> > မင်းသား ၆ယောက်၊ မင်းသမီး ၆ယောက်နဲ့ ဟာသ ကားကြီး ရိုက်မယ့် ဒါရိုက်တာ သားညီ

မင်းသား ၆ယောက်၊ မင်းသမီး ၆ယောက်နဲ့ ဟာသ ကားကြီး ရိုက်မယ့် ဒါရိုက်တာ သားညီ

Posted on Thursday, August 23, 2012 | No Comments


မင်းသား ၆ယောက်၊ မင်းသမီး ၆ယောက်နဲ့ ဟာသ ကားကြီး ရိုက်မယ့် ဒါရိုက်တာ သားညီသရုပ်ဆောင် ဒါရိုက်တာ သားညီ ရိုက်ကူးခဲ့တဲ့ 'သူမသည် မျောက် တစ်ကောင် ဖြစ်သည်' ဒီဗီဒီဇာတ်ကားကို လာမယ့် ၂ဝ၁၃ခုနှစ် မတ်လလောက်မှာ ရုံတင်ပြ သသွားမှာ ဖြစ်တယ်လို့ သားညီကပြောပြ ပါတယ်။
''အခုဆင်ဆာတွေကတော့ အားလုံးပြီးသွားပြီ။ ရုံတင်ဖို့အတွက်ကိုပဲ စောင့်နေ ရတာ။ ရုံရက်ရရင်တော့ တင်လို့ရမှာပါ။ ၂ဝ၁၃ခုနှစ် ၃လပိုင်းလောက်ထဲ မှာတော့ ရုံတင်လို့ရမှာပါ'' လို့ ပြောတဲ့သားညီက အဆိုပါ ဒီဗီဒီဇာတ်ကား အတွက် အကောင်းဆုံးဖြစ်အောင် ရိုက်ကူးခဲ့ပေမယ့်လည်း လိုအပ်တာတွေ ဆိုတာ ရှိနေမှာပဲဖြစ်သလို ကိုယ်ရိုက်ပြချင်တဲ့၊ ပရိသတ်ကို တင်ဆက်ပြ ချင်တဲ့ပုံစံလေးတွေ ကို ရိုက်ပြထားတာဖြစ်တဲ့အတွက် ပရိသတ်တွေကြိုက် လိမ့်မယ်လို့ မျှော်လင့်မိကြောင်း သားညီက ဆက်ပြောပါတယ်။
သားညီက အခုလက်ရှိမှာတော့ ဒါရိုက်တာအနေနဲ့ ရိုက်ကူးမှုသိပ်မလုပ်ဖြစ်သေးဘဲ သရုပ်ဆောင်မှု အပိုင်းကိုပဲ လုပ်ဖြစ်တာများနေတယ်လို့ ပြောပါတယ်။ ဒါရိုက်တာအနေနဲ့ ရိုက်မယ့် မင်းသား ၆ယောက်နဲ့ မင်းသမီး ၆ ယောက် ပါဝင်မယ့် ဒီဗီဒီဇာတ်ကားကို ရိုက်ကူးဖို့ အခက်အခဲတချို့ ရှိနေသေးတာ ကိုလည်း သားညီက ပြောပြလာပါတယ်။
''အဓိကက ဒီဇာတ်ကားမှာ မင်းသမီးကြီးတွေ ပါလာတာဆိုတော့ သူတို့ရဲ့ ရိုက်ရက်တွေကို ညှိရမှာရှိတယ်။ ပြီးတော့ ဇာတ်လမ်းကလည်း ဟာသ ဇာတ်ကားဆိုတော့ စိတ်တိုင်းမကျဘူး။ ကျွန်တော် လိုချင်တဲ့ပုံစံ မရသေးဘူး။ အဲဒီတော့ပြန်ရေးလိုက်၊ ပြန်ပြင် လိုက်နဲ့ လုပ်နေရတာ။ ဇာတ်ညွှန်းကိုတောင်း နေပေမယ့် ကျွန်တော်မပြီးသေးဘူး။ ရေးလိုက်၊ ပြင်လိုက်လုပ်နေရတုန်းပဲ။ ပြီးတော့ အပျိုကြီး ၆ယောက်ရဲ့ ဟာသဇာတ်လမ်းကို ရိုက်ရမှာဆိုတော့ ကျွန်တော်ရိုက်ကူးနေကျ ပုံစံမဟုတ်ဘူး။ ကျွန်တော်အမှန်တိုင်းပြောရရင် ဟာသပိုင်းကို ရိုက်ကူးရတာ သိပ် မကျွမ်းကျင်ဘူး။ အမှားပါသွားမှာလည်း စိုးရိမ်တယ်''လို့ သားညီက ရှင်းပြပါတယ်။
အဆိုပါဒီဗီဒီဇာတ်ကားကိုတော့ မိုးအကုန် ပွင့်လင်းရာသီလောက်မှာ ရိုက်ကူးသွားနိုင်ဖို့ မှန်းထားပြီး နောက် ထပ်ရိုက်ကူးမယ့် ဒီဗီဒီ ဇာတ်ကားဖြစ်တဲ့ 'ကိုယ့်သမိုင်းကိုယ်ရေးကြသူ များ-၂'ကိုတော့ နယ်ထွက်ရိုက်ရမှာဖြစ်တဲ့ အတွက် အသေးစိတ်တိုင်ပင် နေကြတယ်လို့ သားညီကပြောပြပါတယ်။သရုပ်ဆောင်ဘက် ကိုပဲဖိလုပ်ဖြစ် နေတာမျိုး မဟုတ်ပေမယ့်လည်း ဒါရိုက်တာအနေနဲ့ ရိုက်ကူးပေးဖို့အတွက်ကို ဇာတ်တွေလာတောင်းကြပေမယ့် သူ့ရဲ့ အားနည်းချက်ကြောင့် မပေးဖြစ်လိုက် ရတာ များတယ်လို့ သားညီက ပြောပြပါတယ်။
''ကျွန်တော်ရဲ့အားနည်းချက်ကတော့ ကျွန်တော့်မှာ ဇာတ်တွေမရှိတာပဲ။ ကျွန်တော်က ဇာတ်လမ်းတွေ လိုက်ရှာထားတာနည်းတယ်။ သိပ်မကျွမ်း ကျင်ဘူး။ အဲဒီတော့ ကျွန်တော့်ကိုလာပေးတဲ့ ဇာတ်မျိုးရိုက်တတ်တယ်။ ကိုယ့်ဘာသာကိုယ် ဇာတ်ရှာပြီးတော့ သွားမပြတတ်ဘူး။ ကျွန်တော့်ရဲ့ အားနည်းချက်ကတော့ အဲဒါပါပဲ''လို့သားညီကရှင်းပြပါတယ်။
ထက်လူလူ
Popular News

အွန်လိုင်းကျေးရွာ. Powered by Blogger.