> > ရည်းစားဦးကြောင့် စိုးရိမ်စိတ်တွေနဲ့ သက်မွန်မြင့်

ရည်းစားဦးကြောင့် စိုးရိမ်စိတ်တွေနဲ့ သက်မွန်မြင့်

Posted on Wednesday, July 18, 2012 | No Comments

Share
ရခိုင်ပြည်နယ် ပြန်လည် ဖွံ့ဖြိုးရေး ရန်ပုံငွေ ပဒေသာကပွဲမှာ ‘ရည်းစားဦး’ သီချင်းနဲ့ ဖျော်ဖြေခဲ့ တာကတော့ သက်မွန်မြင့်ပဲ ဖြစ်ပါတယ်။ အဆို ဝါသနာ ပါပေမယ့် စင် ပေါ်တက်ပြီး ဖျော်ဖြေရမှာ ကြောက်တာကြောင့် ဖျော်ဖြေပွဲ မတိုင်ခင်စိတ် လှုပ်ရှားနေတဲ့ သက်မွန်မြင့်က သီဆို ဖျော်ဖြေချိန် မှာတော့ အကောင်းဆုံး တင်ဆက်နိုင်ခဲ့ တာ တွေ့ရပါတယ်။ ရန်ပုံငွေပွဲမှာ ကိုယ် တတ်တဲ့ အနုပညာလေးနဲ့ တစ်တပ်တစ်အား ပါဝင် ကူညီခွင့်ရတယ် ဆိုတဲ့စိတ် နဲ့ ကြိုးစား သီဆိုခဲ့ကြောင်း ပြောတဲ့ သက်မွန်မြင့်က ဖျော်ဖြေပွဲမှာ သီချင်းဆိုခြင်းဟာ သူမအတွက် ဒုတိယအကြိမ် သီဆိုဖျော်ဖြေခြင်း ဖြစ်ပါတယ်။ ‘ရည်းစားဦး’ သီချင်း သီဆိုဖြစ်ပုံ ကိုလည်း ”ဒီသီချင်းက နားယဉ်နေပြီ သားလေ။ သာမန် အမှန်တကယ်ဆို လေ့ကျင့်ချိန်လည်း သိပ်မရဘူး။ ဇာတ်ကား ရိုက်နေရတာနဲ့ ရောပြီးတော့ နေမကောင်း ဖြစ်နေတာရောပေါ့။ အခုလည်း ကောင်းကောင်း နေမကောင်းသေးဘူး ဆိုတော့ နဂိုကမှ မဆိုတတ်ပါဘူး ဆိုမှ နေမကောင်းဖြစ်တော့ ပိုဆိုးတာပေါ့နော်။ ဒါကြောင့် ဖိအား တော့ တအားများတယ်။ နေမကောင်း ဖြစ်ပေမယ့် ရိုက်ကွင်းတော့ မနားရဘူး။ ဖြစ်ချင်တော့ အရှေ့မှာ ရိုက်တဲ့ကား ကလည်း ဒရာမာဆိုတော့ ငိုလိုက်၊ နှာရည်ယိုလိုက်နဲ့ နှာစေးပြီး အသံတွေ လည်း မမှန် ဘူးဖြစ်နေတာ။ ဒါပေမဲ့ ကိုယ်က ရန်ပုံငွေ အတွက် တစ်တပ်တစ်အား ပါဝင် ကူညီတာ ဆိုတော့ ပရိသတ်တွေက အားပေးမယ် ထင်ပါတယ်” လို့စိုးရိမ် စိတ်တွေနဲ့ ဖျော်ဖြေခဲ့ရ တဲ့ ပွဲအကြောင်း ပြောပါတယ်။
လတ်တလော မှာတော့ သက်မွန်မြင့် ပါဝင်တဲ့ ‘ကိုယ်ရံတော်’ ဇာတ်ကား ထွက်ထားပြီး ဒီဇာတ်ကားထဲ မှာမြင့်မြတ်၊ မြတ်သူအောင် တို့လည်း ပါဝင်ပါတယ်။ ဒီဇာတ်ကားကို ပရိသတ်တွေ သဘောကျကြကြောင်း သိရတာကြောင့် ပါဝင်သရုပ်ဆောင် ထားတဲ့ သက်မွန်မြင့်က..
”အမှန်ဆို ဒီကားက သက်မွန် နားတဲ့ရက် သုံးရက်လောက်မှာ ရိုက်ရမယ် ဆိုတော့ ကိုယ်က နှစ်ရက် သုံးရက်နဲ့ဆို မရိုက်ချင်ဘူးပေါ့။ ဒါပေမဲ့ သူတို့က ရိုက်ပေးပါ ဆိုလို့ ရိုက်ပေး ဖြစ်တာ။ ကိုယ်ပါဝင်ရတဲ့ အခန်း ကဏ္ဍ နည်းပေမယ့် ဇာတ်လမ်း အနေနဲ့တော့ ကောင်းပါတယ်” လို့ပြောပါတယ်။
ဝဿန်

အွန်လိုင်းကျေးရွာ. Powered by Blogger.