> > ဆယ်ကျော်သက် အရွယ် အိပ်မက်က အဆိုတော်ပဲ ဖြစ်ချင်ခဲ့တဲ့ အောင်လ

ဆယ်ကျော်သက် အရွယ် အိပ်မက်က အဆိုတော်ပဲ ဖြစ်ချင်ခဲ့တဲ့ အောင်လ

Posted on Saturday, January 19, 2013 | 2 Comments

Aunglaလူတိုင်း လူတိုင်းမှာ ဆယ်ကျော်သက် ဘ၀က ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ ရှိခဲ့ ကြမယ် ထင်ပါတယ်။ တခိျု့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူး အတိုင်း ဖြစ်ခဲ့တာ ရှိသလို၊ တခိျု့လည်း စိတ် ကူးနဲ့ ထပ်တူ မကျတဲ့ လက်တွေ့ ဘ၀ကို ရောက်နေကြရတာ တွေရှိ ပါတယ်။
ဆယ်ကျော်သက် အရွယ်တုန်းက ဖြစ်ချင်ခဲ့တာ ဘယ်လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ ဆယ်ကျော်သက် ဘ၀က စိတ်ကူးတွေ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ အိပ်မက်ကို အကောင် အထည် ဖော်နိုင်ခဲ့တယ် ဆယ်ကျော်သက် အရွယ်ကတည်းက ကျွန်တော် မက်ခဲ့တဲ့ အိပ် မက်က တစ်ခုတည်းပဲ။ အဆိုတော် တစ်ယောက် ဖြစ်ချင်တယ် ဆိုပြီးတော့ပေါ့။ အခုအချိန်မှာ ကျွန်တော့် အိပ်မက်တွေ အကောင်အထည် ပေါ်ပြီး တကယ် ဖြစ်လာခဲ့ ပါပြီ။
လွတ်လပ်စွာနဲ့ ဖြတ်သန်းခဲ့ တယ် ငယ်ငယ်လေး ကတည်းက လွတ်လွတ် လပ်လပ်ပဲ နေခဲ့ရတယ်။ ကျွန်တော့်ကို ထိန်းချုပ်တာလည်း မရှိဘူး။ မိဘတွေက အရာရာကို ကျွန်တော့် စိတ်ကြိုက် ပေးလုပ်ခဲ့ပါ တယ်။ မိဘတွေ ထိန်းချုပ်တာ ခံရတယ် ဆိုကတည်းက မိဘတွေက ငါတို့ လက်အောက်က ထွက်လို့ မရသေးဘူး ဆိုပြီး စိတ်ပူတဲ့ သဘောပေါ့။ အဲဒါကြောင့် ကိုယ့်ကို မိဘတွေ ယုံကြည်အောင် လုပ်ပြသင့်တယ်။ ဒါဆို မိဘတွေက လွှတ်ပေးပြီး လုပ်ချင်တာကို လုပ်ခွင့် ပေးမှာပါ။
ပုံသေဘောင်တွေ ခတ်ရင် ပြဿနာတွေ ရှိလာမယ် ဒီခေတ်မှာ အကုန်လုံးက မျက်စိပွင့်၊ နားပွင့်တွေ ဖြစ်ကုန်ကြပြီ၊ အရင်တုန်းကလိုမျိုး သိပ်စိုးရိမ်စရာ မရှိတော့ဘူး။ မိဘက သားသမီးကို လွှတ်ပေးလိုက်မှ သားသမီး အနေနဲ့ ကိုယ့် တိုးတက်ရာ တိုးတက်ကြောင်း နဲ့ ကိုယ့် ၀ါသနာကို အကောင်အထည် ဖော်ပြီး လုပ်နိုင်မယ်။ မိဘက အမြဲတမ်း ပုံသေကြီး ဘောင်တွေ လိုက်ခတ်နေမယ်ဆိုရင် သားသမီးရဲ့ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ မိဘရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒ သဘောထားခြင်း မတူတဲ့အခါ အထင်အမြင် လွဲမှားမှုတွေ၊ ပြဿနာတွေ ရှိလာနိုင်တယ်။
အဆိုးထဲက အကောင်း ကိုယ့်စိတ်နဲ့ကိုယ် လျှောက်တဲ့ အခါ လမ်းမှားလည်း ရောက်မလို ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေက ကိုယ့် ဘ၀အတွက် အထောက်အကူနဲ့ အတွေ့အကြုံတွေ အဖြစ် ပြန်ရရှိ ခဲ့ပါတယ်။ ပြောရရင် အဆိုးထဲက အကောင်းပေါ့။ ဇွဲသာရှိမယ်ဆိုရင် လောကမှာ ကိုယ် ဖြစ်ချင်တာကို ဇွဲရှိရှိနဲ့ တကယ် ကြိုးစားပြီး သေသေချာချာ လုပ်မယ်ဆိုရင် ဘာမဆို ဖြစ်နိုင်ပါတယ်။
တယော
8 Days

Comments:2

စံပယ်ချို said...

အောင်လ အကြောင်းလေးကိုခံစားဖတ်ခဲ့ပါတယ်

Anonymous said...

Should you also are an undesirable creditor is always recommended as compared to the use made in the physical industry. This funds that you just get in certainly can be utilized for just about any of your educative needs. After meeting these referred to preconditions, you have not in order to manage any bothersome processes in an effort to apply for these financing options! instant same day loans An additional sacrifice it's likely you have vehicle, mend, their limited terms preclude the accumulation with too much fascination (i.

အွန်လိုင်းကျေးရွာ. Powered by Blogger.