> > နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခု

နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခု

Posted on Tuesday, July 3, 2012 | No Comments


နုပျိုလှပသူတိုင်း လုပ်ဆောင်ကြသည့် အလေ့အကျင့် ခုနစ်ခုအသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလှပနေ သူတွေ သင့်ပတ် ဝန်းကျင်မှာ တွေ့ဖူးမှာပါ။ နေ့စဉ်လိုက်နာ ကျင့်သုံးတဲ့ အလေ့အကျင့် တွေက နုပျိုလှပမှုကို ဖြစ်စေ တာပါ။ သူတို့တစ်တွေ လိုက်နာ ဆောင်ရွက်လေ့ရှိတဲ့ အလေ့အကျင့်တွေထဲက ခုနစ်ခုကို ဖော်ပြ လိုက်ပါတယ်။
၁) သဘာဝပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ အလှပြင်ပစ္စည်းတွေကို အသုံးပြုတယ်
အများစုက ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက ပိုမိုအာနိသင်ပြည့်ဝတယ်လို့ ထင်တတ်ကြ ပါတယ်။ တကယ်တော့ သဘာဝ ပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထုတ် လုပ်ထားတဲ့ အလှပြင်ပစ္စည်းတွေက သက်ကြီးအရေးကြောင်းတွေ အတွက် အမှန်တကယ် ထိရောက်မှုရှိတယ်လို့ အလှအပပညာ ရှင် ဘာဘရာကလို့က ပြောပါတယ်။ အပင်ထွက်ပါဝင်ပစ္စည်း တွေဖြစ်တဲ့ ပက်ပ်တိုက်၊ လိုက်ပိုဆုန်း၊ ဂလိုင်ကိုဆိုက် စတာတွေ က အသားအရေကို ကြည်လင်ဝင်းပတာ၊ တင်းရင်းမှုရှိတာ၊ အရေး ကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးတာ စတဲ့ အစွမ်းအာနိသင် တွေ ရှိပါတယ်။
၂) နေရောင်ကာခရင်မ် အမြဲလိမ်းတယ်
အရွယ်အိုမင်းမှုကို တားဆီးနိုင်တဲ့ ပထမဆုံးလက်နက်က နေရောင်ကာ ခရင်မ်လိမ်းတာပါလို့ ကလို့က ပြောပါတယ်။ ဇင့်နဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုက်ပါတဲ့ နေရောင်ကာခရင်မ် တွေက အသားအရေကို ယားယံမှုမရှိစေဘဲ နေရောင်ခြည်တွေ ကို အသားအရေနဲ့ မထိတွေ့အောင် လုပ်ဆောင်ပေးတာ ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ အရွယ် တင်နုပျိုနေသူတွေဟာ နေရောင်ကာခရင်မ်ကို နေ့စဉ် အသုံးပြု တတ်ကြပါတယ်။ နေရောင်ခြည်က အိုမင်းမှုကို မြန်ဆန်စေတယ် ဆိုပေမယ့် တစ်နေ့ကို နေခြည်နုနုနဲ့ ၁၀ မိနစ်လောက်တော့ ထိတွေ့မှုရှိပါမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီကို ရရှိမှာပါ။ နေခြည်နုနုရရှိဖို့ မနက် ၁၀ နာရီမတိုင်မီနဲ့ ညနေ ၄ နာရီနောက်ပိုင်းတွေမှာ အပြင်ထွက်ပါ။
၃) အင်တီအောက်ဆီးဒင့်ပါဝင်တာကို အသုံးပြုတယ်
နုပျိုသူတွေ အသုံးပြုလေ့ရှိတဲ့ အင်တီးအောက်ဆီးဒင့်ပါ ဝင်တဲ့ အသားအရေ ထိန်းပစ္စည်းတွေက ခန္ဓာကိုယ်မှာ အိုမင်းမှု ကို ဖြစ်စေတဲ့Free Radical တွေရဲ့ တိုက်ခိုက်မှုမှ တားဆီးပေးပြီး ခန္ဓာကိုယ်တွင်း ညစ်ညမ်းမှုတွေကိုပါ ဖယ်ရှားပေးပါတယ်။ နယူး ယော့ခ်မှ အရေပြားပညာရှင်က ဘလူးဘယ်ရီ၊ လက်ဖက်စိမ်းနဲ့ ဗီတာမင် အီးစတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့ အသားအရေ ထိန်းသိမ်းပေးတာတွေကို အသုံးပြုပါလို့ အကြံပေးပါတယ်။
