဆောင်တယ်။ ကြိုးစားရင် ကြိုးစားတဲ့သူကို သူတို့က တန်ဖိုးထားပါတယ်။ ကြိုးစားတဲ့သူကို သင်ပေးချင်တယ်။ ပြောပြချင်တယ်။ ကိုယ်ကလည်း Senior တွေကို လိုအပ်တာတွေ သင်ပြပေးပါနော် ဆိုပြီးပြောတယ်။ သူတို့ကလည်း ကိုယ့်ကို ချစ်ခင်ပြီး လိုအပ်တာတွေ ပြောပြပေးတယ်။

Senior တွေကိုလန့်တာ ကြောက်တာတွေ ရှိလား။
အခုတော့ မရှိတော့ပါဘူး။ အရင်တုန်းကတော့ ရှိတယ်။ ကိုသားကြီး (ဒွေး) နဲ့ ဓာတ်ပုံရိုက်တုန်းက ကြောက်ပြီး ဒူးတွေ ရိုက်နေတာ ဖြစ်ခဲ့တယ်။ အဆင်မပြေခဲ့ဘူး။ အခုတော့ လန့်တာကြောက်တာ မရှိတော့ပါဘူး။ နောက်ပြီး mood မရသေးရင်

ကမ္ဘာကျော် တိုင်းတန်းနစ် ပြန်လာမယ်

Category : 0


ကမ္ဘာကျော် တိုင်းတန်းနစ်အပျော်စီး သဘောင်္ကြီးကို ယခုအချိန်မှာ ပုံသဏ္ဍန်ရော အရွယ်ပမာဏပါ တူညီတဲ့ တိုင်းတန်း နစ်-၂ လို့အမည်ပေးထားတဲ့ သင်္ဘောတစီးကို သြစတြေးလျ ဘီလျံနာ သူဌေးကြီး ကလစ်ပါလ်မားက တာဝန်ယူ ဆောက် လုပ်မယ့် အစီအစဉ်အကြောင်း ဇွန်လ ၂၀ ရက်နေ့ က ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာကျော်က နှစ်မြုပ်သွားခဲ့တဲ့ မူလ တိုက်တန်းနစ် သင်္ဘောကြီး ပုံစံ အတိုင်းကို ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည် တိုက်တန်းနစ် ၂ သဘောင်္တည်ဆောက်ဖို့ အစီစဉ်ရှိကြောင်းနဲ့ သဘောင်္ ဒီဇိုင်းကို ရေးဆွဲနေ တဲ့ အကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်တဲ့။

တိုက်တန်းနစ် ၂ သဘောင်္ တည်ဆောက်နိုင်ဖို့ ကမ္ဘာကျော် ရေကြောင်းကုမ္ပဏီတွေဖြစ်တဲ့ ဖင်လန်နိုင်ငံ အခြေစိုက် ဒဲလ်တာမင်းနဲ့ ဘလူးစတားသဘောင်္ ကုမ္ပဏီများက ကြိုးစားခဲ့ကြရာမှာ ဒဲလ်တာမင်းကုမ္ပဏီရဲ့ ဒီဇိုင်းကို ရွှေးချယ် တည် ဆောက်သွားမှာ ဖြစ်တယ်တဲ့။

သင်္ဘောကြီးအတွက် ကုန်ကျစာရိတ်ကို ခန့်မှန်းခြေ ယူရို ၃.၇ ဘီလျံလောက် လျာထား ပါတယ်လို့လည်းဆိုပါတယ်။ အဲဒီကုမ္ပဏီက တိုင်းတန်းနစ်-၂ သဘောင်္ကို တည်ဆောက်ရန်အတွက်
တရုတ်နိုင်ငံ စီအက်စ်စီကျင်းလန်း သဘောင်္ကျင်းမှာ စတင်တည်ဆောက်နိုင်ရန် ပြင်ဆင်နေပြီလဲ ဖြစ်ပါတယ်။

