အံ့ဖွယ်ဗေဒင်ဆရာမကြီး ETအကြောင်း ထိုင်းရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးပြီးစီးပြီ
Posted on Wednesday, October 24, 2012
|
No Comments

အောက်တိုဘာလ ၁၂ရက်နေ့ ညနေ ၅နာရီ ခွဲ မှာတော့ ရန်ကုန်ကို ပြန်ရောက်ခဲ့ကြပြီး စည်ဖြိုးတို့နဲ့အတူထိုင်းနိုင်ငံမှ သတင်းထောက် အယောက်၂ဝ လိုက်ပါ လာခဲ့ကြပါတယ်။ ည ၇နာရီခွဲမှာ ထိုင်းသံအမတ်ကြီးရဲ့ ဖိတ်ကြား ချက်ကြောင့် ထိုင်းသံရုံးမှာ ဂုဏ်ပြုပွဲ တစ်ပွဲပြုလုပ် ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားမှာ Extraordinary Gift ဇာတ်ကားကို မိတ်ဆက်ပေးရင်း ဇာတ်ဝင်ခန်း တချို့ ကိုပါ ပြသခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆရာမETအပါအဝင် ဆရာမ ET တို့ မိသားစုနဲ့အတူ ဒီဇာတ်ကားရဲ့ ကျရာဇာတ်ရုပ် တွေမှာ ပါဝင်သရုပ်ဆောင်ထား သူများက သူတို့ သရုပ်ဆောင် တဲ့ဇာတ်ရုပ်ကို မိတ်ဆက်ပေးပါတယ်။ ဆရာမ ET နေရာမှာ သရုပ်ဆောင်တဲ့မင်းသမီး NITILTAN CHAWPAYAK က ဆရာမ ရဲ့နေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရရချင်း ဆရာမကို ကြည်ညိုလွန်းလို့ လက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြောတဲ့အတွက် ဆရာမ ET ကိုယ်တိုင်က ပီတိ မျက်ရည် တွေကျခဲ့ရပါတယ်။ တခြားသရုပ်ဆောင်တွေ ကလည်း အသီးသီးပြောကြားပြီး ဆရာမETတို့ မိသားစုကလည်း ကျေးဇူးတင် စကားများ ပြန်လည်ပြော ကြားကာ ဆရာမ ETတို့ မိသားစု အတွက် အမှတ် တရဖြစ်ခဲ့တဲ့ပွဲ တစ်ပွဲဖြစ်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဆရာမETက ပွဲ တက်ရောက်လာတဲ့ ဧည့်သည်တွေ အတွက်ဆုတောင်း မေတ္တာ ပို့သပေးခဲ့ ပါတယ်။ ရုပ်ရှင်လာရောက် ရိုက်ကူးရာမှာ အစစအရာရာ စီစဉ်ပေးခဲ့ကြတဲ့ Ever Top ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒေါ်သီသီဝင်းနဲ့ တွဲဖက် ဒါရိုက်တာအဖြစ် ပါဝင်ခဲ့သူ သရုပ်ဆောင် စည်ဖြိုးရဲ့ မိခင်ဖြစ်သူက "အောက်တိုဘာ၁၃ရက်နေ့ မနက် မှာတော့ ရွှေတိဂုံဘုရားမှာ ဒေါ်လာတစ်ထောင့်ငါးရာလောက် တန်ဖိုး ရှိတဲ့ ဘုရားတစ်ဆူကို Pasangyasorn နဲ့ Ever Top (ET & T) ကလှူတယ်။ ဒီဇာတ်ကားကြီးပြီးမြောက်ခြင်း