၎) နေ့စဉ် အဆီလိမ်းတယ်
အသားအရေဝင်းပသူတွေဟာ အဆီတစ်မျိုးမျိုးကို နေ့စဉ် လိမ်းတတ်ကြပါတယ်။ အိုမီဂါ-၃ နဲ့ အိုမီဂါ- ၆ ပါဝင်တဲ့ အဆီ တွေက အရေပြားမှာ အလွှာပါးတစ်ခုအနေနဲ့ ဖုံးအုပ်ထားတာ ကြောင့် အသားအရေပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အရေပြားမှာ ရေဓာတ်ကို ထိန်းသိမ်းပေးပါတယ်။
၅) သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားတယ်
အရွယ်တင်နုပျိုစေတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တာတွေကို အရေပြားမှာ လိမ်းပေးရုံသာမက စားပေးတာက အပေါ်ယံ ရွှေမှုန်ကြဲသလို မဖြစ်စေဘဲ ခန္ဓာကိုယ်တွင်းမှ နက်နက်ရှိုင်းရှိုင်း လှပမှု ဖြစ်စေတယ်လို့ နယူးယောက်မှ အရေပြားပညာရှင် အဲလိစ် စဘတ်က ပြောပါတယ်။ သစ်သီး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေနဲ့ လက်ဖက်ရည်ကို သောက်ပေးပါ။ အပေါ် ယံဆဲလ်တွေ သေဆုံးသွားပြီး ဆဲလ်အသစ်ဖြစ်ပေါ်လာဖို့ ခန္ဓာ ကိုယ်တွင်းမှာ ကုန်ကြမ်းကို ရရှိပြီးသား ဖြစ်စေပါတယ်။
၆) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီ စားတယ်
အသားအရေ ဝင်းပစိုပြည်သူတွေက သံလွင်ဆီနဲ့ ငါးအဆီ တွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီတွေကို စားသုံးကြပါတယ်။ သင်က အဆီမှန်သမျှ ရှောင်ကြဉ်နေပါက သင့်အသားအရေ ငယ်ရွယ်နုပျိုဖို့ကို ဟန့်တားသလိုဖြစ်နေပါလိမ့်မယ်။ ကျန်းမာရေး နဲ့ညီညွတ်တဲ့ဆီတွေက အရေပြားကို အတားအဆီးတစ်ခုအနေနဲ့ ကာကွယ်ပေးရုံသာမကဘဲ အရေပြားက ရေဓာတ်ဆုံးရှုံးမှုနဲ့ ရောင် ရမ်းမှုတွေကို တားဆီးပေးပါတယ်။
၇) ယောဂကျင့်တယ်
စိတ်နဲ့ ခန္ဓာကိုယ်က ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ ယောဂကျင့်သူတွေဟာ စိတ်ပျို ကိုယ်နုကြပါ တယ်။ စိတ်ဖိစီးမှုများပါက ခန္ဓာကိုယ်က ကော်တီဇောဟော်မုန်း တွေထွက်ပြီး အိုမင်းမှုကို မြန်ဆန်စေပါတယ်။ ဒီဟော်မုန်းက အသားအရေတင်းရင်းစေတဲ့ ကိုလာဂျင်တွေကို ဖျက်ဆီးပြီး အရေးကြောင်းတွေဖြစ်စေပါတယ်။
၈) လေ့ကျင့်ခန်းလုပ်တယ်
လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှု တွေကို တားဆီးပေးတဲ့ အင်ဒေါ်ဖင်န်ဟော်မုန်း ထွက်ရှိပါတယ်။ ဒီဟော်မုန်းက အနာကျက်မြန်စေပြီး ခန္ဓာကိုယ်မှာ သွေးလှည့်ပတ် မှုကို ကောင်းမွန်စေတာကြောင့် အရေပြားဆဲလ်တွေအထိ အာဟာရ ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် နုပျိုတက်ကြွလှပ သူတွေဟာ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို အနည်းဆုံး သုံးရက် လောက် လေ့ကျင့်ခန်းပြုလုပ်တတ်ကြပါတယ်။
ပန်းနွယ်လေး(ဆေးဝါးတက္ကသိုလ်)
Good Health

အွန်လိုင်းကျေးရွာ. Powered by Blogger.