> > လက်သည်းအရှည်ထားသူများ ပိုမိုလှပစေရန်

လက်သည်းအရှည်ထားသူများ ပိုမိုလှပစေရန်

Posted on Wednesday, July 11, 2012 | No Comments

လက်သည်းအရှည်ထားသူများ ပိုမိုလှပစေရန်လက်သည်း ဆိုးဆေး ကြာရှည် ခံအောင်
လက်သည်းနီ အရောင် ဆိုးမယ်ဆိုရင်ပိုပြီးကြာ ရှည်ခံကာ၊ လှပတဲ့အရောင်ဖြစ်နေစေဖို့အတွက် လက် သည်းကို သန့်ရှင်းအောင် ပြုလုပ်ထားဖို့လိုပါတယ်။ သန့်ရှင်းပြီး ချော့မွေ့နေတဲ့ လက်သည်းပေါ်မှာ လက် သည်းနီဆိုးတာကြောင့် ညီညာမှုရှိပြီး၊ တိကျလှပတဲ့ အရောင်ကိုလည်း ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းနီမဆိုးခင် လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောကာ ခြောက်အောင်သုတ်ပြီးမှ ဆိုးပါ။
လက်သည်းအရောင်စွန်းထင်မှု ကင်းအောင်
လက်သည်းနီကို ဖျက်ပြီးချိန်မှာ လက်သည်းအ ရောင်စွန်းထင်နေသေးရင်၊ လက်သည်းဖျက်ဆေးကို ဂွမ်းဖတ် အသန့်တစ်ခုမှာ သုတ်လိုက်ပြီး လက်သည်း ပေါ်ကို ပွတ်တိုက်ပါ။ ပြီးရင် လက်ကိုလိမ်းတဲ့ လိုးရှင်း တစ်မျိုးသုံးပေးပါ။
လက်သည်းနီထပ်ဆိုးမယ်ဆိုရင်
လက်သည်းပြောင်အောင်ဆိုးတဲ့ nail polish ကိုအရင်ဆုံးဆိုးပြီး နှစ်မိနစ်ခန့် ခြောက်အောင်ထားပြီးမှ အရောင်တစ်မျိုးကို ထပ်ဆိုးကာ နှစ်မိနစ်ထားပြီး အပေါ်က nail polish ကိုထပ်ဆိုးလိုက်ပါ။
လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်ပါ
တချို့တွေက လက်သည်းကိုက်တတ်တဲ့ အကျင့် ရှိတတ်ကြပါတယ်။ လက်သည်းကိုက်တတ်တဲ့ အကျင့် ကြောင့် လက်သည်းပျက်စီးနိုင်ပြီး လက်သည်းနီ ဆိုး ထားတာလည်း အလွယ်တကူပျက်သွားစေပါတယ်။ ဒါကြောင့် ဒီအကျင့်ကိုဖျောက်ပြီး နောက်ထပ်ကောင်း တဲ့အကျင့်တစ်ခုရအောင် ပြောင်းလဲယူပါ။
အရောင်နုလေးတွေသုံးပါ
ဂျယ်လီလို အရောင်လေးတွေဖြစ်တဲ့ ပန်းရောင်၊ လိမ္မော်ရောင်နဲ့ ကြည်ပြာရောင်လေးတွေဟာ သင့် လက်သည်းကို ကြည်လင်လှပနေစေတဲ့ အရောင်ဖြစ် တဲ့အပြင် လက်သည်းဆိုးရတာလည်းလွယ်ကူပါတယ်။ လက်သည်းနီဆိုးပြီး စက္ကန့် ၃၀လောက်နဲ့ ခြောက် သွေ့သွားတတ်ပြီး နှစ်ပတ်လောက်ကြာတဲ့အထိ ကြာရှည်ခံတတ်ပါတယ်။
လက်သည်းတုတပ်မယ်ဆိုရင်
လက်သည်းတုတပ်မယ်ဆိုရင် လက်သည်းရဲ့အ ရောင်ကို အရောင့်ရင့်ရင့်သုံးပေးတာက သင့်လက် ချောင်းလေးတွေကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။ အနီရောင်၊ အစိမ်းရောင်နဲ့ မဲနယ်ပြာရောင်လိုတွေ ကို ခပ်ရင့်ရင့်သုံးပေးပါ။ အရောင်အရင့်တွေက လက်သည်းအတုတပ်ထားတယ်လို့ မထင်ရဘဲ မူရင်း လက်သည်းလိုပဲ လှပနေစေပါတယ်။
လမင်းလေး
Good Health

အွန်လိုင်းကျေးရွာ. Powered by Blogger.