Home > August 2012

August 2012

မင်းသား ၆ယောက်၊ မင်းသမီး ၆ယောက်နဲ့ ဟာသ ကားကြီး ရိုက်မယ့် ဒါရိုက်တာ သားညီ

Thursday, August 23, 2012 Category : 0


မင်းသား ၆ယောက်၊ မင်းသမီး ၆ယောက်နဲ့ ဟာသ ကားကြီး ရိုက်မယ့် ဒါရိုက်တာ သားညီသရုပ်ဆောင် ဒါရိုက်တာ သားညီ ရိုက်ကူးခဲ့တဲ့ 'သူမသည် မျောက် တစ်ကောင် ဖြစ်သည်' ဒီဗီဒီဇာတ်ကားကို လာမယ့် ၂ဝ၁၃ခုနှစ် မတ်လလောက်မှာ ရုံတင်ပြ သသွားမှာ ဖြစ်တယ်လို့ သားညီကပြောပြ ပါတယ်။
''အခုဆင်ဆာတွေကတော့ အားလုံးပြီးသွားပြီ။ ရုံတင်ဖို့အတွက်ကိုပဲ စောင့်နေ ရတာ။ ရုံရက်ရရင်တော့ တင်လို့ရမှာပါ။ ၂ဝ၁၃ခုနှစ် ၃လပိုင်းလောက်ထဲ မှာတော့ ရုံတင်လို့ရမှာပါ'' လို့ ပြောတဲ့သားညီက အဆိုပါ ဒီဗီဒီဇာတ်ကား အတွက် အကောင်းဆုံးဖြစ်အောင် ရိုက်ကူးခဲ့ပေမယ့်လည်း လိုအပ်တာတွေ ဆိုတာ ရှိနေမှာပဲဖြစ်သလို ကိုယ်ရိုက်ပြချင်တဲ့၊ ပရိသတ်ကို တင်ဆက်ပြ ချင်တဲ့ပုံစံလေးတွေ ကို ရိုက်ပြထားတာဖြစ်တဲ့အတွက် ပရိသတ်တွေကြိုက် လိမ့်မယ်လို့ မျှော်လင့်မိကြောင်း သားညီက ဆက်ပြောပါတယ်။
သားညီက အခုလက်ရှိမှာတော့ ဒါရိုက်တာအနေနဲ့ ရိုက်ကူးမှုသိပ်မလုပ်ဖြစ်သေးဘဲ သရုပ်ဆောင်မှု အပိုင်းကိုပဲ လုပ်ဖြစ်တာများနေတယ်လို့ ပြောပါတယ်။ ဒါရိုက်တာအနေနဲ့ ရိုက်မယ့် မင်းသား ၆ယောက်နဲ့ မင်းသမီး ၆ ယောက် ပါဝင်မယ့် ဒီဗီဒီဇာတ်ကားကို ရိုက်ကူးဖို့ အခက်အခဲတချို့ ရှိနေသေးတာ ကိုလည်း သားညီက ပြောပြလာပါတယ်။
''အဓိကက ဒီဇာတ်ကားမှာ မင်းသမီးကြီးတွေ ပါလာတာဆိုတော့ သူတို့ရဲ့ ရိုက်ရက်တွေကို ညှိရမှာရှိတယ်။ ပြီးတော့ ဇာတ်လမ်းကလည်း ဟာသ ဇာတ်ကားဆိုတော့ စိတ်တိုင်းမကျဘူး။ ကျွန်တော် လိုချင်တဲ့ပုံစံ မရသေးဘူး။ အဲဒီတော့ပြန်ရေးလိုက်၊ ပြန်ပြင် လိုက်နဲ့ လုပ်နေရတာ။ ဇာတ်ညွှန်းကိုတောင်း နေပေမယ့် ကျွန်တော်မပြီးသေးဘူး။ ရေးလိုက်၊ ပြင်လိုက်လုပ်နေရတုန်းပဲ။ ပြီးတော့ အပျိုကြီး ၆ယောက်ရဲ့ ဟာသဇာတ်လမ်းကို ရိုက်ရမှာဆိုတော့ ကျွန်တော်ရိုက်ကူးနေကျ ပုံစံမဟုတ်ဘူး။ ကျွန်တော်အမှန်တိုင်းပြောရရင် ဟာသပိုင်းကို ရိုက်ကူးရတာ သိပ် မကျွမ်းကျင်ဘူး။ အမှားပါသွားမှာလည်း စိုးရိမ်တယ်''လို့ သားညီက ရှင်းပြပါတယ်။
အဆိုပါဒီဗီဒီဇာတ်ကားကိုတော့ မိုးအကုန် ပွင့်လင်းရာသီလောက်မှာ ရိုက်ကူးသွားနိုင်ဖို့ မှန်းထားပြီး နောက် ထပ်ရိုက်ကူးမယ့် ဒီဗီဒီ ဇာတ်ကားဖြစ်တဲ့ 'ကိုယ့်သမိုင်းကိုယ်ရေးကြသူ များ-၂'ကိုတော့ နယ်ထွက်ရိုက်ရမှာဖြစ်တဲ့ အတွက် အသေးစိတ်တိုင်ပင် နေကြတယ်လို့ သားညီကပြောပြပါတယ်။သရုပ်ဆောင်ဘက် ကိုပဲဖိလုပ်ဖြစ် နေတာမျိုး မဟုတ်ပေမယ့်လည်း ဒါရိုက်တာအနေနဲ့ ရိုက်ကူးပေးဖို့အတွက်ကို ဇာတ်တွေလာတောင်းကြပေမယ့် သူ့ရဲ့ အားနည်းချက်ကြောင့် မပေးဖြစ်လိုက် ရတာ များတယ်လို့ သားညီက ပြောပြပါတယ်။
''ကျွန်တော်ရဲ့အားနည်းချက်ကတော့ ကျွန်တော့်မှာ ဇာတ်တွေမရှိတာပဲ။ ကျွန်တော်က ဇာတ်လမ်းတွေ လိုက်ရှာထားတာနည်းတယ်။ သိပ်မကျွမ်း ကျင်ဘူး။ အဲဒီတော့ ကျွန်တော့်ကိုလာပေးတဲ့ ဇာတ်မျိုးရိုက်တတ်တယ်။ ကိုယ့်ဘာသာကိုယ် ဇာတ်ရှာပြီးတော့ သွားမပြတတ်ဘူး။ ကျွန်တော့်ရဲ့ အားနည်းချက်ကတော့ အဲဒါပါပဲ''လို့သားညီကရှင်းပြပါတယ်။
ထက်လူလူ
Popular News