အသစ်တည်ဆောက်မည့် တိုင်းတန်းနစ်-၂ သဘောင်္ရဲ့ အရှည် မီတာ ၂၇၀၊ အမြင့် မီတာ ၅၃ ရှိကာ တန်ချိန် ၃၀,၀၀၀ ခန့် ရှိ မှာဖြစ်ပြီး အခန်းပေါင်း ၈၄၀ ပါဝင်မှာလဲ ဖြစ်ပါတယ်။ ခရီးသည် ၂ သောင်းကျော်ကိုလဲ တင်ဆောင်နိုင်မှာ ဖြစ်ပါသတဲ့။

ဒီအပြင် ခေတ်မီတဲ့ နည်းပညာတွေ၊ လုံခြုံရေး စနစ်တွေ၊ ရေကြောင်းပြစနစ်တွေ တပ်ဆင်ထားမယ့် တိုက်တန်းနစ် ၂ သဘောင်္ကြီးရဲ့ ပထမဆုံး ရေချခရီးကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ အင်္ဂလန်ကနေ မြောက် အမေရိကားဆီကို ဦးတည်ပြီး မောင်းနှင်နိုင်ဖို့လည်း စီစဉ်ထားပါတယ်။


မူရင်းလင့်။   ။ http://blog.irrawaddy.org/2012/06/blog-post_6311.html

လျှပ်တပြက်ဂျာနယ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ တရားစွဲပြီ

Category : 0



လျှပ်တပြက်ဂျာနယ် တရားစွဲဆို ခံရသည့်ကိစ္စ ရှင်းပြနေသည့် အယ်ဒီတာချုပ်ဦးမြတ်ခိုင် (ဓာတ်ပုံ – ဧရာဝတီ)


ရန်ကုန်တိုင်းဒေသကြီး အစိုးရက လျှပ်တပြက်ဂျာနယ်အား ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်ရေးသားမှုဖြင့် အရေးပေါ် ဥပဒေ ပုဒ်မ ၅၀၅ (ခ) (ဂ) အရ ပုဇွန်တောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုလိုက်သည်။
ရန်ကုန်မြို့ ရန်ကုန်ဟိုတယ်တွင် ယနေ့ ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲ၌ လျှပ်တပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ၎င်း၏ဂျာနယ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ပိတ်ပင်လိုက်သည့်အပြင် တရားစွဲဆို ခံထားရကြောင်း၊ လာမည့် ဇူလိုင် ၂၅ ရက်နေ့ တနင်္လာနေ့ နံနက် ၁၁ နာရီတွင် ပုဇွန်တောင်မြို့နယ်တရားရုံးတွင် တရားစတင် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောသည်။
“ကျနော့်ဂျာနယ်ကို ပုဇွန်တောင်မြို့နယ်တရားရုံးမှာ ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ တရားစွဲဆိုကြောင်း ဆင့်ခေါ်စာ ရောက်လာ ပါတယ်” ဟု ဦးမြတ်ခိုင်က ဆိုသည်။
လျှပ်တပြက်ဂျာနယ်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာများက မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရသည်ဟု မှားယွင်း ဖော်ပြခဲ့သည့်အတွက် နိုင်ငံပိုင် သတင်းစာအမှား မည်သူ တာဝန်ယူမည်နည်း ခေါင်းစဉ်ဖြင့် မျက်နှာဖုံးသတင်း ရေးသားခဲ့သည့်အပြင် ကျောက်နီမော် ကျေးရွာ၌ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသော မသီတာထွေး၏ ဓာတ်ပုံကိုပါ ဖော်ပြခဲ့မှုကြောင့် စာပေစိစစ်ရေး၏ အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့ပြီးနောက် ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အစိုးရက စတင် တရားစွဲဆိုခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းမီဒီယာများတွင် ရခိုင်ပဋိပက္ခကို ဆူပူမှုများ ဖြစ်အောင် လှုံ့ဆော်ရေးသားပါက ပုဒ်မ ၅ (ည) အရ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၉ နှစ် ချမှတ်ခံရမည်ဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အခမ်းအနားတွင် မီဒီယာများကို သတိပေး ပြောဆိုခဲ့သည်။
Eleven မီဒီယာမှ အယ်ဒီတာချုပ် ကိုဝေဖြိုးက လျှပ်တပြက်ဂျာနယ်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုသည့် ကိစ္စအား လုံးဝ ကန့်ကွက်ပြီး တရားဝင်စာ ထုတ်ပြန်ရှုတ်ချမည်ဖြစ်ကြောင်း၊ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင် သည်အထိ ပြုလုပ်သွားရန် ရှိကြောင်း ယနေ့ကျင်းပသော အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
“ကျနော်တို့ Eleven မီဒီယာအနေနဲ့ လျှပ်တပြက် ဂျာနယ်ဘက်ကနေ တသားတည်း ရပ်တည်တယ်” ဟု ကိုဝေဖြိုးက ဆိုသည်။
လတ်တလော အခြေအနေတွင် ၀န်ကြီးဌာနများ လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက် ခြစားမှုများရှိသည်ဟု ထုတ်ဖော် ရေးသားခဲ့သော The Voice ဂျာနယ်ကိုလည်း အသရေဖျက်မှုဖြင့် ဒဂုံမြို့နယ် တရားရုံးတွင် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲဆို ထားသည်။
ပြန်ကြားရေး ၀န်ကြီးဌာနသည် လာမည့် ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်စတင်မည့် လွှတ်တော် အစည်းအဝေးများ၌ ပုံနှိပ် မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြဖွယ်ရှိကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီက ပြောဆိုသည်။

