> > မြန်မာ့ ပို့ကုန် တင်သွင်းခွင့် တစ်နှစ် ပိတ်ပင်ရန် အမေရိကန် လွှတ်တော် နှစ်ရပ်လုံး အတည်ပြု

မြန်မာ့ ပို့ကုန် တင်သွင်းခွင့် တစ်နှစ် ပိတ်ပင်ရန် အမေရိကန် လွှတ်တော် နှစ်ရပ်လုံး အတည်ပြု

Posted on Sunday, August 5, 2012 | No Comments


မြန်မာ့ ပို့ကုန် တင်သွင်းခွင့် တစ်နှစ် ပိတ်ပင်ရန် အမေရိကန် လွှတ်တော် နှစ်ရပ်လုံး အတည်ပြုမြန်မာ နိုင်ငံတွင်း ဆောင်ရွက်နေသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်များ ရှေ့တိုး ဆောင်ရွက်နိုင်ရေး တွန်း အားပေး နိုင်ရန် အမေရိကန် နိင်ငံသို့ မြန်မာပို့ကုန် သွားတင်သွင်းခွင့်ကို တစ်နှစ်ထပ်မံ ပိတ်ပင်သွားရန် လွတ် တော် နှစ်ရပ်လုံးက အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံတွင်း ဆောင်ရွက်လျက် ရှိသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကို ထောက်ခံ အားပေး သော်လည်း တိုးတက်မှုများ ဆက်လက် ဆောင်ရွက်ရေး တွန်းအားပေး နိုင်ရန်အတွက် ပို့ ကုန်တင်သွင်းခွင့်ကို တစ်နှစ်ဆက် လက် ပိတ်ပင်ခြင်း ဖြစ်ကြောင်း လွတ်တော် ကိုယ်စားလှယ်များက ပြောကြားသွားသည်။ သို့ သော်လည်း နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များ တိုးတက် လာသည်နှင့်အမျှ ပိတ်ဆို့ အရေးယူမှုများကို လုံးဝ ဖယ်ရှား ပေးသွားမည် ဖြစ်ကြောင်း အထက်လွတ်တော် ရီပတ်ဘလစ်ကန်ပါတီအဖွဲ့ ခေါင်း Mitch McConnell က ထုတ်ဖော် ပြောကြားသွားသည်။ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ချင်း ပြန်လွှတ်ရေး၊ လူမျိုးစုဒေသများရှိ တိုက်ခိုက်မှုများ ကို ရပ်ဆိုင်းရေးနှင့် စစ်မှန်သော ဒီမိုကရက်တစ် ပြုပြင် ပြောင်းလဲရေးဖြစ်စဉ် ဖော်ဆောင်ရေး စသည့်အချက် များကို အမေရိကန် ပြည်ထောင်စုက လိုလား ထောက်ခံကြောင်း ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ် Joe Crowley က ထုတ်ဖော် ပြောကြားသွားသည်။ အမေရိကန် ပြည်ထောင်စုတွင်းသို့  မြန်မာနိုင်ငံမှ ပို့ ကုန်များ တင်ပို့ မှုကို ယခုကဲ့သို့ ဆက်လက် ပိတ်ပင် လိုက် သော်လည်း မြန်မာနိုင်ငံသို့ အမေရိကန် ကုမ္ပဏီများ ၀င်ရောက် ရင်းနှီးမြှပ်နှံခွင့်ကို ဇူလိုင် ၁၁ ရက်နေ့ မှ စတင် ခွင့်ပြုပေးခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး နယ်ပယ် အတွင်းသို့ ပြိုင်ဘက် ဥရောပနှင့် အာရှ နိုင်ငံများက စတင် ၀င်ရောက်လျက်ရှိ ခြင်းကြောင့် စီးပွားရေး ပိတ်ဆို့ မူများကို ထပ်မံဖြေလျှော့ပေးရန် အမေရိကန် စီးပွားရေး လုပ်ငန်းများက အစိုးရ အဖွဲ့ကို ဖိအားပေး တောင်းဆို နေကြသည်။
The Voice Journal

အွန်လိုင်းကျေးရွာ. Powered by Blogger.