ဒေါ်အောင်ဆန်းစုကြည် တရား ဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌ တာဝန်ယူ

Tuesday, August 7, 2012 Category : 0



ဇူလိုင် ၉ ရက်နေ့တွင် လွှတ်တော် စတင်တက်ရန် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဧရာဝတီ)
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ လွှတ်တော် ရေးရာကော်မတီ တခုဖြစ်သည့်“တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်း ရေး ကော်မတီ” ၌ ဥက္ကဋ္ဌ အဖြစ် ပထမဆုံး တာဝန်ယူမည် ဖြစ်ကြောင်း ယနေ့ ပြည်သူ့ လွှတ်တော်တွင် ကြေညာသည်။
အဆိုပါ ပြည်ထောင်စုအဆင့် ကော်မတီတရပ်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အတွင်းရေး မှူး တာဝန်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
ကော်မတီ၏ လုပ်ငန်းတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ ၀န်ထမ်းများနှင့် မီဒီယာများ အကြား တရား ဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိမရှိကို ထိန်းကျောင်းရန်ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော် စွာက ပြောဆိုကြောင်း ကော်မတီဝင် တဦးဖြစ်သူ NLDပါတီ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
“အဓိကကတော့ တရားဥပဒေ စိုးမိုးရေးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို လုပ်မယ်၊ နောက်တခုက ဒီမဏ္ဍိုင်ကြီး လေးရပ်မှာ ဥပဒေနဲ့ အညီ လုပ်မလုပ် စစ်ဆေးမယ်၊ အားလုံး ဌာနပေါင်းစုံနဲ့ ဆက်သွယ်လုပ်ရမယ့် သဘောပါ”ဟု ၎င်းက ဆိုသည်။
ကော်မတီ၏ အသေးစိတ် ဆောင်ရွက်ရမည့်လူပ်ငန်းများကို မကြာမီ အဖွဲ့ဝင်များအကြား အစည်းအဝေးကျင်းပပြီး ကြေ ညာ မည်ဟုလည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ပြည်တွင်းထုတ် ပြည်သူ့ခေတ် ဂျာနယ် အင်တာနက်စာမျက်နှာတွင်မူ ဥပဒေစိုးမိုးရေးဆိုသည်မှာ ထိန်းချုပ်ရန် မဟုတ်ကြောင်း၊ လူ့အဖွဲ့အစည်းကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု ဖော်ပြထားသည်။
NLD ခေါင်းဆောင် ဦးဝင်းတင်ကလည်း တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆို သည်မှာ မိမိတို့ ပါတီ၏ မူလရည်ရွယ်ချက် ဖြစ်ကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးသည် လုပ်ကိုင်ရမည့် နိုင်ငံရေးတာဝန်ဖြစ် ကြောင်း ပြောသည်။
“ဒီကိစ္စကို နိုင်ငံခြားမှာလည်း ပြောတယ်၊ အပြင်မှာလည်း ပြောတယ်၊ လွှတ်တော်မှာလည်း ပြောတယ်၊ ဒီလောက်ပြောနေရဲ့သားနဲ့ အခုလို အခွင့်အရေးပေါ်လာတော့ မလုပ်လို့မရဘူး”ဟု ၎င်းက ဆိုသည်။
သို့သော် ယခုဖွဲ့စည်းသည့် အဖွဲ့အစည်းတွင် ပါတီပေါင်းစုံ၊ အယူအဆပေါင်းစုံ ပါဝင်သည့်အတွက် လုပ်ဆောင်မှုတွင် မည်မျှ အကျိုးသက်ရောက်မည် မသက်ရောက်မည်ကို မမှန်းဆနိုင်ကြောင်းလည်း ဦးဝင်းတင်က ပြောသည်။
NLD ပါတီသည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရာ လစ်လပ်နေရာ ၄၄ နေရာ တွင် ၄၃ နေရာ အနိုင်ရခဲ့သည်။
စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေများကို ဇူလိုင်လ ၄ ရက်နေ့က စတင်ကျင်းပရာ ယခု ၂၁ ရက်ရှိပြီဖြစ်၍ လွှတ်တော် သည် ပိုမို အသက်ဝင်လာပြီဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း ပြောဆိုကြောင်း သိရသည်။