အတွက် အောင်ပွဲခံတယ်။ ၁၂ရက်နေ့ညက ထိုင်းသံရုံးမှာ ကျင်းပတဲ့ ဂုဏ်ပြုပွဲမှာ ဆရာမလည်း ပီတိမျက်ရည် ကျခဲ့ရ တယ်။ ကျွန်မရဲ့ အိပ်မက်ဖြစ်တဲ့ ကျွန်မရဲ့ ကျေးဇူးရှင်မိဘနှစ်ပါးပြီးရင် သူက လည်း ကျွန်မရဲ့ ကျေးဇူးရှင်ပါပဲ။ ကျွန်မကလည်း မိဘတွေ ကို ကျေးဇူး ဆပ် သလို သူကိုလည်း ကျေးဇူးပြန်ဆပ်ချင်တယ်။ သူကလည်း မိဘတွေလိုမျိုး မိဘဂိုဏ်းဝင် တစ်ယောက်လိုပါပဲ။ သူ့ကို ကျေးဇူးဆပ်ချင်တော့ ထိုင်းနိုင်ငံက ချီးမြှင့်တဲ့အကယ်ဒမီ ၃၅ ဆုရ ဒါရိုက်တာ Dr.NIRATTISAI KULJAREUK နဲ့ Ever Top ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးနဲ့ပေါင်းပြီး ဒီဇာတ်ကားဖြစ်မြောက်အောင် ရိုက်ကူး လိုက်တယ်။
အခုလည်း အောင်မြင်သွားပါတယ်။ ဇာတ်လမ်းကလည်း တအားကောင်းပါတယ်။ ဆရာမနေရာကနေ သရုပ်ဆောင်တဲ့ မင်းသမီး ကိုယ်တိုင်က စိတ်မကောင်းဘူး။ သူကဒီဇာတ်ကားမှာ ဒီလိုအိုက်တင်နဲ့ လက်တွေ ခြေတွေဖြစ်အောင် ၂လလောက် အချိန်ယူပြီး ကျင့်ရတယ်။ သူက နာမည်ကြီး ရုပ်ရှင် မင်းသမီးပါ။ သူကဆရာမကို တအားလေးစားကြည်ညိုလို့ ချက်ချင်း လက်ခံလိုက်တယ်။ ဒါပေမဲ့ သူလက်တွေ၊ ခြေတွေနဲ့လေ့ကျင့်တဲ့ အခါမှာ တစ်ခုခုအမှားပါ သွားမလားဆိုပြီး စိတ်ပူပြီးတော့ ပန်းတွေယူလာပြီး ဆရာမကို တောင်းပန်တယ်။ ဒီဇာတ်လမ်းလေးကို ပထမဦးဆုံး ထိုင်းနိုင်ငံမှာ အရင်လွှင့်မယ်။ ထိုင်းနိုင်ငံမှာ လွှင့်ပြီးရင် ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း လွှင့်မယ်။ ကမ္ဘာကိုလည်း လွှင့်မယ်။ မြန်မာနိုင်ငံမှာလွှင့်ဖို့ကို ကျွန်မချန်နယ် တွေနဲ့ ဆက်သွယ်ဖို့လည်း စီစဉ်ထားပါတယ်"လို့ဆိုပါတယ်။
Ever Top ထုတ် လုပ်ရေးမှ သရုပ်ဆောင် စည်ဖြိုးကလည်း ''ဒီဇာတ်ကားပြီးတဲ့အချိန်မှာ တကယ်ပဲ ဝမ်းသာပီတိဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေ အားလုံးက ကိုယ့်ဘဝအတွက် ကိုယ်အသက်ရှင်နေကြတယ်။ ဒါပေမဲ့ ဆရာမ ET ကျတော့ လူမှန်းသိတတ်တဲ့ အရွယ်ကတည်းက မစွမ်းမသန် အမျိုးသမီး တစ်ယောက်ဖြစ်နေသည့် တိုင်အောင် သူက အများကောင်းစားဖို့ အတွက် အသက်ရှင်သန် နေထိုင် တယ်။ အဲဒီလိုလူမျိုး ကမ္ဘာမှာ ရှိသေးတယ် ဆိုတာ ကမ္ဘာကသိအောင် ပြသခွင့်ရတဲ့ အတွက် ကျွန်တော်ဝမ်းသာ ပီတိဖြစ်မိတယ်။ ဒီဇာတ်ကားကို ကြော်ငြာ သဘောမျိုးပြ တဲ့အခါမှာလည်း ကြည့်ရတာ အားရကျေနပ်မှု ရှိတယ်။ ဘာလို့လဲဆိုတော့ ဆရာမ ET နေရာ မှာ သရုပ်ဆောင်တဲ့ မင်းသမီး ကလည်း ပီပြင်မှုရှိတယ်။ သူတို့ရဲ့ ရင်ထဲမှာလည်း တကယ်စိတ်ရင်း စေတနာထားပြီး သရုပ်ဆောင်ကြတော့ တကယ့်အပြင် မှာဖြစ်နေတဲ့ လူတွေ သရုပ်ဆောင် ထားသလို ပီပြင်ပါတယ်။ ကျွန်တော်တို့ ရုပ်သံလိုင်းတစ်ခုကနေ စီစဉ်ပြီး Audition လုပ်ပြီးသွားလို့ရှိရင် သူတို့ ချန်နယ်တွေကို ပေးပြီးတော့ လွှင့်ဖြစ်မှာပါ။ အဲဒါပြီးသွားရင် ကျွန်တော်တို့ စဉ်းစားထားတာက အခွေတွေ ထွက်သလိုမျိုးပဲ ပြန်ထုတ်ဖို့ စိတ်ကူးထားတယ်။
ဒီဇာတ်ကားလေးက ဆရာမ ET အတွက် မှတ်တိုင် လေးတစ်ခုပါပဲ။ ကျွန်တော်တို့ လူမှန်းသိတတ်စအရွယ် ကလေးကတည်းက ကျွန်တော်တို့ မိသားစုဝင် အားလုံး၊ တစ်မျိုးလုံးတစ်ဆွေလုံး ကို မစွမ်းမသန်ဖြစ်တဲ့ ဆရာမ ET က တာဝန်ယူခဲ့တယ်။ အဲဒီကတည်းက ကျွန်တော်က ကျေးဇူးဆပ်ဖို့ စဉ်းစားခဲ့ပါတယ်။ အခု ကိုယ် နားလည်တဲ့ အလုပ်တစ်ခုနဲ့ ပြန်ပြီးကျေးဇူးဆပ်ရတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ပိုပြီး ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဆရာမ ET ရဲ့အိပ်မက်ကတော့ သူ့ရဲ့ အတ္ထုပ္ပတ္တိလေးရေးပြီး စာအုပ်အဖြစ်ထားခဲ့ချင်တယ်။ ဒါပေမဲ့ အခုလိုရုပ်ရှင်ဇာတ်ကားဖြစ်သွားတဲ့ အခါသူလည်း အတိုင်းထက်အလွန် ဝမ်းသာနေပါ တယ်။ အောက်တိုဘာ ၁၃ရက်နေ့ မနက် ၇ နာရီမှာတော့ Extraordinary Gift ဇာတ်ကား ပြီးမြောက်ခြင်း အထိမ်းအမှတ် အဖြစ် ရွှေတိဂုံ စေတီတော် အောင်မြေမှာ ဘုရားရှိခိုးကြကာ ရွှေတိဂုံ စေတီတော်တွင် ရုပ်ပွားတော်တစ်ဆူ လှူဒါန်းခဲ့ကြပါတယ်။ ရွှေတိဂုံဘုရား အောင်မြေမှာ ဘုရားရှိခိုးကြကာ စေတီတော် ပရဝဏ် အတွင်း ရုပ်ပွားတော် တစ်ဆူ လှူဒါန်းခဲ့ကြ ပါတယ်။ နေ့ခင်း ၁ နာရီမှာတော့ ဇာတ်ကား စတင်ရိုက် ကူးဖို့ ကန်တော့ပွဲပေးစဉ်က ခြောက်ထပ်ကြီးဘုရားမှာ ကန်တော့ခဲ့ကြသလို ဇာတ်ကားအပြီးမှာလည်း ခြောက်ထပ်ကြီးဘုရားမှာ ပင် ထပ်မံကန်တော့ခဲ့ကြပါတယ်။
http://yoyarlay.com/entertainment/movie/31677-et
Post a Comment