မူရင်းလင့်။    ။ http://burma.irrawaddy.org/archives/12833

“မြန်မာပြည်မှာ တက္ကသိုလ်ရဲ့ လွတ်လပ်မှုနဲ့ အနှစ်သာရ ပျောက်ဆုံးနေတယ်”

Category : 0






ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ယူပြီးခါစ ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံက တက္ကသိုလ်တွေကို လုံခြုံရေးအမြင်နဲ့ ထိန်းချုပ်နေတာကြောင့် တက္ကသိုလ်ရဲ့ လွတ်လပ်မှုနဲ့ အနှစ်သာရ ပျောက်ဆုံးနေရတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောလိုက်ပါတယ်။
“ကျမတို့ မြန်မာနိုင်ငံက လူငယ်တွေမှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း လွတ်လပ်ခွင့်တွေလည်း မရှိ ကြပါဘူး။ ကျောင်းသားတွေ စည်းကမ်းတကျ ဖြစ်ဖို့လိုတယ်ဆိုတဲ့ အမြင်မျိုးနဲ့ ထိန်းထားချင်တဲ့ အတွက် တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀တွေဟာ မပီပြင် ပျက်ဆီးခဲ့ရပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ ကျောင်းသားဆိုတာမျိုးက ဒီလို ထိန်းချုပ်ထားလို့ မ ရပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ပြောခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အောက်စ်ဖို့ဒ် တက္ကသိုလ်က ၁၉၉၃ ခုနှစ်ကတည်းက ချီးမြှင့်ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် မြို့ပြနှင့် ဒေသန္တရ ဥပဒေ ပါရဂူ (Honorary Doctorate in Civil Law) ဘွဲ့ကို လက်ခံရယူပြီးတဲ့ အချိန်မှာ မြန်မာပြည်က တက္ကသိုလ်တွေနဲ့ ပတ်သက်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အောက်စ်ဖို့ဒ် တက္ကသိုလ်နယ်မြေကို ၂၄ နှစ်ကြာမှ ပြန်ရောက်ခဲ့ရတဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ မိတ်ဆွေဟောင်းတွေ ဖြစ်တဲ့ St. Hugh တက္ကသိုလ် ကျောင်းသားဟောင်းတွေနဲ့လည်း  ပြန်လည်တွေ့ဆုံခွင့် ရခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါရဂူ ဘွဲ့မိန့်ခွန်းက နိုဘဲလ်ငြိမ်းချမ်းရေး မိန့်ခွန်းနဲ့မတူဘဲ ပေါ့ပေါ့ပါးပါး ပြောသွားတာ ဆိုပေမယ့် နားထောင်သူတွေကို ပြန်လည်နုပျိုသွားပြီး ကျောင်းသားဘဝတွေကို ပြန်အမှတ်ရသွားလောက်အောင် ဆွဲဆောင်မှုရှိတာ တွေ့ရပါတယ်။
အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းဝန်းအတွင်းမှာ သူငယ်စဉ်က ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ပညာ သင်ကြားခဲ့ရပုံတွေ၊ သမိုင်း နောက်ခံ အမျိုးမျိုးနဲ့ ရောက်လာတဲ့၊ အတွေးအမြင် မတူသူ သူငယ်ချင်းတွေနဲ့ အမြင် ဖလှယ်ခွင့် ရခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောင်းပြောပြရင်း မြန်မာပြည်က တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀တွေနဲ့တော့ ကွာခြားတယ်လို့ သူက ပြောသွားပါတယ်။
တက္ကသိုလ်ဆိုတာ၊ ကျောင်းဆိုတာ လူငယ်တွေအတွက် သူတို့ရဲ့ ကိုယ်ပိုင် ကမ္ဘာတွေအဖြစ် ဖန်တီးရမှာ ဖြစ်တဲ့ အကြောင်း၊ ဒါမှမဟုတ်ရင်လည်း လက်ရှိ ကမ္ဘာကြီးကို သူတို့ စိတ်ကူးတွေနဲ့ ပိုင်ဆိုင်ခွင့်၊ ဖန်တီးခွင့် ရသင့်ကြောင်း၊ မြန်မာပြည်က တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀တွေကတော့ အနှစ်သာရ ကင်းမဲ့နေတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ် ဆိုတဲ့အကြောင်း သူက ဆိုပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပညာရေးစနစ်က အလွန်အရေးကြီးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ပိုမို ကောင်းမွန်လာဖို့အတွက် နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ရတဲ့ အတွေ့အကြုံကို ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အချိန်မှာ လူ့ယဉ်ကျေးမှု ပညာရပ်ကို သင်ယူခဲ့ရတဲ့အတွက် အကျိုးများတယ်၊ ပညာရပ်တွေကို လေ့လာ ရာမှာ ကျောင်းသင်္ခန်းစာ တခုတည်းက လေ့လာတာထက် လူ့ယဉ်ကျေးမှု ဘ၀ကြီးထဲက သင်ယူတာက ပို အကျိုးရှိတယ် ဆိုတဲ့အကြောင်း တွေလည်း ထည့်ပြောသွားပါတယ်။