 http://burma.irrawaddy.org/archives/17090

ဝေးကွာနေတဲ့သူငယ်ချင်းတွေကို ခွင့်လွှတ်ပါလို့ ပြောချင်တဲ့ အိချစ်

Monday, August 6, 2012 Category : 0


ယခု ဒီတစ်ပတ် 8 DAYS Cover Star ကို A 21 ဆပ်ပြာရဲ့ Pink angel Ambassador အိချစ် ကို သူငယ်ချင်းတွေနဲ့ ပတ်သက်တဲ့ မေးခွန်း အနည်း ငယ်ကို မေးဖြစ်ခဲ့ ပါတယ်။
အိချစ်ရဲ့ အနုပညာလှုပ် ရှားမှုက
အိချစ် မနှစ်တုန်းကA21 pink angel လုပ်ဖြစ်ခဲ့ပါတယ်။ နောက်ပြီး မဂ္ဂဇင်းတွေမှာ Photo model လုပ်ခဲ့ပါတယ်။ အခု ကျောင်းတက်နေတော့ အနုပညာ အလုပ်ကို သိပ်မလုပ်ဖြစ်ဘူး။
အိချစ် အခုတက်နေတဲ့ ကျောင်းက
ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ MBA တက်နေပါ တယ်။ အခု ဒုတိယနှစ်ရောက်နေ ပါပြီ။
အိချစ် ငယ်ငယ်လေးက ချင်းဆီက ရခဲ့တဲ့ မှတ်မှတ်ရရ ပစ္စည်းလေးက။
အိချစ်အတွက် အခုချိန်ထိ မှတ်မှတ်ရရဖြစ်နေတဲ့ပစ္စည်းလေးက သူငယ်ချင်းတစ်ယောက်က ဘာလီ ပြန်ပေးတဲ့လက်ဆောင်လေးပါ။ အဲဒီလက်ဆောင်လေးက ဘာမှ တော့မဟုတ်ပါဘူး။ ဝါးပေါ်မှာ အိချစ်အမည်ကလေး ရေးထားတဲ့ သော့ချိတ်လေးပါ။ အဲဒါ အိချစ် အတွက်အမှတ်တရဖြစ်ပါတယ်။
အိချစ် သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ် အပျက်လေးတစ်ခုက
ငယ်ငယ်က မူလတန်း ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ဆော့နေတုန်း သူငယ်ချင်းတစ် ယောက်က တွန်းလိုက်လို့ ပန်းအိုး ကို တက်ထိုင်မိလို့ ကွဲသွားတာ။ တော်တော်လေးလည်းရယ်ရ တယ်။ ပြီးတော့လည်း ပန်းအိုးဖိုး ပြန်လျော်ပေးရတယ်။ ပန်းအိုး သုံးလုံးဖိုးလောက်ပြန်လျော်ပေးရ တယ်။ ဒါပေမဲ့ ပန်းအိုးတစ်လုံးပဲ ကွဲခဲ့တာပါ။ (ရယ်လျက်)
အိချစ်ကကော သူငယ် ချင်းတွေအပေါ်မှာ ဘယ်လိုသူငယ် ချင်းမျိုးလို့ ကိုယ့်ကိုယ်ကိုယ် ထင်သလဲ။
အိချစ်က သူငယ်ချင်းတွေ ကို ကောင်းစေချင်လို့ အမုန်းခံပြီး ပြောခဲ့မိတာတွေလည်းရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် သူငယ်ချင်း ကောင်းလို့မပြောချင်ပါဘူး။ သူငယ် ချင်းတွေအပေါ် အကောင်းဆုံးသူ ငယ်ချင်းဖြစ်အောင်အမြဲကြိုးစားနေ ပါတယ်။
အိချစ်ကော သူငယ်ချင်း ရကံကောင်းတယ်လို့ထင်သလား။
