> > Broadband Wimax Service ကို ကျပ် ၄၉၅,ဝ၀ဝ ဖြင့် ရောင်းချပေးမည်

Broadband Wimax Service ကို ကျပ် ၄၉၅,ဝ၀ဝ ဖြင့် ရောင်းချပေးမည်

Posted on Tuesday, July 3, 2012 | No Comments


Red Link Company မှ ဝန်ဆောင် မှုပေးလျက် ရှိသော Broadband Wimax Service အား
မိုးရာသီ အထူးဈေးနှုန်းအဖြစ် ဇွန်လ ၂၅ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အတွင်း ကနဦးတပ်ဆင်ခနှုန်းထားအား အထူးဈေးနှုန်း ၄၉၅၀ဝ၀ ကျပ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Red Link Company မှ ဝန်ဆောင်မှုပေးသောWimax Broadband Service မှာချက်ချင်းဝယ်၊ ချက်ချင်းအသုံးပြုနိုင်ကြောင်းသိရှိရပြီးအသုံးပြုရန်အ တွက် အချိန်အတိုင်းအတာတစ်ခုအထိစောင့်ဆိုင်းရခြင်းမရှိကြောင်း သိရှိရ ကာအလွန်လွယ်ကူပြီး လျှပ်စစ်မီးရရှိရုံဖြင့်အသုံးပြုနိုင်ကြောင်းသိရှိရသည်။
လူတန်းစားမရွေးအသုံးပြုနိုင်အောင်ဆောင်ရွက်ထားပြီးအထူးဈေးနှုန်း များဖြင့်ရောင်းချလျက်ရှိသော Broadband Wimax Service မှာဖုန်း လိုင်းရှိစရာမလို၊ တိုင်ထောင်အသုံးပြုစရာမလိုဘဲ ရန်ကုန်တိုင်းဒေသကြီး အတွင်း အလွယ်တကူအသုံးပြုနိုင်ပြီး ငွေသွင်းပြီးသည့် အချိန်မှ မိနစ်ပိုင်း အတွင်းချက်ချင်းအသုံးပြုနိုင်ခြင်း၊Service Plan များမှာလည်းအသုံးပြု သလောက်သာပေးဆောင်ရခြင်း၊ အိမ်သုံးမိသားစုသုံးများအတွက် ကုန်ကျ စရိတ်သက်သာသော Customer Plan နှင့်လုပ်ငန်းသုံး Corporate Plan များသတ်မှတ်ပေးထားခြင်း၊ သုံးစွဲမှုအခက်အခဲများအတွက်လည်း 24 hours x 7 days Call Center များထားရှိပေးခြင်းစသည်ဖြင့်သုံးစွဲ သူများ အဆင်ပြေစေရန်ဆောင်ရွက်ထားကြောင်းသိရှိရသည်။
ထို့ပြင် ဝယ်ယူရာတွင်လည်းအဆင်ပြေစေရန်အတွက်Redlink Communication Co.,Ltd ၏ အရောင်းစင်တာများဖြစ်သော ပုလဲကွန်ဒို အဆောင် A မြေညီထပ်၊ BAK IT Mall ပထမထပ်၊Gadamar Whole sale မြေညီထပ်၊ Junction Square တို့အပြင်တရားဝင်အရောင်းဆိုင်ကြီး များဖြစ်သောTechnoland Computer, ICE Computer, Smart Computer, Unique Computer, KMD Computer, ABC Computer, Radiances Computer, Access Spectrum Computer နှင့် Sein Gayhar Supermarket များတွင်ပါ ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ရက်နေ့အတွင်းလျှောက်ထား ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

အွန်လိုင်းကျေးရွာ. Powered by Blogger.