လန်ဒန်ကနေ အောက်စဖို့ဒ်မြို့လေးဆီ ကားစီးလာတဲ့အချိန်မှာ ကားလမ်းက ပြေပြစ် ချောမွေ့နေပေမယ့် ကားမူးတဲ့ ဝေဒနာကို ခံစားရတယ် ဆိုတဲ့အကြောင်း၊ မြန်မာပြည်က လမ်းတွေကတော့ ကြမ်းတမ်းပေမယ့် သူ့အနေနဲ့ ခံနိုင်ရည် ရှိနေပြီ ဆိုတဲ့အကြောင်း ရယ်စရာ နှောပြီး ပြောဆိုချိန်မှာ နားထောင်တဲ့ပရိသတ်က လက်ခုပ်တီး ရယ်မောကြပါတယ်။
“အခုအချိန်မှာ မြန်မာနိုင်ငံဟာ လမ်းကြောင်းတခုပေါ် စပြီး လျှောက်လှမ်းနေပါပြီ။ ဒါပေမယ့် ဒီလမ်းဟာ အင်္ဂလန်မှာ အခု တွေ့နေရတဲ့ အဖြောင့်ဖြူးဆုံး လမ်းမျိုးတော့ မဟုတ်သေးပါဘူး။ ချောမွေ့မှု သိပ်မရှိသေးသလို၊ သေချာ ပြုပြင် ထိန်းသိမ်းထားတာလည်း မရှိသေးပါဘူး။ ပြောရမယ်ဆိုရင် အခုကျမတို့ ခရီးက ပန်းတိုင်ကို ရောက်သေးတာ မဟုတ် ဘူး” လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စ်ဖို့ဒ် တက္ကသိုလ် St. Hugh’s College မှာ ၁၉၆၄ ခုနှစ်က စတင် တက်ရောက်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဖီလော်ဆော်ဖီ၊ နိုင်ငံရေး၊ စီးပွားရေး ဘာသာရပ်တွေနဲ့ B.A ဘွဲ့ကို ရခဲ့ပါတယ်။ လန်ဒန်တက္ကသိုလ်ရဲ့  School of Oriental and African Studies ကနေပြီးတော့လည်း ၁၉၈၅ ခုနှစ်မှာ ဒေါက်တာ ဘွဲ့ကို ရရှိခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၆၇ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက် နေ့ကလည်း လန်ဒန်မှာ ရောက်ရှိနေတဲ့ တိဗက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ၁ နာရီနီးပါး တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် ပါလီမန် ၂ ရပ်မှာ မိန့်ခွန်း ပြောကြားမှာပါ။
မြန်မာ အတိုက်အခံခေါင်းဆောင်၊ လွှတ်တော် အမတ်၊ နိုင်ငံရေးပါတီတခုရဲ့ ဥက္ကဋ္ဌ အနေနဲ့ ဗြိတိန် ပါလီမန်မှာ စကား ပြောခွင့်ရတာဟာ ရှားပါးတဲ့ အခွင့်အရေး ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အရင်က ဗြိတိန် ပါလီမန် ၂ ရပ်မှာ အမေရိကန်နိုင်ငံ လက်ရှိ သမ္မတ ဘာရက် အိုဘားမားနဲ့ ပုပ်ရဟန်းမင်းကြီး Benedict XVI တို့လည်း မိန့်ခွန်းပြောကြား ခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်တော်ဝင်မင်းသား ချားလ်စ်နဲ့ ကြင်ယာတော်တို့ကလည်း သူတို့ အိမ်တော်မှာ ဒီနေ့ တွေ့ဆုံဖို့ ဖိတ်ကြားထားတဲ့အပြင် ဗြိတိန် ၀န်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန် အပါအ၀င် ဗြိတိန် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် တွေနဲ့လည်း West minister ခမ်းမမှာ တွေ့ဆုံဦးမယ်လို့ သိရပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ လန်ဒန် ခရီးစဉ်အတွင်းမှာ ၁၉၉၉ ခုနှစ် မတ်လ ၂၇ ရက်နေ့က ဆီးကျိတ်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တဲ့ ခင်ပွန်းသည် ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့ အုတ်ဂူကိုလည်း သွားရောက် ဂါရ၀ ပြုခဲ့ ပါသေးတယ်။