အိချစ်ငယ်ငယ်လေးက တည်းက သူငယ်ချင်းရ ကံမကောင်းခဲ့ပါဘူး။ အခုနောက်ပိုင်း တော့သူငယ်ချင်းရတာ ကံကောင်း တယ်လို့ထင်ပါတယ်။
ဩဂုတ် ၅ ရက်နေ့က င်္Friendship Day ဖြစ်တော့ အိချစ်ကော အဲဒီနေ့မှာ ဘာလုပ် မယ်လို့ကော စိတ်ကူးထားသလဲ။
ဩဂုတ် ၅ ရက်နေ့ဆို တော့ အိချစ်မွေးနေ့နဲ့ သိပ်မကွာ တော့ဘူးလေ။ အိချစ်မွေးနေ့ကျမှ ပဲ သူငယ်ချင်းတွေနဲ့တွေ့ပြီး မုန့် စားကြမယ်ပေါ့။ အဲဒီလိုတော့ စိတ် ကူးထားပါတယ်။
အိချစ်က သူငယ်ချင်းတွေ နဲ့ပတ်သက်ပြီး အစွဲအလမ်းထား တတ်သူတစ်ယောက်လား။
အိချစ်က သူငယ်ချင်းအစွဲ အလမ်းထားတတ်ပါတယ်။ ကိုယ့် အပေါ်မှာ သူငယ်ချင်းတွေက တစ်ခါကောင်းခဲ့ပြီးရင် အမြဲလိုလို အမှတ်ရနေပြီးတော့ မကောင်းရင်တော့ စိတ်ထဲကနေ ထုတ်ပစ်လိုက် ပါတယ်။ နောက်တစ်ခါမလုပ်ရင် ပြီးတာပါပဲ။ သူငယ်ချင်းက သူငယ် ချင်းပဲပေါ့ဆိုပြီး ပြန်ပေါင်းတတ်ပါ တယ်။
အခု အိချစ်တက်နေတဲ့ MBA မှာကော သူငယ်ချင်း ကောင်းတွေရှိလား။
ဒီလိုပဲရှိပါတယ်။ များ သောအားဖြင့် စီနီယာ အစ်မတွေနဲ့ ပေါင်းပါတယ်။ အတန်းထဲက သူငယ်ချင်းအချို့နဲ့လည်း ပေါင်းပြီး စာအတူတူလုပ်ဖြစ်ပါတယ်။
အိချစ်ခံယူထားတဲ့ သူငယ် ချင်းဆိုရဲ့အဓိပ္ပါယ်။
သူငယ်ချင်းဆိုတာ ကိုယ် ကလည်း ယုံကြည်ရသူ၊ ပြီးတော့ လျှို့ဝှက်ချက်တွေကိုလည်း ထိန်း သိမ်းပေးတဲ့သူ၊ ပျော်တဲ့အချိန်မှာ လိုက်ပြီးပျော်ရွှင်ပေးပြီးကိုယ်စိတ် ညစ်တဲ့အချိန်မှာ ကိုယ့်ခံစားချက်တွေကိုShare လုပ်ပြီး နားလည် ပေးမယ့်သူလို့ခံယူထားပါတယ်။
အိချစ်သူငယ်ချင်းတွေကို 8 DAYS Journal ကနေတစ်ဆင့် ပြောချင်တဲ့စကားတစ်ခွန်းက။
အိချစ်နဲ့ဝေးကွာနေတဲ့ သူငယ်ချင်းတွေ၊ အခုမအားလို့ မတွေ့ဖြစ်တဲ့ သူငယ်ချင်းတွေကို ပြောချင်တာက အိချစ် ငယ်ငယ် က မသိလို့ အနိုင်ယူမိတာရှိလည်း အိချစ်ကို ခွင့်လွှတ်ပါလို့ ပြောချင် ပါတယ်။
အိချစ် Cover Star ဖြစ်ခွင့်ရတဲ့အတွက် အိချစ်ရဲ့ ခံစား ချက်လေးက
အိချစ် Friendship Day အတွက် Cover ဖြစ်ခွင့်ရတဲ့ အတွက်အရမ်းလည်း ပျော်ပါတယ်။ တခြားနေ့တွေနဲ့လည်း ဒီ Friend ship Day အတွက် Cover ရိုက်ခဲ့ ရတဲ့အတွက် ဝမ်းသာမိပါတယ်။
ကလောင်-Minnie
8 Days

