> > ဒုဝန်ကြီး ၆ ဦးကို ၀န်ကြီး ဌာနများ ပြောင်းလဲ တာဝန်ပေး

ဒုဝန်ကြီး ၆ ဦးကို ၀န်ကြီး ဌာနများ ပြောင်းလဲ တာဝန်ပေး

Posted on Wednesday, July 11, 2012 | No Comments


ဒုဝန်ကြီး ၆ ဦးကို ၀န်ကြီး ဌာနများ ပြောင်းလဲ တာဝန်ပေးနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် လက်ရှိ ဒုဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေသော ၀န်ကြီး ၆ ဦးကို ၀န်ကြီးဌာန များပြောင်းလဲတာဝန် ပေးခဲ့ကြောင်းအမိန့်ကြော်ငြာ ချက်ကို နိုင်ငံတော် သမ္မတရုံးက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးသန့်ရှင်းကို သမ္မတရုံးဝန်ကြီးဌာန(၁)၏ ဒုဝန်ကြီးအဖြစ်၊ မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးချန်မောင်ကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးဝင်းရှိန် ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်၊ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဟန်စိန်ကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းသန်းကို ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမျိုးမြင့်ကို ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် အသီးသီးတာဝန်များ ပြောင်းလဲပေးအပ်ခဲ့သည်။
နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၂) ဖြင့် ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ ပုဒ်မခွဲ(က) (ဃ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ (ခ)၊ ပုဒ်မခွဲငယ်(၉) တို့အရ ဒုဝန်ကြီးများကို ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
7Day News

အွန်လိုင်းကျေးရွာ. Powered by Blogger.