မူရင်းလင့်။   ။ http://burma.irrawaddy.org/archives/12808

ပုသိမ်မှာ လျှပ်စစ်မီးတွေ ဆိုးဆိုးဝါးဝါးဖြတ်တောက်

Monday, May 21, 2012 Category : 0





ဧရာဝတီတိုင်း ပုသိမ်မြို့မှာ (11-5-2012) အစိုးရနည်းပညာ တက္ကသိုလ် ကျောင်းသားများ စာမေးပွဲပြီးတဲ့နေ့က စပြီး လျှပ်စစ်မီးတွေ ဆိုးဆိုးဝါးဝါးပြန်လည်ပြတ်တောက်နေပါတယ်။

ကျောင်းသားတွေစာမေးပွဲဖြေတဲ့ရက်အစမှာ မီးပျက်လို့ ဆန္ဒပြမယ်ဆိုတာကြားတော့ အာဏာပိုင်တွေ လျှပ်စစ်ကလူတွေ အသည်းအသန်နဲ့ မီးပြန်ပေးပါတယ်။ စာမေးပွဲပြီးပြီးချင်းရက်မှာပဲ အရင်ကလို မီးတွေပြန်ဖြတ်ထားတာ အခုရက်ပိုင်းဆို ပိုဆိုးလာပါတယ်။ တစ်နေ့ ၁နာရီ ၂နာရီလောက်ပဲ

အွန်လိုင်းကျေးရွာ. Powered by Blogger.