နှုတ်ခမ်းစူမလေးများ စိတ်မညစ်နဲ့

Category : 1


ဆွဲမက် စရာ ကောင်းတဲ့ နှုတ်ခမ်း အလှပိုင်ရှင် လေးဖြစ်စေဖို့ အချက် အနည်းငယ် လောက်ပြောပြ ချင်ပါတယ်။ တစ်ချို့သော မိန်းက လေးတွေရဲ့နှု တ်ခမ်းလေးတွေက ရှေ့ကိုခပ်စုစုလေး အနည်းငယ် ထွက်နေတာမျိုးရှိတတ်ပါတယ်။ အဲဒီနှုတ်ခမ်းလေးတွေက နှုတ်ခမ်း ကို သေသေချာချာပုံစံတကျ ခြယ် သစရာ တတ်မယ်ဆိုရင် ဆွဲမက် ကောင်းတဲ့ချစ်စရာနှုတ်ခမ်းလေး တစ်စုံဖြစ်လာပါလိမ့်မယ်။
ဥပမာ ကင်ကာဒါရှန်လိုပေါ့။ နှုတ်ခမ်းလေး အလှပြင်ဖို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေက နှုတ်ခမ်းအစိုဘက် ထိန်းတဲ့ အဆီ၊ နှုတ်ခမ်းပုံဖော်တဲ့ခဲ တံနဲ့နှုတ်ခမ်းအရောင်တင်ဆီ၊ နှုတ်ခမ်းအောက်ခံသုတ်ဆေးတွေပါ ဘဲ။ ပထမဆုံးလုပ်ရမှာက မျက်နှာ တစ်ပြင်လုံးကို ပြောင်စင်အောင် သန့်စင်ဆေးကြောပစ်ရပါမယ်။ ပြီးရင် မိတ်ကပ်ဖောင်ဒေးရှင်းလိမ်း ပြီး နှုတ်ခမ်းကိုဆီလိမ်းပေးရပါမယ်။
လူအများစုက နှုတ်ခမ်းအလှပြင်တာကို မိတ်ကပ်လူးပြီးနောက်ဆုံး အချိန်ကျမှပြုပြင်လေ့ရှိကြပါတယ်။ တကယ်တော့ မိတ်ကပ်စလူးပြီဆို ကတည်းက နှုတ်ခမ်းကို နှုတ်ခမ်း လိမ်းဆီပေးလိမ်းထားပေးရပါမယ်။ ဒါမှသာ သင်နှုတ်ခမ်းဆိုးဆေးဆိုး တဲ့အခါ နှုတ်ခမ်းသားက နူးညံ့စို စွတ်ပြီး ကောင်းမွန်စွာဆိုးနိုင်ပါလိမ့် မယ်။
တစ်ခါတစ်ရံမှာ နှုတ်ခမ်း လိမ်းဆီမဟုတ်ဘဲ နေရောင်ခံ Suncreen တွေလိမ်းပြီးလည်း နှုတ်ခမ်းရဲ့ အစိုဘက်ကို ထိန်းသိမ်း နိုင်ပါတယ်။ မျက်နှာပြင်ပေါ်မှာ အောက်ခံ မိတ်ကပ်လိမ်းတဲ့အခါ နှုတ်ခမ်းမှာ ပေနေတဲ့ မိတ်ကပ်လေးတွေကို နှုတ်ခမ်းအောက်ခံသုတ်ဆေးလိမ်း ထားတဲ့အတွက် နှုတ်ခမ်းကိုတိုက် ရိုက်မထိပေမယ့် အဲဒီမိတ်ကပ်တွေ ကို သန့်စင်အောင်ဖျက်သင့်ပါ တယ်။ အဲဒါပြီးရင်တော့ သင့်ရဲ့ နှုတ်ခမ်းသားကို ပုံဖော်ပေးပါ။ အချို့လူတွေက အဲဒီအဆင့်မှာ မလိုအပ်ဘဲ နှုတ်ခမ်းကို အလွန်ခြောက်သွေ့အောင်လုပ်တတ်ကြ ပါ။
ကိုယ့်ရဲ့နှုတ်ခမ်းကို Lip gloss ပဲသုံးမှာလား၊Lip pencil သုံးမှာလား၊ သေချာရွေးချယ်ဆုံး ဖြတ်တတ်ရပါမယ်။Lipstick ကိုသုံးတဲ့အခါ နှုတ်ခမ်းရဲ့ အပြင် လိုင်းရောက်အောင်မဆွဲဖို့ ဂရုပြုရပါ မယ်။ နှုတ်ခမ်းသားကွပ်ဖို့ အရောင်ရွေးတဲ့အခါ သိပ်ပြီးရင့် လွန်းတဲ့အရောင်တွေမရွေးချယ်ပါနဲ့ နှုတ်ခမ်းဘောင်လွတ်တဲ့အခါ ခပ် ထူထူလေးကွပ်ပေးပါ။
အလယ်က နှုတ်ခမ်းသားအရောင်ကိုတော့ သင့်ရဲ့လက်ဝတ်ရတနာနဲ့ လိုက် ဖက်မယ့်အရောင်မျိုး ဆိုးပေးတာက ပိုလို့ဆွဲဆောင်မှုရှိစေပါလိမ့်မယ်။ နောက်ဆုံးဆင့်ကLip Concealer ကို ဘရပ်သေးသေးနဲ့နှုတ် လမ်းသားပေါ်မှာ သန့်ရှင်းမှုပြုလုပ် ပေးပါ။ မြင်တွေ့သူတိုင်းက သင့် နှုတ်ခမ်းလေးကို လတ်ဆတ်ပြီး ပါးပါးလှီးကြွပ်ကြွပ်ကြော်ထားတဲ့ အာလူးကြော်လေးလို သဘောကျ နှစ်ခြိုက်ကြပါလိမ့်မယ်။
ကေကေ
8 Days

