တပ်မတော်သား အချို့ အသတ်ခံရမှု ကေအိုင်အေထံ အစိုးရ ဖြေရှင်းချက်တောင်း
Monday, September 16, 2013 Category : မြန်မာပြည်သတင်း 2
ယင်းတိုက်ပွဲတွင် ဗိုလ်ကြီးနှင့် အခြားစစ်သည်နှစ်ဦး ကျဆုံးသည်မှာ မှန်ကန်ပြီး ယင်းကိစ္စတွင် တာဝန်ရှိသူကို ကေအိုင်အေက ဖော်ထုတ် အရေးယူပေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှတစ်ဆင့် တောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ တရားဝင် ပြန်ကြားချက် မရရှိသေးဘဲ မီဒီယာ တချို့တွင် ငြင်းချက်ထုတ် ရေးသားထားသည်ကို တွေ့ရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် သဘောတူ ထားသည့် ကေအိုင်အေ၏ သတ်မှတ်နေရာ ပြင်ပသို့ ကေအိုင်အေအဖွဲ့ တစ်ဖွဲ့ ဆက်ကြေး လာကောက်သည်ဆိုသည့် သတင်းအရ ဗိုလ်ကြီးဇော်မျိုးထက်အပါ အဖွဲ့ဝင် ၁၄ ဦးပါသည့် တပ်မတော် စစ်ကြောင်းက သွားရောက် စစ်ဆေးစဉ် ကေအိုင်အေက မိုင်းခွဲ၍ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးဇော်မျိုးထက် လက်မောင်းတွင် ဒဏ်ရာရရှိကာ လူစုကွဲပြီး အနီးနား ရွာတစ်ရွာသို့ ၃၀ ရက်နေ့တွင် ရောက်ရှိရာ ကေအိုင်အေအဖွဲ့က လာရောက် ဖမ်းဆီးကြောင်း၊ ဒဏ်ရာဖြင့် အသက်ရှင်လျက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ရွာအပြင် တောတွင်း၌ ခေါင်းဖြတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။
“တပ်က ပြန်လိုက်ရှာတဲ့အခါ ခေါင်းပြတ်နေတဲ့ ဗိုလ်ကြီးရဲ့ အလောင်းကိုတွေ့တော့ သေချာသင်္ဂြိုဟ်ပေးခဲ့တယ်။ သူတို့က ဒီတိုင်းမြေနဲ့ယက်ပြီး ဖုံးပစ်ခဲ့တာ” ဟု ၎င်းကဖွင့်ဟသည်။ ယင်းလုပ်ရပ်သည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် လုံးဝကိုက်ညီမှု မရှိဘဲ တိုက်ပွဲများ အရှိန်လျှော့ချရန် သဘောတူထားချိန်တွင် မိမိနယ်မြေ ပြင်ပကို လာရောက်ပြီး ယင်းသို့ တိုက်ခိုက်ခြင်းမှာ မသင့်လျော်သည့် လုပ်ရပ် ဖြစ်ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဗိုလ်ကြီးမျက်နှာက ရစရာမရှိဘူး။ ဓားနဲ့မွှန်းထားတယ်။ ပြီးတော့ ဗိုက်ထဲကို ခေါင်းထည့်ထားတယ်” ဟု ၎င်းကဆိုသည်။
တိုက်ပွဲဖြစ်သည့်နေရာမှာ ကေအိုင်အေနယ်မြေ မဟုတ်သည့် အပြင် ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်သည့် ဆက်ကြေး ကောက်ခံမှုမျိုး မပြုလုပ်ရန် သဘောတူညီချက်ကို ချိုးဖောက်ကြောင်း၊ ထို့အပြင် ယင်းသို့ လူမဆန်သည့် သတ်ဖြတ်မှုမှာ ငြိမ်းချမ်းရေးကို လွန်စွာထိခိုက် နစ်နာစေသည့် လုပ်ရပ်ဖြစ်သည့် အတွက် ကေအိုင်အေအဖွဲ့၏ ဖြေရှင်းချက်ကို စောင့်ကြည့် တုံ့ပြန် သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ ယင်းကိစ္စကို ကေအိုင်အိုသို့ ဆက်သွယ် မေးမြန်းရာ ကေအိုင်အေအနေနှင့် ယင်းသို့ သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်း ကေအိုင်အို/ကေအိုင်အေ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရက တရားဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြစ်ကြီးနား တွင် မေလ ၃၀ ရက်နေ့က နှစ်ဖက် သဘောတူညီထားချက်များ အရ နှစ်ဖက်တိုက်ပွဲများ ထိန်းသိမ်းလျှော့ချရန် သဘောတူထားကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ဆိုသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို/ကေအိုင်အေ ကိုယ်စားလှယ်အဖွဲ့တို့ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ အထိ မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် စီစဉ်ထားပြီး တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းကော်မတီက ပြောကြားထားသည်။

လူတိုင်း
လူတိုင်းမှာ ဆယ်ကျော်သက် ဘ၀က ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေ၊
မျှော်လင့်ချက်တွေ ရှိခဲ့ ကြမယ် ထင်ပါတယ်။ တခိျု့လည်း ကိုယ်ဖြစ်ချင်တဲ့
စိတ်ကူး အတိုင်း ဖြစ်ခဲ့တာ ရှိသလို၊ တခိျု့လည်း စိတ် ကူးနဲ့ ထပ်တူ မကျတဲ့
လက်တွေ့ ဘ၀ကို ရောက်နေကြရတာ တွေရှိ ပါတယ်။
ထိုင်းအကယ်ဒမီ
၃၅ဆု ရရှိထားသူ ဒါရိုက်တာ ဖြစ်တဲ့ ဒါရိုက်တာ Dr. NIRATTISAI
KULJAREUK ရိုက်ကူးတဲ့ Extraordinary Gift ဇာတ်ကားဟာ အခုဆိုရင် အပြီးသတ်
ရိုက်ကူးပြီးစီးသွားပြီဖြစ်ပါတယ်။ အောက်တိုဘာ ၁၂ရက် နေ့ မနက်က Ever Top
ကုမ္ပဏီမှ စည်ဖြိုးရဲ့ မိခင်ဒေါ်သီသီဝင်းနဲ့ အတူ ဆရာမET၊ စည်ဖြိုး နဲ့
ထိုင်းရုပ်ရှင်အဖွဲ့သားတွေက Air Asia နဲ့ ဘန်ကောက်ကို ခေတ္တ ထွက်ခွာပြီး
လေယာဉ်ပေါ်မှာ ထိုင်းနိုင်ငံမှ စာနယ်ဇင်း သမားများထဲက ၄ယောက်ကို ဆရာမET
ကိုယ်တိုင် ကံစမ်းမဲ ဖောက်ပေးခဲ့ပါတယ်။ ကံစမ်းမဲ ပေါက်သူ ၄ယောက်ကို ဆရာမET က
မေတ္တာလက် ဆောင် အဖြစ် ဗေဒင် ဟောပေးမှာဖြစ်ပြီး အဆိုပါအစီအစဉ်ကို
တစ်ကမ္ဘာလုံးမှ ပရိသတ်များ ကြည့်ရှုနိုင် ဖို့ ထိုင်းရုပ်သံလိုင်း ၄ခုက
၁နာရီခွဲကြာ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပါတယ်။
သရုပ်ဆောင် ဒါရိုက်တာ သားညီ ရိုက်ကူးခဲ့တဲ့ 'သူမသည် မျောက် တစ်ကောင် ဖြစ်သည်' ဒီဗီဒီဇာတ်ကားကို လာမယ့် ၂ဝ၁၃ခုနှစ် မတ်လလောက်မှာ ရုံတင်ပြ သသွားမှာ ဖြစ်တယ်လို့ သားညီကပြောပြ ပါတယ်။



