> > နေတိုးနှင့် ကျော်ကျော်ဗို အင်္ဂလန်တွင် ခရီးသွား မှတ်တမ်း ဇာတ်လမ်း ရိုက်မည်

နေတိုးနှင့် ကျော်ကျော်ဗို အင်္ဂလန်တွင် ခရီးသွား မှတ်တမ်း ဇာတ်လမ်း ရိုက်မည်

Posted on Monday, July 9, 2012 | No Comments


နေတိုးနှင့် ကျော်ကျော်ဗို အင်္ဂလန်တွင် ခရီးသွား မှတ်တမ်း  ဇာတ်လမ်း ရိုက်မည်အင်္ဂလန်နိုင်ငံရှိ ကမ္ဘာကျော် ဘောလုံးကွင်း ခြောက်ကွင်းတွင် အကယ် ဒမီ နေ တိုးနှင့် ကျော်ကျော် ဗိုတို့ က ခရီးသွားမှတ်တမ်း ဇာတ်ကားများ ဇူလိုင်လတွင် သွားရောက် ရိုက်ကူးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အစီအစဉ်တွင် မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ လီဗာပူး၊ အာဆင်နယ်၊ ချယ်လ်ဆီးနှင့် စပါးအသင်းတို့၏ ဘောလုံးကွင်းများသို့ သွားရောက်မည်ဖြစ်ပြီး ပြည်တွင်းရှိ မြဝတီရုပ်မြင်သံကြား အခမဲ့ ရုပ်သံလိုင်းတွင် ပရီးမီးယားလိဂ် ဘောလုံးပွဲများ ကျင်းပမည့် သြဂုတ်လ၌ ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း ယင်းအစီအစဉ်ကို တာဝန်ယူ ထုတ်လွှင့်မည့် ADMA မှ ကိုဝေမင်းမောင်က ပြောသည်။ “နှင်းဆီအငြိမ့်အတွက် ဥရောပ လေးနိုင်ငံ ခရီးသွားရင်းနဲ့ ဒီမှတ်တမ်းကားလေး ရိုက်ခဲ့မှာပါ။ ကျွန်တော် ဘောလုံးကို ဝါသနာပါတယ်။ ဒါကြောင့် ဒီခရီးစဉ်မှာ ဘောလုံးကွင်းတွေရဲ့Theme ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ရသလောက် အချိန်လေးမှာ ရိုက်သွားမှာပါ” ဟု ကျော်ကျော်ဗိုက ပြောသည်။
ပြည်ပခရီးစဉ်များ သွားရောက်သည့် အခါတိုင်းတွင် မှတ်တမ်းမှတ်ရာအဖြစ် ရိုက်ကူးခဲ့ခြင်းများ ရှိခဲ့သော်လည်း ယခု အစီအစဉ်ကဲ့သို့ အချိန်ယူရသည့် အစီအစဉ်မျိုး ရိုက်ကူးရန် အခြေအနေ မပေးခဲ့ဘဲ ယခု ဥရောပ လေးနိုင်ငံ ခရီးစဉ်တွင်မူ အချိန်တစ်လနီးပါး ရရှိခြင်းကြောင့် ရိုက်ကူးရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။ ယခု မှတ်တမ်းကားအတွက် နေတိုး ဇာတ်ဝင်ခန်းများကို ကျော်ကျော်ဗိုက မှတ်တမ်းတင် ရိုက်ကူးပေးမည်ဖြစ်ပြီး ကျော်ကျော်ဗို ဇာတ်ဝင်ခန်းများကို နေတိုးက အပြန်အလှန် ရိုက်ကူးပေးကြမည် ဖြစ်သည်။
အေးသူစံ
7Day News

အွန်လိုင်းကျေးရွာ. Powered by Blogger.