ကွာလာလမ်ပူမှာ ပွဲဆူသွားပြန်တဲ့ Kara မလေးများ

Sunday, August 5, 2012 Category : 0


ကွာလာလမ်ပူမှာ ပွဲဆူသွားပြန်တဲ့ Kara မလေးများSNSD မချောလေးတွေနဲ့ အပြိုင်ပါပဲ။Kara ချာတိတ်မလေး ငါးဦးဟာလည်း အာရှတစ်လွှားက ဆယ်ကျော်သက်တွေရဲ့ အာရုံကို သိမ်းပိုက်ယူငင်နိုင်စွမ်း ရှိပါတယ် လို့ ဘန်ကောက်ပို့စ်က ကောင်းချီး ပေးထားတာ အကြောင်းမဲ့တော့မဟုတ်ပါဘူး။K5J Liveshow နဲ့ စင်ကာပူပရိသတ်တွေကို ဖမ်းစား ခဲ့တဲ့Kara နတ်မိမယ်လေးတွေဟာ အခု ကွာလာလမ်ပူမှာပါ လာပွဲဆူ နေတာကို ပေါ့ပ်ပရိသတ်တွေကြား ဖွပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဂူရီ၊ နီကိုးလ်၊ ဟာရာ၊ ဂျီယွန်နဲ့ ဆွန်ယွန် ချာတိတ်မလေးငါးဦးရဲ့ ပဉ္စဂံ ဂီတအဖွဲ့ဟာMTV Asia အစီ အစဉ်နဲ့ အခုလို မြို့တော်တွေမှာ ပွဲ ကြမ်းနေခြင်းပါပဲ။ အလှချင်းပြိုင် နေတဲ့ အလန်းငါးဦးထဲမှာ ဘယ် သူက အလန်းဆုံးလဲလို့လည်း ပို့စ် က မေးခွန်းထုတ်ထားပါတယ်။
ရဲသစ်
Venus News Journal

မြန်မာ့ ပို့ကုန် တင်သွင်းခွင့် တစ်နှစ် ပိတ်ပင်ရန် အမေရိကန် လွှတ်တော် နှစ်ရပ်လုံး အတည်ပြု