SNSD မချောလေးတွေနဲ့ အပြိုင်ပါပဲ။Kara ချာတိတ်မလေး ငါးဦးဟာလည်း အာရှတစ်လွှားက ဆယ်ကျော်သက်တွေရဲ့ အာရုံကို သိမ်းပိုက်ယူငင်နိုင်စွမ်း ရှိပါတယ် လို့ ဘန်ကောက်ပို့စ်က ကောင်းချီး ပေးထားတာ အကြောင်းမဲ့တော့မဟုတ်ပါဘူး။K5J Liveshow နဲ့ စင်ကာပူပရိသတ်တွေကို ဖမ်းစား ခဲ့တဲ့Kara နတ်မိမယ်လေးတွေဟာ အခု ကွာလာလမ်ပူမှာပါ လာပွဲဆူ နေတာကို ပေါ့ပ်ပရိသတ်တွေကြား ဖွပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဂူရီ၊ နီကိုးလ်၊ ဟာရာ၊ ဂျီယွန်နဲ့ ဆွန်ယွန် ချာတိတ်မလေးငါးဦးရဲ့ ပဉ္စဂံ ဂီတအဖွဲ့ဟာMTV Asia အစီ အစဉ်နဲ့ အခုလို မြို့တော်တွေမှာ ပွဲ ကြမ်းနေခြင်းပါပဲ။ အလှချင်းပြိုင် နေတဲ့ အလန်းငါးဦးထဲမှာ ဘယ် သူက အလန်းဆုံးလဲလို့လည်း ပို့စ် က မေးခွန်းထုတ်ထားပါတယ်။
မြန်မာ နိုင်ငံတွင်း ဆောင်ရွက်နေသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်များ ရှေ့တိုး ဆောင်ရွက်နိုင်ရေး တွန်း အားပေး နိုင်ရန် အမေရိကန် နိင်ငံသို့ မြန်မာပို့ကုန် သွားတင်သွင်းခွင့်ကို တစ်နှစ်ထပ်မံ ပိတ်ပင်သွားရန် လွတ် တော် နှစ်ရပ်လုံးက အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် အလုပ် လုပ်စဉ် ကိုယ်ဝန် လွယ်ထား ရသော တရား မဝင် ရွှေ့ပြောင်း အမျိုးသမီး လုပ်သားများသည် ကလေးနှင့်အတူ ထိုင်း၌ တရား ဝင် နေထိုင်ခွင့်နှင့် မီးဖွားခွင့် ရတော့ မည်ဖြစ်ကြောင်း ထိုင်းအလုပ် သမားရေးရာဌာန ဦးဆောင်ညွှန်ကြားရေးမှူး ပရာဝစ်ကီယန်ဖိုလ် က ပြောသည်။




သီချင်း အေးအေးလေးတွေ ကိုပဲ အမြဲ ဆိုဖြစ်နေတဲ့ ဖိုးကာက အခု လတ် တလောမှာ သူ့ရဲ့ တစ်ကိုယ်တော် အခွေဖြစ်တဲ့ "အိပ်မက် (၁)အိပ်မက်(၂)" စီးရီးကို စီစဉ်နေပါတယ်။ ဒီ အခွေ ကို နောက် ၁လ၊ ၂လလောက်မှာ ထွက်နိုင်ဖို့ စီစဉ်ထားပြီး စီဒီပဲအရင်ထွက်ဖြစ်မယ်လို့ ဆိုလာပါတယ်။
စိုင်းစိုင်းခမ်းလှိုင် က ရုပ်ရှင် ကားကြီး တစ်ကား ရိုက်ဖို့ ရှိတာ ကြောင့် ဗီဒီယိုတွေ ရိုက်တာ နားထားပြီး နောက်ထွက်မယ့် သူ့ရဲ့ အခွေ အတွက် ပြင်ဆင် နေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ၊ ဂွမ်ချိုပြည်နယ် မှာ ကိုယ်ဝန် ဆောင် အမျိုး သမီးနဲ့ သူ့အမျိုး သားဟာ ကလေး မွေးဖွား ဖို့ ဆေးရုံ အသွား လမ်းခရီးမှာ ရုတ်တရက်ဗိုက်နာတာကြောင့် လမ်းမပေါ်မှာပင် ကလေးမွေးဖွားလိုက်ရပါတယ်။ ကလေးငယ် ခေါင်းထွက်စပြု လာတာနဲ့တစ်ပြိုင်နက် သူတို့အနေနဲ့ ဘာမှရွေးချယ်စရာမရှိ တော့တာကြောင့် သူမရဲ့အမျိုးသားကိုယ်တိုင် မွေးဖွားပေးခဲ့ ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့အမျိုးသားအနေနဲ့ အနီးအနားမှ သွားဆေးခန်းကို အကူအညီတောင်းခဲ့ပေမယ့် သွားဆေးခန်းမှ သွားဆရာဝန်က သူ့မှာ ကလေးမွေးတဲ့ အတွေ့အကြုံမရှိကြောင်း၊ သူ့အနေနဲ့ မီးဖွားခြင်းဆိုင်ရာဆေး ပညာကို မသင်ယူခဲ့ကြောင်း ပြောကြားခဲ့တာမို့ ဆေးရုံကား ကို စောင့်နေစဉ်အတွင်းမှာပင် သူမရဲ့ အမျိုးသားဟာ သူဝတ် ထားတဲ့ ကုတ်အင်္ကျီကိုချွတ်ကာ သားဖွားဆရာမတွေလို ပြုမူပြီး ဘေးမှကြည့်ရှုသူတွေရဲ့ အားပေးမှုနဲ့ မိမိကလေးကို အောင် မြင်စွာ မွေးဖွားခဲ့ပြီးနောက် သူနဲ့ ကလေးအမေဟာ ဆေးရုံကို ကျန်းမာရေးစစ်ဆေးဖို့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
တစ်နေ့လုံး အလုပ်မှာ ပင်ပင် ပန်း ပန်း လုပ်ခဲ့ရ၊ ကလေး တွေကို ထိန်းခဲ့ ရ၊ ကြမ်းတမ်း တဲ့ ပတ်ဝန်း ကျင် အခြေအနေ နဲ့ ထိတွေ့ခဲ့ရ.. ဒီလိုအချက်တွေကြောင့် ကျွန်မတို့ရဲ့ အသားအရေဟာ ထိခိုက် ညစ်နွမ်းနေနိုင်ပါတယ်။ ဒီလိုထိခိုက်ပျက် စီးတာ အချိန်ကြာလာရင် အသားအရေ အိုမင်းလာပြီး အရွယ်မတိုင်ခင် အိုမင်းမှု ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အ သားအရေကို ထိန်းသိမ်းဖို့ အရေးကြီးပါ တယ်။ ညဘက်မှာ အသားအရေ ထိန်းသိမ်း မှုလုပ်တာကြောင့် အရေပြားရဲ့ တင်းအားနဲ့ အရောင်ကို ကောင်းမွန်စေနိုင်ပြီး အရေ ပြားအပြစ်အနာအဆာတွေကို လျော့ကျစေ ကာ အရေပြားကို စိုပြည်တင်းရင်း လှပ စေပါတယ်။ ညဘက်မှာ အသားအရေကို ကောင်းကောင်းထိန်းသိမ်းမှုလုပ်တာကြောင့် အရေပြားကို လေဝင်လေထွက်ကောင်း စေပြီး အနာကျက်စေကာ အရေပြားကို တင်းရင်းလှပစေပါတယ်။ အောက်ပါတို့က ညဘက် အသား အရေထိန်းသိမ်းနည်းအတွက် အခြေခံအ ချက်တွေ ဖြစ်ပါတယ်။
ဒူးခေါင်း နေရာနား မှာ ညိုမည်းနေ တာမျိုး ဟာ စကတ် တိုတို ဝတ်ဆင် တတ် တဲ့ အမျိုးသမီး လေးတွေ အတွက် ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုမရှိဘဲ ဖြစ်နေတတ် ပါတယ်။ ဒါကြောင့် ဒူးနဲ့ တံတောင်တွေ ကို ဖြူဖွေးအောင် ဘေးထွက်ဆိုးကျိုး နည်းပြီး အိမ်တွင်းပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်းကို အနုပညာနဲ့ ပတ်သက်တဲ့ အကြောင်း အရာများ စပ်စု မိတဲ့အခါ....
လာမည့် စက်တင်ဘာလတွင် အမေရိကန် နိုင်ငံသို့ သွားရောက်ကာ ဆုတစ်ဆု လက်ခံရယူမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောကြား လိုက်သည်။

