> > “အနုပညာဝမ်းစာဖြည့်နေတဲ့ အတွက် အနုပညာနဲ့ ပတ်သက်ပြီး သိပ်မလုပ် ဖြစ်သေးကြောင်း ဆွိဝတ်ရည်သောင်း”

“အနုပညာဝမ်းစာဖြည့်နေတဲ့ အတွက် အနုပညာနဲ့ ပတ်သက်ပြီး သိပ်မလုပ် ဖြစ်သေးကြောင်း ဆွိဝတ်ရည်သောင်း”

Posted on Wednesday, July 18, 2012 | No Comments

Share
ပရိသတ်ကြီးနဲ့ ဝေးနေပေမယ့်လည်း အနုပညာအလုပ်တွေကို လုပ်နေဆဲပဲလို့ဆို လာသူကတော့ ဆွိဝတ်ရည်သောင်းပါ။ ကိုယ်ဘာမှမတတ်သေးတဲ့အချိန်မှာ ပရိသတ်ကြီး ကို ရုပ်ရှင်မရိုက်ပြချင်သေးသလို အဆို တအားမတိုးတက်သေးတဲ့အချိန်မှာလည်း သီချင်းမဆိုပြချင်သေးဘူး လို့ပြောလာတဲ့ ဆွိဝတ်ရည်သောင်းက “အကုန်လုံးလိုက်ပြီးတော့ လေ့လာနေတာလည်းပါတယ်။ နောက်တစ်ခုကကျတော့ ကိုယ့်ဘက်က မပြည့်စုံသေးတာလေးတွေပေါ့။ အဲဒါလေး တွေကို ပြန်ဖြည့်ရ တာကြောင့် ပါ” လို့ ပြောပြခဲ့ပါတယ်။  ‘နတ်သရဲ’  ဆိုတဲ့ ဇာတ်ကားမှာ ဇင်ဝိုင်းနဲ့ရိုက်ကူးထားပြီး ‘စည်း’ဆိုတဲ့ဇာတ်ကားလည်း ရိုက်ဖို့ ရှိ ကြောင်း၊ နောက်ပိုင်း မှာ ဇာတ်ကားတွေ ဆက်တိုက် ရိုက်တော့မှာဖြစ်ကြောင်း၊ သီချင်းတွေလည်း ဆက်တိုက်ဆိုဖို့ရှိကြောင်း ဆွိဝတ်ရည်သောင်း ကပြောပြခဲ့ပါတယ်။ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီးလည်း ဆွိဝတ် ရည်သောင်းက”ခုလက်ရှိ တစ်ကိုယ်တော်အခွေလုပ်နေတယ်။ သီချင်း ၁၂ ပုဒ် ပါပြီးတော့တေးရေးR ခိုင်၊ ကေအေတီ၊ ဇ ဝါ၊စတုန်း၊မောင် သစ်မင်းနဲ့ ညီမကိုယ် တိုင် ရေးတစ်ပုဒ်ပါမယ်။ စံပီးပါမယ်။ မြန်မာနိုင်ငံမှာ တစ်ခါမှမလုပ်ဖူးသေးတဲ့ပုံစံလေး လုပ်ထားတယ်။အကော့စတစ်ပုံစံလေးပေါ့။ ကိုယ့်ဘာသာ ကိုယ် Creation လုပ်ပြီး တော့ ပရိသတ်ကြီးကိုတင်ပြ ချင်တာပါ။ အတီးပိုင်းဆိုရင်လည်း အကောင်းဆုံးဖြစ် အောင် ကြိုးစားထားတယ်။ Single ခွေ ထွက်ရင် လည်းအားပေးပါဦးလို့ ပရိသတ်ကြီးကိုပြောချင်ပါတယ်”လို့ပြောပါတယ်။ ပြည်ပခရီးစဉ်အနေနဲ့ဇူလိုင်လထဲမှာ အစ်မ ဖြစ်သူအေးဝတ်ရည်သောင်းနဲ့ ဘန်ကောက် သွားဖို့ရှိကြောင်းပြောလာပါတယ်။
သိမ့်သိမ့်

 http://popularmyanmar.com/mpaper/?p=46039

အွန်လိုင်းကျေးရွာ. Powered by Blogger.