Category : 0


မြန်မာ့ ပို့ကုန် တင်သွင်းခွင့် တစ်နှစ် ပိတ်ပင်ရန် အမေရိကန် လွှတ်တော် နှစ်ရပ်လုံး အတည်ပြုမြန်မာ နိုင်ငံတွင်း ဆောင်ရွက်နေသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်များ ရှေ့တိုး ဆောင်ရွက်နိုင်ရေး တွန်း အားပေး နိုင်ရန် အမေရိကန် နိင်ငံသို့ မြန်မာပို့ကုန် သွားတင်သွင်းခွင့်ကို တစ်နှစ်ထပ်မံ ပိတ်ပင်သွားရန် လွတ် တော် နှစ်ရပ်လုံးက အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံတွင်း ဆောင်ရွက်လျက် ရှိသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကို ထောက်ခံ အားပေး သော်လည်း တိုးတက်မှုများ ဆက်လက် ဆောင်ရွက်ရေး တွန်းအားပေး နိုင်ရန်အတွက် ပို့ ကုန်တင်သွင်းခွင့်ကို တစ်နှစ်ဆက် လက် ပိတ်ပင်ခြင်း ဖြစ်ကြောင်း လွတ်တော် ကိုယ်စားလှယ်များက ပြောကြားသွားသည်။ သို့ သော်လည်း နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များ တိုးတက် လာသည်နှင့်အမျှ ပိတ်ဆို့ အရေးယူမှုများကို လုံးဝ ဖယ်ရှား ပေးသွားမည် ဖြစ်ကြောင်း အထက်လွတ်တော် ရီပတ်ဘလစ်ကန်ပါတီအဖွဲ့ ခေါင်း Mitch McConnell က ထုတ်ဖော် ပြောကြားသွားသည်။ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ချင်း ပြန်လွှတ်ရေး၊ လူမျိုးစုဒေသများရှိ တိုက်ခိုက်မှုများ ကို ရပ်ဆိုင်းရေးနှင့် စစ်မှန်သော ဒီမိုကရက်တစ် ပြုပြင် ပြောင်းလဲရေးဖြစ်စဉ် ဖော်ဆောင်ရေး စသည့်အချက် များကို အမေရိကန် ပြည်ထောင်စုက လိုလား ထောက်ခံကြောင်း ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ် Joe Crowley က ထုတ်ဖော် ပြောကြားသွားသည်။ အမေရိကန် ပြည်ထောင်စုတွင်းသို့  မြန်မာနိုင်ငံမှ ပို့ ကုန်များ တင်ပို့ မှုကို ယခုကဲ့သို့ ဆက်လက် ပိတ်ပင် လိုက် သော်လည်း မြန်မာနိုင်ငံသို့ အမေရိကန် ကုမ္ပဏီများ ၀င်ရောက် ရင်းနှီးမြှပ်နှံခွင့်ကို ဇူလိုင် ၁၁ ရက်နေ့ မှ စတင် ခွင့်ပြုပေးခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး နယ်ပယ် အတွင်းသို့ ပြိုင်ဘက် ဥရောပနှင့် အာရှ နိုင်ငံများက စတင် ၀င်ရောက်လျက်ရှိ ခြင်းကြောင့် စီးပွားရေး ပိတ်ဆို့ မူများကို ထပ်မံဖြေလျှော့ပေးရန် အမေရိကန် စီးပွားရေး လုပ်ငန်းများက အစိုးရ အဖွဲ့ကို ဖိအားပေး တောင်းဆို နေကြသည်။
The Voice Journal

ထိုင်းတွင် ကလေးမွေးသော အလုပ်သမများ တရားဝင် နေထိုင်ခွင့် ရမည်

Saturday, August 4, 2012 Category : 0


ထိုင်းတွင် အလုပ်လုပ်စဉ် ကလေးမွေးသော  အလုပ်သမများ တရားဝင် နေထိုင်ခွင့် ရမည်ထိုင်းနိုင်ငံတွင် အလုပ် လုပ်စဉ် ကိုယ်ဝန် လွယ်ထား ရသော တရား မဝင် ရွှေ့ပြောင်း အမျိုးသမီး လုပ်သားများသည် ကလေးနှင့်အတူ ထိုင်း၌ တရား ဝင် နေထိုင်ခွင့်နှင့် မီးဖွားခွင့် ရတော့ မည်ဖြစ်ကြောင်း ထိုင်းအလုပ် သမားရေးရာဌာန ဦးဆောင်ညွှန်ကြားရေးမှူး ပရာဝစ်ကီယန်ဖိုလ် က ပြောသည်။
သို့သော် ထိုသို့ ဥပဒေစည်းမျဉ်း အပြောင်းအလဲကို မည်သည့်အချိန်တွင် ပြုလုပ်မည်ကိုမူ မသိရသေးပေ။ ယခုသတင်းမှာ မကြာသေးမီက အလုပ်သမားရေးရာဌာန၏ ကြေညာချက် တစ်ခုဖြစ်သော ကိုယ်ဝန်ဆောင် ရွှေ့ပြောင်း အလုပ်သမများသည် မိခင်နိုင်ငံသို့ ပြန်ကာ မီးဖွားပြီးမှ လုပ်ငန်းခွင် ပြန်ဝင်ရမည်ဖြစ်ကြောင်း ကြေညာချက် ကိုအင်န်ဂျီအိုများ အပါအဝင် လှုပ်ရှားတက်ကြွသူများက ဝေဖန်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အင်န်ဂျီအိုအဖွဲ့များက ထိုအတိုင်းသာ ဆိုလျှင် ကိုယ်ဝန်ရှိ၍ မိခင်နိုင်ငံသို့ ပြန်ပို့ခံရသော မြန်မာအလုပ်သမများ၏ အခြေအနေမှာ နှစ်စဉ် ဆိုးရွားဖွယ် ရှိသည်ဟု ဝေဖန်ခဲ့သည်။
ဦးဆောင်ညွှန်ကြားရေးမှူး ပရာဝစ်က ထိုင်းအစိုးရသည် ရွှေ့ပြောင်း အမျိုးသမီးလုပ်သားများကို သက်ဆိုင်ရာ နိုင်ငံသား ဟုတ်၊ မဟုတ် စစ်ဆေးပြီးနောက် ထိုင်းတွင် အလုပ်လုပ်ခွင့်၊ မီးဖွားခွင့်နှင့် လူမှုဖူလုံရေး အစီအစဉ်အရ မီးဖွားခွင့်ဆိုင်ရာ ကူညီထောက်ပံ့မှုများ အပြည့်အဝပေးမည်ဟု ဆိုသည်။ ထိုသို့သော မိခင်များမှ မွေးသော ကလေးများသည်လည်း အလုပ်စာချုပ် ကုန်ဆုံး၍ မိခင်နိုင်ငံသို့ မပြန်ခင်အထိ ၎င်းတို့ သက်ဆိုင်ရာ သံရုံးများတွင် စစ်ဆေးခံစေပြီးနောက် ထိုင်းတွင် မိဘများနှင့် နေခွင့်ပြုမည်ဟု သိရသည်။ ခန့်မှန်းချက်များအရ ထိုင်းတွင် ယခု ဥပဒေကြမ်း အတည်ဖြစ်ခဲ့ပါက အကျိုးရှိမည့် အလုပ်သမဦးရေ တစ်သိန်းခန့် ရှိမည်ဟု သိရသည်။ ၎င်းတို့မှာ မြန်မာ၊ လာအိုနှင့် ကမ္ဘာဒီးယား နိုင်ငံတို့မှ လာရောက် အလုပ်လုပ်နေသူများ ဖြစ်သည်။
Ref: The Nation
Pyi Myanmar

ကိုဖြိုးဝေအောင် ပြန်လွတ်ပြီ

Friday, August 3, 2012 Category : 1


X2O သင်္ကြန်မဏ္ဍပ်ဗုံးဖေါက်ခွဲမှုနဲ့ သေဒဏ်ချမှတ်ထားခြင်းခံထားရသူ ကိုဖြိုးဝေအောင်အား ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် အာဏာပိုင်များက ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

၂၀၁၀ ဧပြီလ ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး မေလ ၂၀၁၂ တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော ကိုဖြိုးဝေအောင်သည် ကင်ဆာ ရောဂါလည်း ခံစားနေရပြီး အောက်ပိုင်းသေနေ၍ အင်းစိန် ဆေးရုံ တွင် ဆေးကုသ ခံနေရသူဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာက ဇူလိုင် ၃၀ ရက်နေ့ တွင် ၎င်းအား အင်းစိန်ဆေးရုံတွင် သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကားပြောကြားကာ လွတ်မြောက်ရေးလည်း ကြိုးစားပေးနေပါသည်ဟု မစ္စတာ ကင်တာနာက ပြောခဲ့သေးသည်။


 http://blog.irrawaddy.org/2012/08/blog-post_1225.html

အွန်လိုင်းကျေးရွာ. Powered by Blogger.